
4 C in Business
စီးပွားရေးလုပ်ငန်းအတွက် မျက်ခြေမပြတ်စောင့်ကြည့်ရမယ့်
“C” ၄လုံး
• Changes in business surroundings 4C
1. Circumstance (အခြေအနေ)
ကမ္ဘာအနှံ့ထိုးထွက်လာသောစီးပွားရေးအခြေအနေများ၊ လူ့အဖွဲ့အစည်းအခွင့်အလမ်းများ၊ ပြောင်းလဲနေသော သတင်းအချက်အလက်များ၊ပတ်ဝန်းကျင်အခြေအနေ၊ ဈေးကွက်အခြေအနေ ကိုလေ့လာခြင်း သိရှိခြင်း တို့ဖြစ်တယ်။
အထက်ပါအချက်အလက်တွေဟာ ကိုယ့်လုပ်ငန်းကိုတိုက်ရိုက်ထိတွေ့မှုမရှိဘူးထင်ရပေမယ့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆက်စပ်မှုရှိပါတယ်
ပြောင်းလဲမှုတွေထဲမှာ ရပ်တည်နိုင်ဖို့ ပြောင်းလဲမှုတွေထဲမှာ ရှင်သန်နိုင်ဖို့ အတွက် အခြေအနေတွေလေ့လာထားရမယ်
ဥပမာ နည်းပညာတိုးတက်မှုတွေ ၊ သယံဇာတတွေနည်းပါးလာမှုတွေ စသဖြင့်ပေါ့ နည်းပညာတိုးတက်မှုမှာလည်း တိုးတက်လာတဲ့နည်းပညာကို ကိုယ့်လုပ်ငန်းမှာဘယ်လိုအသုံးချမယ် နောက်၅နှစ်နေရင်ရော ပြောင်းလဲမှုတွေကြားမှာ ကုမ္မဏီကိုမှန်ကန်စွာ ရပ်တည်နိုင်အောင်ဘယ်လိုပြင်ဆင်ထားရမယ် စသဖြင့် အခြေအနေတွေကိုလေ့လာပြီ ဆက်စပ်တွေးခေါ်ပြင်ဆင်ထားရမယ် ဈေးကွက်အတွင်းမှာလည်း ဈေးကွက်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့လိုတယ် ဘယ်လိုထုတ်ကုန်မျိုးကိုပြောင်းလဲထုတ်လုပ်ရမလဲ ပြိုက်ဘက်တွေက ဝယ်သူကိုဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲ စသဖြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြင်ဆင်ဖို့လိုတယ်
2. Customer
၀ယ်သူသည်ကုမ္မဏီအတွက်အရေးကြီးကြောင်းကုမ္မဏီတော်တော်များလည်းလက်ခံကျင့်သုံးကြသည်။ (Customer is always right) နောက်တစ်ခုက ဝယ်သူကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့လိုပါတယ် ဝယ်သူ၏အကြိုက်တွေပြောင်းလဲလာသလား ဝယ်သူကရော ယခုထက်ပိုပြီး ကုမ္မဏီမှဘာတွေကို မျှော်လင့်နေသလဲ (ကုန်ပစ္စည်းအရည်အသွေး၊ဒီဇိုင်း၊ဝန်ဆောင်မှု)ဆိုတာတွေကို အမြဲနားထောင်နေဖို့လိုပါတယ် မိမိရဲ့ဝယ်သူမျာကိုလည်း အခြားပြိုက်တွေရဲ့ဖောက်သည်တွေဖြစ်မသွားစေရန် Customer Relationship Marketing တွေလည်းအဆက်မပြတ်လုပ်ဆောင်ပေးရန်လိုအပ်ပါတယ် မိမိ Target Customer တွေရဲ့အကြိုက်ကိုထပ်တူညီဖို့ ကုန်ပစ္စည်းအရေးအသွေးကိုမြှင့်တင်ရန် လိုအပ်သလား ကုန်ပစ္စည်းအသစ်တွေကိုထုတ်လုပ်ဖို့လိုအပ်သလား ဝန်ဆောင်မှုကို ထပ်မံတိုးမြှင့်ရန်လိုအပ်သလား စသဖြင့် ဈေးကွက်အခြေအနေတွေကို စောင့်ကြည့်ပြီး သုံးသပ်ရန်လိုအပ်ပါတယ်

3. Competitor
