စီးပွားရေးလုပ်ငန်းတစ်ခုအတွက် Idea သစ်တွေရစေဖို့ နည်းလမ်းများ

စီးပွားရေးလုပ်ငန်းတစ်ခုမှာ လုပ်ငန်းသစ်ပဲဖြစ်နေပါစေ.. လည်ပတ်နေတဲ့ သက်တမ်းကြာနေပြီဖြစ်တဲ့ လုပ်ငန်းမျိုးပဲဖြစ်ပါစေ.. ရှေ့ဆက်ရပ်တည်နိုင်ဖို့ Idea သစ်တွေဆိုတာ အမြဲလိုအပ်ပါတယ်..‼

🔸တစ်ချို့လုပ်ငန်တွေမှာ လည်ပတ်နေရင်းပဲ အသစ်တွေလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်. ခဏမှာမသိသာပေမယ့် ဆန်းသစ်မှုမလုပ်တဲ့အခါမှာ ရေရှည်ရပ်တည်ဖို့ခက်ခဲလာပါတယ်.. အခုလို ပြောင်းလဲအရွေ့မြန်တဲ့လုပ်ငန်းတွေမှာ ခေတ်နဲ့အညီဆန်းသစ်နိုင်ဖို့လိုအပ်ပါတယ်..

🔸မိမိလက်ရှိလုပ်ငန်းကို ယခင်နဲ့မတူဘဲ ထူးခြားမှုပြောင်းလဲမှု လုပ်ချင်ရင်ဖြစ်စေ၊ လုပ်ငန်းချဲ့ထွင်ချင်ရင်ဖြစ်စေ Idea ကပဲ စပါတယ် မိမိလုပ်ငန်းမှာ ဆန်းသစ်မှု ထူးခြားမှုတစ်ခုခုပြုလုပ်ချင်တဲ့အခါမှာ Kathryn ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တဲ့ idea သစ်ရစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်🤝

🔹၁. မိမိလုပ်ငန်းကို လုပ်ငန်းရှင်အနေဖြင့် ပြန်မကြည့်ဘဲ. ဝယ်သူနေဖြင့် ပြန်ကြည့်ပါ.. (ဒီလိုဆို လုပ်ငန်းရဲ့ လိုအပ်ချက်တွေများစွာပြင်ရမယ့် အချက်များစွာမြင်လာပါမယ်)မိမိဆိုင်ကို စဝင်လာကတည်းက လုပ်ငန်းရှင်တစ်ယောက်အနေထက် ဝယ်သူတစ်ယောက်အနေဖြင့် ဆိုင်အပြင်အဆင်ကအစ အထားအသို ၊ ဝန်ထမ်းတွေ၏ ဆက်ဆံမှုများကို လေ့လာပါ။ သေချာပါတယ် မကြိုက်တာတစ်ခုခုရှိကိုရှိပါတယ်။ ကိုယ်ကိုယ်တိုင်တောင်မကြိုက်ဘူးဆိုရင် ဝယ်သူလည်းကြိုက်မှာမဟုတ်ပါဘူး။ အဲဒီအချက်ကိုပြင်ဆင်ပါ။ ✅

🔹၂. မိမိကိုယ်တိုင်ဈေးရောင်ကြည့်ပါ ။ (တစ်ခါတစ်ရံ အရောင်းဝန်ထမ်းတွေကို ကိုယ်ကညွှန်ကြားနေပေမယ့် ကိုယ်ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ခက်ခဲမှုတွေရှိနေတာကို တွေ့ရတတ်ပါတယ်) အဲဒီခက်ခဲမှုတွေကို လွယ်ကူစေမယ့် နည်းလမ်းတွေဖန်တီးပေးပါ။✅

