Business Development
စီးပွားရေးလုပ်ငန်းတစ်ခုအတွက် Idea သစ်တွေရစေဖို့ နည်းလမ်းများ
စီးပွားရေးလုပ်ငန်းတစ်ခုမှာ လုပ်ငန်းသစ်ပဲဖြစ်နေပါစေ.. လည်ပတ်နေတဲ့ သက်တမ်းကြာနေပြီဖြစ်တဲ့ လုပ်ငန်းမျိုးပဲဖြစ်ပါစေ.. ရှေ့ဆက်ရပ်တည်နိုင်ဖို့ Idea သစ်တွေဆိုတာ အမြဲလိုအပ်ပါတယ်..‼ 🔸တစ်ချို့လုပ်ငန်တွေမှာ လည်ပတ်နေရင်းပဲ အသစ်တွေလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်. ခဏမှာမသိသာပေမယ့် ဆန်းသစ်မှုမလုပ်တဲ့အခါမှာ ရေရှည်ရပ်တည်ဖို့ခက်ခဲလာပါတယ်.. အခုလို ပြောင်းလဲအရွေ့မြန်တဲ့လုပ်ငန်းတွေမှာ ခေတ်နဲ့အညီဆန်းသစ်နိုင်ဖို့လိုအပ်ပါတယ်.. 🔸မိမိလက်ရှိလုပ်ငန်းကို ယခင်နဲ့မတူဘဲ ထူးခြားမှုပြောင်းလဲမှု လုပ်ချင်ရင်ဖြစ်စေ၊ လုပ်ငန်းချဲ့ထွင်ချင်ရင်ဖြစ်စေ Idea ကပဲ စပါတယ် မိမိလုပ်ငန်းမှာ ဆန်းသစ်မှု ထူးခြားမှုတစ်ခုခုပြုလုပ်ချင်တဲ့အခါမှာ Kathryn ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တဲ့ idea သစ်ရစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်🤝 🔹၁. မိမိလုပ်ငန်းကို လုပ်ငန်းရှင်အနေဖြင့် ပြန်မကြည့်ဘဲ. ဝယ်သူနေဖြင့် ပြန်ကြည့်ပါ.. (ဒီလိုဆို လုပ်ငန်းရဲ့ လိုအပ်ချက်တွေများစွာပြင်ရမယ့် အချက်များစွာမြင်လာပါမယ်)မိမိဆိုင်ကို စဝင်လာကတည်းက လုပ်ငန်းရှင်တစ်ယောက်အနေထက် ဝယ်သူတစ်ယောက်အနေဖြင့် ဆိုင်အပြင်အဆင်ကအစ အထားအသို ၊ ဝန်ထမ်းတွေ၏ ဆက်ဆံမှုများကို လေ့လာပါ။…
Read Moreအလုပ်စလုပ်တိုင်းမြတ်လား
စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ မှာ အမြတ်ဆိုတာ နောက်ဆုံးမှ စဉ်းစားရမယ့်အရာဖြစ်တယ် ဒီနေရာမှာ အမြတ်က အရေးမပါဘူးလားလို့မေးစရာဖြစ်လာတယ် အလုပ်တစ်ခုကို စတင်လုပ်ကြမယ်ဆိုပါစို့ အရေးကြီးဆုံးစဉ်းစားရမှာက ကိုယ့်လုပ်ငန်း ကိုယ့်ပစ္စည်းကို သုံးစွဲသူတွေ ယုံကြည်လက်ခံလာဖို့က ပထမ နောက်ပြီး တစ်ခါဝယ်ဖူးသွားတဲ့သူတွေ ထပ်မံရောက်လာဖို့ ဝန်ဆောင်မှုကလည်းလိုသေးတယ် ဝယ်သူတွေရှိလာပြီဆိုရင် ငွေဝင်လာမယ် အဲဒီငွေနဲ့လုပ်ငန်းကိုပထမဆုံးလည်ပတ်ဖို့လိုလာတယ် ကုန်ပစ္စည်းပေါ်မှာ အသားတင်အမြတ် (ဝယ်ဈေး-ရောင်းဈေး)ကတော့ မြတ်နေမယ် လုပ်ငန်းအတွက် ရင်းထားတဲ့ ဆိုင်ခန်းခတွေ ပြင်ဆင်စရိတ်တွေ ဝန်ထမ်းလစာတွေ ကြော်ငြာစရိတ်တွေ အခြားအထွေထွေအသုံးစရိတ်တွေကို ထည့်တွက်လိုက်တဲ့အခါမှာ အလုပ်သစ်တစ်ခုက အရှုံးပြဖို့များပါတယ် လုပ်ငန်းတစ်ခုတိုင်းမှာ ကနဦးအဆင့် (early stage) မှာ အရမ်းအခက်အခဲဖြစ်တယ် ဒီအဆင့်ကနေကျော်နိုင်သွားတဲ့အခါမှာ စတင်လည်ပတ်လို့ချောမွေ့လာတယ် ဈေးကွက်ထဲမှာလည်း ဆိုင်အသစ်တော်တော်များများက early stage မှာပဲ ပြန်ပိတ်သွားကြတယ် အစပိုင်းမှာ ကုမ္မဏီထူထောင်ရတာ သူများအတွက်ပိုက်ဆံရှာပေးရသလိုပါပဲ…
