
Relationship in HR Management
၀န်ထမ်းတွေ ထွက်တယ် ဝန်ထမ်းတွေမမြဲဘူး ဆို ကုမ္မဏီတွေ ခဏခဏပြောကြတယ်.
Kathryn တို့ ကုမ္မဏီမှာလည်း အခြေကျမယ်ရှိသေး ဟိုလူကထွက် ဒီလူကထွက်နဲ့ ထွက်တဲ့လူပြန်ဖြည့်လိုက်နဲ့ HR ဌာနကဘယ်တော့မှ မတည်ငြိမ်ဘူး..
Kathryn တို့ကုမ္မဏီမှာ ငယ်ငယ်လေးကတည်းက လုပ်ကိုင်ကြတဲ့ သက်တမ်း နှစ် ၂၀ ရှိတဲ့သူ ၁၀နှစ်ရှိတဲ့သူနဲ့ ၅နှစ်ပြည့်တဲ့သူတွေလည်းရှိသလို ဝင်လိုက်ထွက်လိုက်နဲ့ ၁လသား ၂လသား ၆လသားလေးတွေလည်းရှိတယ် သက်တမ်းကြာတဲ့သူတွေကျလည်း ကိုယ့်ကိုချစ်လို့ကိုယ်နဲ့ပဲလုပ်ချင်ပါတယ်ဆိုမြဲနေတတ်ကြတယ်..
ဒီကြားထဲပြသနာက လသားလေးတွေပဲ…
၀န်ထမ်းလိုလို့ Interview တွေခေါ်တယ် အလုပ်ကနားထားတဲ့သူတွေလာလျှောက်ကြသလို အလုပ်ရှိရက်နဲ့လာရောက်ကြတဲ့သူတွေလည်းရှိတယ်.. လုပ်ငန်းရှင်အချင်းချင်းလည်း တွေတဲ့အခါ ဝန်ထမ်းတွေမမြဲဘူးဆို ငြီးတွားကြတယ်..တစ်ခါတစ်လေ ကိုယ်က အရည်အချင်လေးရှိလို့ ပျိုးထောင်ပေးမယ်တွေးထားရင် ထွက်ကြပြန်ပြီ.. မိသားစုလိုထားလည်းမရ ကုမ္မဏီလိုတင်းကျပ်လည်းမရ ကြာလာတော့ HR Manager လည်း စိတ်ညစ်လာ Training Team ကလည်း ခဏခဏ သင်ပေးနေရတော့ စိတ်ကမပါဆိုတော့ ကုမ္မဏီက လိမ်ဖယ်လိမ်ဖယ်ဖြစ်နေရော HR တစ်ခုတည်းမှာတင်.. ဒီလိုနဲ့ မမြဲကြဘူးဆိုတော့ ကုမ္မဏီတွေက မြဲအောင် စာချုပ်ချုပ်ကြမယ်ပေါ့.. စာချုပ်မှာတော့ လက်မှတ်ထိုးကြပါတယ်.. လကုန်လစာထုတ်ပြီးပေါ်မလာကြဘူး.. အဘွားနေမကောင်းရတာနဲ့ .. ရွာပြန်ရမှာဆိုတာနဲ့.. ဒီလိုနဲ့ ကုမ္မဏီက ဝန်ထမ်းတွေမြဲစေဖို့ ပေါ်လစီထပ်ထုတ်ပြန်ရော.. လစာရဲ့ တစ်ချို့ငွေတွေကို စုထားပေးမယ် ၁နှစ်ပြည့်ရင်ထုတ်ပေးမယ်ပေါ့.. ကြားထဲမှာလည်းစုငွေအရှုံးခံပြီးထွက်သွားကြပြန်ရော.. ထွက်စာ၁လတင်ရမယ်ဆိုပေမယ့် အများစုကထွက်ပြီဆို မျက်နှာလွဲခဲပြစ်ထွက်ကြပြန်ရော.. လုပ်ငန်းရှင်တွေလည်းခေါင်းခြောက်လာပြန်တယ်..
