လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်

လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်..ရူးသွပ်မှုတွေရှိကြတယ်.. စိတ်ကူးသမျှကို ဖန်တီးချင်ကြတယ်…

ဘဝမှာ အသက်ရှင်တုန်း လူတော်လူကောင်းဖြစ်ရမယ်.. မရောက်ဘူးတဲ့ နေရာတွေသွားမယ်..ကိုယ်ဖြစ်ချင်တာတွေဖန်တီးမယ် အများအကျိုးပြုမယ်..”

ငယ်ရွယ်တဲ့အချိန်မှာ ”ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ balance ညီဖို့ အရမ်းအရေးကြီးပါတယ်”. . ဖြစ်ချင်တာတွေ အရမ်းဦးစားပေးရင် ဘဝပျက်တတ်ပါတယ်.. ဖြစ်သင့်တာလေးကိုတွဲလုပ်ရပါမယ်..👏ကိုယ်တိုင်လည်း ဘောင်ထဲမှာ နေခဲ့ပြီး ထူးချွန်ထက်မြတ်လာတာမဟုတ်ပါဘူး

🥇ဆေးကျောင်းတတ်တယ်.. တစ်နှစ်တစ်တန်းမှန်အောင်ဖြေတယ်.. supplie လည်းမဖြေခဲ့ရဘူး… ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဘယ်လိုတွဲလုပ်လဲဆို… ကျောင်းရဲ့ အနောက်ဘက်မှာ အဲဒီခေတ်က Acid studio ရှိတော့ တစ်ချို့အချိန်တွေ ကျောင်းလစ်ပြီး သီချင်းသွားသွားသွင်းတယ်… သူငယ်ချင်းတစ်ချို့ပဲသိတယ် အိမ်ကမသိဘူး😅.. ကျောင်းပွဲတွေမှာ သီချင်းဆိုတယ် ကတယ်.. .စာတွေနဲ့ပဲ ပိနေခဲ့တာမဟုတ်ပါဘူး..ဖြစ်ချင်တာလေးတွေရအောင်လုပ်လေ့ရှိတယ်…ဒါပေမယ့် တစ်ဖက်က လေ့လာခြင်းကိုမရပ်ခဲ့ဘူး.. ဆေးကျောင်းစာအပြင် အဂ်လိပ် 4 skills တက်တယ် တရုတ်စာသင်တယ်.(၄တန်းထိတက်ပါတယ်). . Golf ရိုက်တယ်.. ဆိုလိုချင်တာက ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ဝါသနာပါတာတွေလုပ်နေပေမယ့် ကိုယ့်ဘဝတိုးတက်စေမယ့် အရာတွေလုပ်တာကိုတော့ ဘယ်တော့မှမရပ်ခဲ့ဘူး… profile ဖတ်လိုက်ရင် အချိန်ကိုဘယ်လိုသေချာသုံးခဲ့တာ မြင်တွေ့ရမှာပါ..”လူငယ်ပဲ အပျော်ရှိတာပေါ့ သူငယ်ချင်းတွေ နဲ့ လည်ရတာ သွားရတာ ကြိုက်တယ်… စာလည်းလုပ်တယ် ကျောင်းလည်းလစ်တယ်..”😉

အဓိက ဆိုလိုချင်တာက ဘဝက ဘောင်ထဲမှာ ချည်းနေရင်လည်း မွမ်းကျပ်တတ်တယ်.. တနေ့စာသင် တနေ့ကျောင်းတက်.. ကိုယ့်ဘဝကို ဘောင်သွပ်တာ အကန့်သတ်တွေလုပ်ရတာကို ဘယ်တုန်းကမှမပျော်ခဲ့ဘူး… အမြဲ ကိုယ်ဝါသနာပါတာနဲ့တွဲလုပ်လေ့ရှိပါတယ်..🤝

မိဘအလုပ်လုပ်ရတော့လည်း မိဘအလုပ်က ဖြစ်သင့်တာ ဒါပေမယ့် ဖြစ်ချင်တာကို ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဘူး..ကိုယ်ပိုင်ဆေးခန်းဖွင့်တယ် နောက် အရုပ်ရောင်းတယ်..ဖိနပ်ရောင်းတယ်..profile မှာ ဖော်ပြထားတာ အောင်မြင်မှုကြီးကြီးတွေပါ တချို့အောင်မြင်မှု သေးသေးလေးတွေမပါပါဘူး.. ဒီလိုနဲ့ပဲ ဘယ်တုန်းကမှ အချိန်မဖြုန်းခဲ့တာခုထိပါ.. တစ်ခုမဟုတ်တစ်ခုလုပ်နေခဲ့တယ်…📈📈📈