ပြိုင်ဘက်ကုမ္မဏီများကို၏ ပြုပြင်ပြောင်းလဲမှုများကိုလည်း စောင့်ကြည့်ရန်လိုအပ်ပါတယ် မိမိနှင့်လုပ်ငန်းတူများ ဘယ်လိုဝန်ဆောင်မှုတွေ ၊ ဘယ်လိုကုန်ပစ္စည်းတွေကို ထုတ်လုပ်နေလဲ ဈေးကွက်ထဲမှာ အသာစီးရနိုင်ဖို့မိမိဘက်က ဘယ်လိုပြင်ဆင်ဆောင်ရွက်လဲ ဘယ်လိုပြုပြင်မှုတွေကို လုပ်ဆောင်မလဲ ဆိုတဲ့အချက်တွေကို လေ့လာထားရမယ် ပြိုင်ဘက်ဆိုသောလုပ်ငန်းများမှ အများစုကအမျိုးတူ လုပ်ငန်းတူတိုက်ရိုက်ဆက်စပ်နေသော ကုမ္မဏီများကိုသာ စောင့်ကြည့်ကြသည်။ မိမိလုပ်ငန်းနှင့်သွယ်ဝိုက်ဆက်သွယ်နေသော ပြောင်းလဲမှုများသည်ပင် တိုက်ရိုက်သက်ရောက်နိုင်သည်။ (ဥပမာ တယ်လီဖုန်းတွေအဆင့်မြင့်လာသည့်အခါ ကင်မရာ၊ mp3 CD,DVD စသည့် ဈေးကွက်များထိုးကြသွားခြင်း) ဈေးကွက်အတွင်ဝင်ရောက်လာနိုင်သည့်ပြိုင်ဘက် ကုမ္မဏီများ၏အခြေအနေကိုလေ့လာပြီး မိမိလုပ်ငန်းကိုကြိုတင်ပြင်ဆင်ထားရမည်။ FDI (Foreign Direct Investment), AEC စသော နောင်အနာဂတ်တွင်ပွင့်လင်းလာမည့် ဈေးကွက်အတွင်းဝင်ရောက်လာမည့် ကုမ္မဏီများကိုလေ့လာထားပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်းပြုလုပ်ထားသင့်သည်။
4. Company
မိမိနေထိုင်ရာ ပတ်ဝန်းကျင် နေရာဒေသများတွင် အနေကြာလာသည့်အခါ လိုအပ်ချက်များကို မမြင်နိုင်ဖြစ်တတ်ကြပါတယ် အလားတူပင် ကိုယ့်ကုမ္မဏီပတ်ဝန်ကျင်တွင် နေ့စဉ်သွားလာလှုပ်ရှားနေသည့်အခါ ယဉ်ပါးလာပြီး ကုမ္မဏီ၏ လိုအပ်ချက်များကို သတိမထားမိတတ်ကြတော့ဘူး ဘေးလူတစ်ယောက်အဖြစ် ဝယ်သူတစ်ယောက်အဖြစ် သဘောထားပြီး ကုမ္မဏီကိုမြင်ကြည့်တဲ့အခါ လိုအပ်ချက်တွေကို မြင်တွေ့လာနိုင်ပါတယ် ကုမ္မဏီ၏ လက်ရှိအုပ်ချုပ်မှုစနစ်ပုံစံ၊ ကုမ္မဏီ၏ရည်ရွယ်ချက်များ၊ ဆောင်ပုဒ်များ၊ လုပ်ငန်းဆောင်တာများကိုလည်း ပြန်လည်သုံးသပ်ပြီး ပြောင်လဲလာတဲ့အနေအထားနှင့် ညိနှိုင်းရန်လိုအပ်ပါတယ် ကုမ္မဏီ၏ အရင်းအမြစ်များကို စနစ်တကျ အသုံးချနေသလား ၊ စီမံခန့်ခွဲနေသလား စသဖြင့် ပြန်လည်သုံးသပ်မှုများကိုလည်းလုပ်ဆောင်ရန်လိုအပ်ပါသည်။
အထက်ပါ စီးပွားရေး ပတ်ဝန်းကျင်များရှိပြောင်းအလဲများ 4C ကို မျက်ခြေမပြတ် စောင့်ကြည့်နေခြင်းဖြင့် ပြောင်လဲမှုကြောင့် ကုမ္မဏီအား ရိုက်ခတ်လာ
ခြင်း ကုမ္မဏီ ယိမ်းယိုင်လာနိုင်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သလို ပြောင်းလဲမှုကြားတွင် မိမိကုမ္မဏီသည် ရှင်သန်ရပ်တည်နိုင်မည်ဖြစ်သည်။
I am here for you
💓Kathryn💓

ကျွန်တော့လုပ်ငန်းအတွက်အလွန်ဘဲအကြိုးရှိပါတယ် ကြိုတင်ပြင်ဆင်နိုင်ဖို့နည်းလမ်းရပါတယ်
Thank you
လုပ်ငန်းအတွက် အကျိုးရှိပါတယ်။Dr.Kt
ကျေးဇူးတင်ပါတယ်။