HR က အရမ်းကျယ်ပြန့်တယ် ..ပညာသားအရမ်းပါတယ်.. လိမ္မာပါးနပ်ဖို့လိုတယ်…လူမှန်နေရာမှန်ထားတတ်ဖို့တွေ လူတစ်ဦးတစ်ယောက်ချင်းဆီကို ကိုင်တွယ်နိုင်ဖို့အရမ်းရေးကြီးတယ်…လုပ်ငန်းသဘောတရားနားမလည်ရင်လည်း အဆင်မပြေဘူး..ဘယ်လောက်ပဲပညာတွေတတ်ထားပါစေ.. On paper ပဲလှနေပြီး ရလဒ်ရှိမှာမဟုတ်ဘူး.. တစ်ခါတစ်ရံဘယ်သူမှမမှားဘူး အံဝင်ခွင်ကျမဖြစ်တာမျိုုးတွေလည်းတွေ့ရတတ်တယ်

ဒီနေရာမှာ Kathrynအတွေ့အကြုံအရ လုပ်ငန်းရှင်နဲ့ဝန်ထမ်းဆိုတာ ရည်းစားထားရသလိုပဲ ရည်းစားဘဝကနေ ချစ်သူုဘဝထိရောက်လာအောင်ကြိုးစားအားထုတ်ရတယ် လက်တွဲခါစမှာ တစ်ယောက်နဲ့တစ်ယောက်က အကြောင်းမသိ ဘုမသိဘမသိ အရိပ်အကဲကြည့်နေရတယ်.. လက်တွဲလို့မြဲမယ်ကြံတုန်းလည်း ခြံခုန်တတ်တယ်.. ချစ်သူဘဝကြည်နူးတုန်းရှိသေး ကြားလေသွေးဝေးကြပြန်ရော..
တစ်ချို့ ကုမ္မဏီတွေပြောတယ် သူတို့အတွက် Training တွေပေးနေတာ သင်ပေးနေတာပဲထွက်ကြတာပဲတဲ့
ရည်းစားဘဝကိုယ်လိုချင်တဲ့ပုံသွင်းတုန်းရှိသေးတယ် ပုံစံခွက်နဲ့မကိုက်တော့ ပြောင်းကြပြန်ရော..
အလုပ်ရှင်နဲ့ ဝန်ထမ်း ရဲ့ Relationship က သမီးရည်းစားထားသလိုပဲ..သူ့တစ်ယောက်တည်းကြည့်မရဘူး.. သူ့မိသားစုအခြေအနေကလည်းဆန်းစစ်ပေးရသေးတယ်.. မျက်နှာ်ပျက်နေရင်..အဆင်ပြေရဲ့လား လိုအပ်တာကူညီထောက်ပံ့ရသေးတာ .. စက်ရုပ်တွေမဟုတ်ဘူး လူတွေဆိုတော့ Emotion ရှိသေးတယ်လေ.. အလုပ်နဲ့ personal ခွဲထားပြောပေမယ့်လည်း ခံစာချက်နဲ့အသက်ရှင်ရတော့ အနည်းနဲ့အများတော့ ထိခိုက်တာပဲ..လုပ်ငန်းရှင်တွေခမျာလည်းကိုယ်ကလည်းလစာပေးထားရတယ်…သူတို့ခံစားချက်လေးကလည်းကြည့်ရသေးတယ်.. သမီးရည်းစားထားသလိုပဲ မုန့်စားရင်ကိုယ်ကလည်းရှင်းရသေးတယ်..