Read MoreRelationship in HR Management
၀န်ထမ်းတွေ ထွက်တယ် ဝန်ထမ်းတွေမမြဲဘူး ဆို ကုမ္မဏီတွေ ခဏခဏပြောကြတယ်. Kathryn တို့ ကုမ္မဏီမှာလည်း အခြေကျမယ်ရှိသေး ဟိုလူကထွက် ဒီလူကထွက်နဲ့ ထွက်တဲ့လူပြန်ဖြည့်လိုက်နဲ့ HR ဌာနကဘယ်တော့မှ မတည်ငြိမ်ဘူး.. Kathryn တို့ကုမ္မဏီမှာ ငယ်ငယ်လေးကတည်းက လုပ်ကိုင်ကြတဲ့ သက်တမ်း နှစ် ၂၀ ရှိတဲ့သူ ၁၀နှစ်ရှိတဲ့သူနဲ့ ၅နှစ်ပြည့်တဲ့သူတွေလည်းရှိသလို ဝင်လိုက်ထွက်လိုက်နဲ့ ၁လသား ၂လသား ၆လသားလေးတွေလည်းရှိတယ် သက်တမ်းကြာတဲ့သူတွေကျလည်း ကိုယ့်ကိုချစ်လို့ကိုယ်နဲ့ပဲလုပ်ချင်ပါတယ်ဆိုမြဲနေတတ်ကြတယ်.. ဒီကြားထဲပြသနာက လသားလေးတွေပဲ… ၀န်ထမ်းလိုလို့ Interview တွေခေါ်တယ် အလုပ်ကနားထားတဲ့သူတွေလာလျှောက်ကြသလို အလုပ်ရှိရက်နဲ့လာရောက်ကြတဲ့သူတွေလည်းရှိတယ်.. လုပ်ငန်းရှင်အချင်းချင်းလည်း တွေတဲ့အခါ ဝန်ထမ်းတွေမမြဲဘူးဆို ငြီးတွားကြတယ်..တစ်ခါတစ်လေ ကိုယ်က အရည်အချင်လေးရှိလို့ ပျိုးထောင်ပေးမယ်တွေးထားရင် ထွက်ကြပြန်ပြီ.. မိသားစုလိုထားလည်းမရ ကုမ္မဏီလိုတင်းကျပ်လည်းမရ ကြာလာတော့ HR Manager လည်း စိတ်ညစ်လာ Training…
Read More4 C in Business
စီးပွားရေးလုပ်ငန်းအတွက် မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် “C” ၄လုံး • Changes in business surroundings 4C 1. Circumstance (အခြေအနေ) ကမ္ဘာအနှံ့ထိုးထွက်လာသောစီးပွားရေးအခြေအနေများ၊ လူ့အဖွဲ့အစည်းအခွင့်အလမ်းများ၊ ပြောင်းလဲနေသော သတင်းအချက်အလက်များ၊ပတ်ဝန်းကျင်အခြေအနေ၊ ဈေးကွက်အခြေအနေ ကိုလေ့လာခြင်း သိရှိခြင်း တို့ဖြစ်တယ်။ အထက်ပါအချက်အလက်တွေဟာ ကိုယ့်လုပ်ငန်းကိုတိုက်ရိုက်ထိတွေ့မှုမရှိဘူးထင်ရပေမယ့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆက်စပ်မှုရှိပါတယ် ပြောင်းလဲမှုတွေထဲမှာ ရပ်တည်နိုင်ဖို့ ပြောင်းလဲမှုတွေထဲမှာ ရှင်သန်နိုင်ဖို့ အတွက် အခြေအနေတွေလေ့လာထားရမယ် ဥပမာ နည်းပညာတိုးတက်မှုတွေ ၊ သယံဇာတတွေနည်းပါးလာမှုတွေ စသဖြင့်ပေါ့ နည်းပညာတိုးတက်မှုမှာလည်း တိုးတက်လာတဲ့နည်းပညာကို ကိုယ့်လုပ်ငန်းမှာဘယ်လိုအသုံးချမယ် နောက်၅နှစ်နေရင်ရော ပြောင်းလဲမှုတွေကြားမှာ ကုမ္မဏီကိုမှန်ကန်စွာ ရပ်တည်နိုင်အောင်ဘယ်လိုပြင်ဆင်ထားရမယ် စသဖြင့် အခြေအနေတွေကိုလေ့လာပြီ ဆက်စပ်တွေးခေါ်ပြင်ဆင်ထားရမယ် ဈေးကွက်အတွင်းမှာလည်း ဈေးကွက်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့လိုတယ် ဘယ်လိုထုတ်ကုန်မျိုးကိုပြောင်းလဲထုတ်လုပ်ရမလဲ ပြိုက်ဘက်တွေက ဝယ်သူကိုဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲ စသဖြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြင်ဆင်ဖို့လိုတယ် 2.…
