
အလုပ်စလုပ်တိုင်းမြတ်လား
စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ မှာ အမြတ်ဆိုတာ နောက်ဆုံးမှ စဉ်းစားရမယ့်အရာဖြစ်တယ်
ဒီနေရာမှာ အမြတ်က အရေးမပါဘူးလားလို့မေးစရာဖြစ်လာတယ်
အလုပ်တစ်ခုကို စတင်လုပ်ကြမယ်ဆိုပါစို့ အရေးကြီးဆုံးစဉ်းစားရမှာက ကိုယ့်လုပ်ငန်း ကိုယ့်ပစ္စည်းကို သုံးစွဲသူတွေ ယုံကြည်လက်ခံလာဖို့က ပထမ နောက်ပြီး တစ်ခါဝယ်ဖူးသွားတဲ့သူတွေ ထပ်မံရောက်လာဖို့ ဝန်ဆောင်မှုကလည်းလိုသေးတယ် ဝယ်သူတွေရှိလာပြီဆိုရင် ငွေဝင်လာမယ် အဲဒီငွေနဲ့လုပ်ငန်းကိုပထမဆုံးလည်ပတ်ဖို့လိုလာတယ် ကုန်ပစ္စည်းပေါ်မှာ အသားတင်အမြတ် (ဝယ်ဈေး-ရောင်းဈေး)ကတော့ မြတ်နေမယ် လုပ်ငန်းအတွက် ရင်းထားတဲ့ ဆိုင်ခန်းခတွေ ပြင်ဆင်စရိတ်တွေ ဝန်ထမ်းလစာတွေ ကြော်ငြာစရိတ်တွေ အခြားအထွေထွေအသုံးစရိတ်တွေကို ထည့်တွက်လိုက်တဲ့အခါမှာ အလုပ်သစ်တစ်ခုက အရှုံးပြဖို့များပါတယ် လုပ်ငန်းတစ်ခုတိုင်းမှာ ကနဦးအဆင့် (early stage) မှာ အရမ်းအခက်အခဲဖြစ်တယ် ဒီအဆင့်ကနေကျော်နိုင်သွားတဲ့အခါမှာ စတင်လည်ပတ်လို့ချောမွေ့လာတယ် ဈေးကွက်ထဲမှာလည်း ဆိုင်အသစ်တော်တော်များများက early stage မှာပဲ ပြန်ပိတ်သွားကြတယ် အစပိုင်းမှာ ကုမ္မဏီထူထောင်ရတာ သူများအတွက်ပိုက်ဆံရှာပေးရသလိုပါပဲ ဆိုင်ခန်းရှင်အတွက် ဆိုင်ခန်းခပေးရတယ် ဝယ်သူအတွက် အဆင်ပြေအောင် ကုန်ပစ္စည်းသွင်းပေးရတယ်၊ထုတ်ပေးရတယ် ဝန်ထမ်းတွေအတွက် လစာရှာပေးရတယ် ဒီလိုအချက်တွေကြောင့်မို့ အစပိုင်းလုပ်ငန်းသစ်တစ်ခုမှာ အမြတ်ကို အရင်စဉ်းစားလို့မရနိုင်တာ အမြတ်အစွန်းကိုအရမ်းအလေးထားလာတဲ့အခါ ဈေးကွက်ထဲမှာနာမည်မရခင် ပိုက်ဆံရပြီးရောဆိုပြီး ဝယ်သူအပေါ်မှာ အလေးမထားတဲ့အခါ ပထမတစ်ခါတော့ တစ်ခါစားအနေနဲ့ပဲ ဝယ်သူဆီက ပိုက်ဆံရသွားပြီး ဒုတိယတစ်ကြိမ်ဝယ်သူ ထပ်မလာတဲ့အခါ မှာပိုပြီးရှံးပါတယ်

လုပ်ငန်းသစ်တစ်ခုမှာ အရေးကြီးဆုံးစဉ်းစားရမယ့်အချက်တွေက – ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ ဝယ်သူလိုချင်တာနဲ့ကိုက်ညီရဲ့လား – ဝယ်သူကိုထပ်မံလာအောင် ဘယ်လို ကုန်ပစ္စည်းမျိုးတွေ ဘယ်လိုဝန်ဆောင်မှုတွေနဲ့ဆွဲဆောင်မလဲ စသဖြင့် ဝယ်သူကို ဦးစားပေးပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို “Customer in mind” ထားပြီးစဉ်းစားမှသာ
ရေရှည်ရပ်တည်နိုင်မှဖြစ်တယ် နောက်ပြီး Human Resource ရေရှည်လုပ်ငန်းတွေမှာတောင် ဝန်ထမ်းတွေအပြောင်းအလဲပြသနာတွေ ဝန်ထမ်းက ဝန်ဆောင်မှုသေချာမပေးလို့ မိတ်ပျက်ရတဲ့ပြသနာတွေရှိပါတယ် လုပ်ငန်းအသစ်တစ်ခုမှာဆို ကုန်ပစ္စည်းကိုဝယ်သူကြိုက်အောင်ဆွဲဆောင်ရတာတစ်မျိုး ဝန်ထမ်းကထွက်လိုက်ဝင်လိုက်ဆို သင်ပေးနေရတာနဲ့ပဲခရီးကရှေ့မရောက်နိုင်ဘူး အဲဒီအတွက် ဆုံးဖြတ်ချက်တစ်ခုခုတိုင်းမှာ ကုမ္မဏီတိုးတက်ရေး ကုမ္မဏီအမြတ်ရရေးကို စဥ်းစားတဲ့အခါ ဝယ်သူနဲ့ဝန်ထမ်း ကို မေ့ထားလို့မရဘူး ကုမ္မဏီလည်းတိုးတက်နိုင်မယ့်အရေးမှာ ဝယ်သူလည်းကျေနပ်ဖို့လိုသလို ဝန်ထမ်းလည်းတက်ညီလက်ညီလိုက်နိုင်မှသာ Win-win situation နဲ့ရှေ့ဆက်နိုင်မှဖြစ်တယ် လုပ်ငန်းသစ်တစ်ခုမှာအရင်းနှီးကြီးရင်ကြီးသလို ပထမ ၃-၅နှစ်မှာ အမြတ်ရဖို့ဆိုတာတော်တော်ခက်တဲ့ကိစ္စပါ
ကမ္ဘာကျော်ကုမ္မဏီကြီးတွေဖြစ်တဲ့ Amazon , Fedex တို့ဆိုလည်း ပထမ၅နှစ်မှာ ဝင်ငွေသာရှိပြီး လုံးဝအမြတ်မရှိပါဘူး ဒီလိုအချက်တွေကြောင့် လုပ်ငန်းသစ်တစ်ခုမှာ ရေရှည်ရပ်တည်နိုင်ဖို့ လုပ်ငန်းလည်ပတ်နိုင်ဖို့ကိုသာ ဦးစားပေးစဉ်းစားရပြီး အမြတ်အစွန်းကိုနောက်မှစဉ်းစားရတာဖြစ်ပါတယ် ရေရှည်ရပ်တည်နိုင်ပြီ စေးျကွက်ထဲမှာ နာမည်ရလာပြီဆိုရင် အမြတ်ကအလိုလိုရလာမှာပါ
With Love,
Dr.Kathryn
အရမ်းကိုကောင်းပါတယ် ဗဟုသုတလည်း ရပါတယ်
Thz u sis
I get knowledge
Thank u so much Dr. I got knowledge from this lesson.
I got knowledge this one. Thank a lot Dr Kathryn.
Thank you Dr.Kt kyaw.I got it knowledge.
Thanks ,တီခ်ယ္