အဓိက Highligh လုပ်ချင်တာက အသက်ငယ်လေ အချိန်ပိုရှိပါတယ်…ယနေ့ခေတ်မြင်တွေ့နေရတာက …တစ်ချို့လူငယ်တွေက ဖြစ်ချင်တာကိုပဲ ဦးစားပေးတယ် အပျော်မက်တယ်.. တစ်ချို့လူငယ်တွေက ဖြစ်သင့်တာကိုပဲ ဦးစားပေးတယ်…ဘောင်ထဲမှာနေကြတယ်.. တကယ်တမ်းအောင်မြင်သွားကြတဲ့သူတွေက ၂ခုကို balance ညီအောင်လုပ်နိုင်တဲ့သူပဲ အောင်မြင်သွားတယ်…🥇

လူငယ်သဘာဝ ပျော်ပါ…တစ်ချို့အရာတွေက ငယ်တုန်းပဲပျော်ခွင့်ရတာပါ.. ဒါပေမယ့် မိမိကိုယ်ကို အထိခိုက်မခံပါနဲ့…အပျော်ကနေ အပျက်မဖြစ်ပါစေနဲ့.. နောက် ကိုယ်ပျော်ရွှင်ဖို့ သူတစ်ပါးကို အသုံးမချပါနဲ့… အပျော်တွေပဲ အချိန်ပေးနေရင်လည်း ဘဝပျက်ရတယ် မတိုးတက်ဘူး..⛔အရွယ်ရောက်လာတဲ့အခါ မိဘနဲ့ ကတောက်ကစ ဖြစ်တတ်တယ်.. မိဘဆိုတာ ကိုယ်ပျက်စီးမှာမလိုလားဘူး… ပျက်စီးတော့မယ့် အရိပ်ယောင်မြင်လာရင် စိတ်ပူတယ် ဆိုဆုံးမတတ်တယ်..ကိုယ့်အနေနဲ့ မိဘယုံကြည်အောင်နေဖို့လည်းလိုတယ်..ဘောင်တွေစည်းတွေဆိုတာ မွန်းကျပ်ပေမယ့် ရှိသင့်တဲ့​ဘောင်ကတော့ ရှိရမယ်… ‘တောင်းမှာအကွပ် လူမှာစည်းကမ်း’တဲ့..✌

ကျန်တဲ့အရာတွေကတော့ ကိုယ့်ဘဝကို ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ညီမျှအောင်လုပ်ဆောင်ပါလို့ စေတနာပြုပါတယ်..💙မိမိဘဝတိုးတက်ရေးကို ဘာကြောင့်မှ ထိခိုက်မခံနဲ့… အဲဒါနံပါတ် ၁ပဲ.. ကိုယ်တိုးတက်အောင်မြင်လာမှ 🥇

၁.ကိုယ့်ကိုယ်ကို အကျိုးပြုနိုင်မယ်

၂. မိသားစုအကျိုးပြုနိုင်မယ်

၃. လူမျိုးရေး ဘာသာရေး တိုင်းပြည်အကျိုးပြုနိုင်မယ်””

“ခဏတာပျော်ရွှင်ဖို့နဲ့ တစ်ဘဝလုံး လူညံ့အဖြစ်မခံနဲ့..”” ‼

မေတ္တာဖြင့်

Dr.Kathryn💙

9 Comments

  1. Thet Aung on 01/07/2021 at 7:28 PM

    Thanks for sharing

    • Ko hein on 16/07/2021 at 12:46 AM

      ဆန်းသစ်တီထွင်အောင်မင်​သောစီးပွား​ရေးသမား
      ဖြစ်ချင်ပါတယ်

  2. Aye Thet Mon on 04/07/2021 at 11:51 AM

    Thanks

  3. Naw Seng on 04/07/2021 at 3:25 PM

    To better for my life

  4. Naw Seng on 04/07/2021 at 3:25 PM

    To better for my life and carrer

  5. Ko hein on 16/07/2021 at 12:38 AM

    ဆန်းသစ်တီထွန်​သောစီးပွား​ရေးသင်တန်းတက်ချင်ပါတယ် ဝါသနာပါတယ်

  6. Hay Mar oo on 16/07/2021 at 7:30 PM

    လူငယ်တွေရဲ့အိမ်မက်တွေကိုတဖက်တလမ်းကနေအများကြီးကူညီပေးတဲ့အမကိုအရမ်းကျေးဇူးတင်ပါတယ်။

  7. Thein Than Htwe on 21/07/2021 at 7:21 PM

    ဆန်းသစ်တီထွန်​သောစီးပွား​ရေးသင်တန်းတက်ချင်ပါတယ် ဝါသနာပါတယ်

  8. Thein Than Htwe on 21/07/2021 at 7:29 PM

    To better for my life and carrer

Leave a Comment