Read More၀ယ်သူ၏စိတ်မကျေနပ်မှုကိုဖြေရှင်းနည်း
မြန်မာနိုင်ငံသည် ပိုမိုတိုးတက်လာမည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်မှုများ၊ စိန်ခေါ်မှု များလည်း မြင့်မားလာမည်ဖြစ်သည်။ မိမိလုပ်ငန်း၏ ဈေးကွက်ဝေစု လျော့ကျမသွားစေရန်နှင့် ယခုထက်ပိုမိုဝေစုရရှိနိုင်ရန်မှာ လုပ်ငန်း တိုင်း၏မျော်မှန်းချက်ဖြစ်သည်။ မိမိလုပ်ငန်း၊ ကုန်ပစ္စည်း၏ဝယ်သူ များကိုစွဲဆောင်ထားနိုင်ရန်၊ ထိန်းထားနိုင်ရန်မှာလည်း အလွန် အရေးကြီးလှသည်။ အချို့အချို့သောကုမ္ပဏီများသည် ဝယ်သူ အသစ်ရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးကိုသာအထူးဂရုစိုက်ကြသည်။ လက်ရှိဝယ်သူအားဆက်လက်ထိန်းထားနိုင်ရန်မှာလည်း လွန်စွာ အရေးကြီးသည့်အချက်ပင်ဖြစ်သည်။ ဆက်လက်ထိန်းသိမ်းထားရန် အတွက် ဝယ်သူ၏စိတ်ကျေနပ်မှု (Customer’s Satisfaction) အပြည့်အဝရရှိမှုသည် အဓိကကျသည်။ ထို့အတူ ဝယ်သူ၏မကျေ နပ်မှု၊ တောင်းဆိုမှုများကို ကုမ္ပဏီတိုင်းလိုလိုကြုံတွေ့ရမှာ မလွဲ ဧကန်ဖြစ်ပါသည်။ ဝယ်သူအားအလေးထားသည့်အနေဖြင့် ယင်း ကဲ့သို့ စိတ်ကျေနပ်မှုမရရှိသောဝယ်သူများကို အထူးဂရုပြုအလေး အနက်ထားဖြေရှင်းပေးရန်မှာ လွန်စွာအရေးကြီးသည်။ စိတ်ကျေနပ်မှုမရှိသောဝယ်သူများ၏ ၃၅ ရာခိုင်နှုန်း သည် ¤င်းကုမ္ပဏီထံ နောက်ထပ်ဆက်လက်ဝယ်ယူခြင်းမရှိတော့ ဘဲ…
Read MoreMeeting’s Aim
ကုမ္မဏီတွေ ဘာကြောင့် Meeting လုပ်နေကြသလဲ ? လုပ်ငန်းတွင်းလည်ပတ်မှုများ ပိုမိုချောမွေ့စေရန် လုပ်ငန်း၏လုပ်ဆောင်ချက်များ ပိုမိုတိုးတက်စေရန် အလုပ်ခွင်၏လိုအပ်ချက်များ လုပ်ဆောင်ချက်များပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးလုပ်ကြတယ် 👩💼 အစည်းအဝေးတစ်ခုစမယ်ဆို ဆွေးနွေးမယ့်အကြောင်းအရာတစ်ခုကို ကြိုတင်အသိပေးထားရင်ပိုကောင်းပါတယ် အစည်းအဝေးဆိုတာ အထက်ကချမှတ်တဲ့ ဥပဒေကိုပဲ လိုက်နာဖို့မဟုတ်ပါဘူး ကုမ္မဏီကြီးတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းကလည်း တင်ပြခွင့်ရှိရပါတယ်🤝 အစည်းအဝေးတစ်ခုမှာ Decision Making က အရေးကြီးပါတယ်👑 တင်ပြချက်တွေထဲက ဘယ်ဟာတွေကို လုပ်ဆောင်မယ် ဘယ်အချက်တွေကို အတည်ပြုပြီး ဘယ်အချက်တွေကို ပယ်ဖျက်မယ် ပြင်ဆင်မယ် ဆိုတာမျိုးတွေကို အမှန်ကန်ဆုံး ဆုံးဖြတ်ရပါတယ် ရှေ့ဆက်လုပ်ဆောင်မယ့် အရာတိုင်းကိုလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့လည်းလိုအပ်ပါတယ် အစည်းအဝေးမှာတော့ပြောခိုင်းတယ် တကယ်လုပ်ပေးမယ်ပြောပြီး မလုပ်ပေးရင်လည်း “အချိန်ကုန် အလုပ်ပျက်” အစည်းအဝေးဖြစ်လာပြီး နောက်အခါကျ ဘယ်သူမှအကြံမပေးတော့တဲ့အပြင် ခေါင်းဆောင်အပေါ်လည်းယုံကြည်မှုနည်းလာပါတယ် Kathryn တို့ meeting လုပ်ရင်…
Read More