🔹၃. လုပ်ငန်းလည်ပတ်မှုကို အစအဆုံးကြည့်ရှုစစ်ဆေးပါ။ (ကုန်ပစ္စည်းတစ်ခု စတင်ထုတ်လုပ်မှုကနေ ဝယ်သူထံအရောက်ပို့သည့် လည်ပတ်မှုဖြစ်ပါတယ်။ ကြန့်ကြာမှုတွေရှိနေတယ်.. ပိတ်ဆို့နေတဲ့နေရာတွေရှိနေတယ်.. ကြာသင့်သည့်အချိန်ထက်ပိုကြာနေတယ်ဆို တစ်ခုခုလွဲနေပါပြီ။ အဲဒီလွဲနေတာလေးကို နည်းလမ်းရှာပြီးပြန်ပြင်ပေးလိုက်ပါ)✅

🔹၄. ဝယ်သူ၏ မကျေနပ်မှုများကိုနားထောင်ပါ။ (ဝယ်သူ၏မကျေနပ်မှုများသည် သင်မမြင်နိုင်သည့် သင်၏အလုပ်တွက် အရေးကြီးသည့်အချက်များဖြစ်ပါတယ်။ ဒီအချက်တွေကို ဖြေရှင်နိုင်ဖို့ကြိုးစားပါ)✅

🔹၅. ဝန်ထမ်းများ၏အခက်အခဲများကို နားထောင်ပါ ။ (လုပ်ငန်းခွင်တွင် နေ့စဉ် ကျရာနေရာကနေလုပ်ဆောင်နေတာ မိမိဝန်ထမ်းတွေပါ။ လုပ်ငန်းခွင်တစ်ခုဟာ အမြဲတမ်းချောမွေ့နေဖို့ခက်ခဲပါတယ်။ ဝန်ထမ်းတွေရဲ့ အလုပ်ခွင် အခက်အခဲတွေကို ဖြေရှင်းပေးတာ သင့်အလုပ်တိုးတက်အောင်လုပ်ဆောင်ခြင်း နှင့်တူပါတယ်။ ဝန်ထမ်းတွေပျော်မှ ဝယ်သူတွေကို ပျော်ရွှင်စွာရောင်းချနိုင်မှာပါ)✅

🔹၆. ပြိုင်ဘက်ကုမ္မဏီများ၏လုပ်ဆောင်နေမှုများကို လေ့လာပါ။ (Copy ကူးခိုင်းခြင်းမဟုတ်ပါ။ လေ့လာပြီး မိမိလုပ်ငန်းတွင် လုပ်ဆောင်ရနိုင်သည့်အရာများကို ပိုကောင်းအောင်ဖန်တီးပါ)✅

🔹၇. လက်ရှိ ခေတ်စားနေသည့် မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာနေပါ။ (ကုန်ပစ္စည်းအသစ်တစ်ခုထပ်မံထုတ်လုပ်ခြင်းထက် လက်ရှိပစ္စည်းကို ဝယ်သူအကြိုက် တန်ဖိုးတစ်ခုခုထပ်ပေါင်းထည့်ခြင်းက ပိုပြီးလွယ်ကူပါတယ်) ဒါကြောင့် လက်ရှိခေတ်စားနေသည့် ဝန်ဆောင်မှုမျိုး ကိုမိမိလုပ်ငန်းတွင်ထည့်သွင်းပါ။✅

ယခုအချက် (၇)ချက်ကို သေချာဖတ်ရှုပြီး မိမိမြင်တွေ့လာသည့် Idea သစ်များကို စာအုပ်တွင်ချရေးထားပါ။ တကယ်သာလိုက်လုပ်မယ်ဆိုရင် သင်၏လုပ်ငန်းအတွက်အများကြီးအကျိုးထူးပါလိမ့်မယ်.. ဒီလိုနည်းဖြင့် နေ့စဉ်နေ့တိုင်းပိုကောင်းမွန်တဲ့လုပ်ငန်းခွင်ကို ဖန်တီးနိုင်ပါတယ်..🤝 Dr.Kathyrn ၏ အတွေ့အကြုံဖြင့်လက်တွေ့လုပ်ဆောင်နေတဲ့ အချက်များကို မျှဝေခဲ့ပါတယ်.. အားလုံးအတွက် အကျိုးရှိတယ်ဆို ဝမ်းသာပါပြီ။ 😊😊😊

Leave a Comment