မှာပေးတဲ့မုန့်မကြိုက်မှာလည်းစိုးရသေးတယ်.. ဒီကြားထဲ ကိုယ်ရှိနေရက်နဲ့ နောက်ထပ်ကောင်းမယ်ထင်ထာလေးတွေ့ရင် ဘဝတက်လမ်းအတွက်ဆို အင်တာဗျူးလေးဖြေကြည့် အဆင်ပြေရင် ခြံခုန်သေးတယ်.. ဘာမှမတတ်နိုင်ဘူး လက်မထပ်ထားတော့ ငေးကြည့်ရုံမှအပ…. သမီးရည်းစားလိုပဲ အနာဂတ်ကိုအရမ်းမျှော်ကြည့်မရလို့ ပစ္စုပ္ပန်ပဲကောင်းကောင်းဖြတ်သန်းနေရတယ်.. ကိုယ်နဲ့ရှိနေတုန်း တာဝန်ကျေအောင်လုပ် အဆင်ပြေအောင်နေ အများကြီးမျှော်လင့်မထားနဲ့လို့ပဲသဘောထားပြီး.. ရည်းစားဖြစ်ပြီးပြတ်သွားလည်းသူငယ်ချင်းအနေနဲ့ရှိနေသေးတယ်ဆိုတဲ့ relationship လိုပဲ.. ခုခေတ်မှာဟိုအရင်ခေတ်ကလို အုပ်ချုပ်ပုံနဲ့မရတော့တာတော့သေချာတယ်.. နားလည်မှုလေး စာနာမှုလေး..စည်းစနစ်လေးနဲ့အုပ်ချုပ်မှပဲရတော့တယ်.. Kathryn ဆိုလည်း ဘယ်လိုစိတ်ထားလဲဆို ကိုယ့်ဆီရောက်လာလို့ ၅၀ဖိုးတက်လာတယ်ဆိုရင် ကိုယ့်ဆီကနေ ၁၀၀ -၂၀၀ ထိသင်ပေးနိုင်ရမယ်.. ရှိနေတဲ့အချိန် ၁၀၀% လုပ်.. တစ်ယောက်ခြင်းဆီကို မျက်ခြေမပြတ်တော့ကြည့်ရတယ် အလုပ်လုပ်ပုံတိုးတက်လာလား.. တာဝန်ကျေလား.. အဆင်ပြေရဲ့လား.. အဖက်ဖက်ကနေ တစ်ယောက်ဆီကို ဖေးမပေးရတယ်
ရည်းစားထားသလိုပဲ Supportive ဖြစ်တဲ့ relationship မျိုး win win situation နဲ့ပဲအလုပ်လုပ်ရတယ်.. အဲလိုစိတ်ကလေးထားလိုက်တော့ အေးချမ်းလာတယ် အလုပ်လုပ်ရတာ…အလုပ်ရှင်နဲ့ ဝန်ထမ်းက ကိုင်းကျွန်းမီကျွန်းကိုင်းမီပဲ.. ဒေါ်လာ၅၀၀တန်တဲ့လုပ်သားက ဘယ်မှာအလုပ်လုပ်ဒေါ်လာ၅၀၀ရမယ် ဒါသူ့တန်ဖိုးလေ သူကိုယ်ဆီမှာလုပ်မယ်မလုပ်ဘူး မြဲမယ်မမြဲဘူးဆိုတာ ကိုယ့်အပေါ်ထားတဲ့စေတနာနဲ့ပဲသက်ဆိုင်တယ်…ကိုယ်ကအရင်မေတ္တာစေတနာပေးမှ သူ့ဆီကပြန်ရလိမ့်မယ် တစ်စိမ်းလိုပဲ ငါခိုင်းတာနင်လုပ်ငါပေးထားတာဆို ကောင်းမွန်တဲ့ရလဒ်တွေထွက်လာမှမဟုတ်ဘူး.. ဝန်ထမ်းဘက်ကလည်း လိုချင်စိတ်တွေထက် ပေးချင်စိတ်လေးအရင်ရှိမှ အလုပ်ရှင်နဲ့အလုပ်သမားမျှတမယ်..နှစ်ဖက်လုံးအယူကြီးပဲဆိုရေရှည်မှာလက်တွဲဖို့အဆင်မပြေဘူး..
သေချာတာက HR ဘယ်တော့မှမတည်ငြိမ်ဘူး..အမြဲဝင်ထွက်နေမှာပဲ…ဒါပေမယ့် နှစ်ဦးနှစ်ဖက်
ပေးချင်တဲ့စိတ်ကလေးနဲ့ အလုပ်လုပ်ရင်ပိုပြီးအဆင်ပြေလာပါလိမ့်မယ်
With Love
Kathryn
Thank u for teaching Dr.
အတွေးမြင် အသစ်တွေရပါတယ်။ကျေးဇူးပါDr.KT