Youth Development
လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်
လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်..ရူးသွပ်မှုတွေရှိကြတယ်.. စိတ်ကူးသမျှကို ဖန်တီးချင်ကြတယ်… ဘဝမှာ အသက်ရှင်တုန်း လူတော်လူကောင်းဖြစ်ရမယ်.. မရောက်ဘူးတဲ့ နေရာတွေသွားမယ်..ကိုယ်ဖြစ်ချင်တာတွေဖန်တီးမယ် အများအကျိုးပြုမယ်..” ငယ်ရွယ်တဲ့အချိန်မှာ ”ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ balance ညီဖို့ အရမ်းအရေးကြီးပါတယ်”. . ဖြစ်ချင်တာတွေ အရမ်းဦးစားပေးရင် ဘဝပျက်တတ်ပါတယ်.. ဖြစ်သင့်တာလေးကိုတွဲလုပ်ရပါမယ်..ကိုယ်တိုင်လည်း ဘောင်ထဲမှာ နေခဲ့ပြီး ထူးချွန်ထက်မြတ်လာတာမဟုတ်ပါဘူး ဆေးကျောင်းတတ်တယ်.. တစ်နှစ်တစ်တန်းမှန်အောင်ဖြေတယ်.. supplie လည်းမဖြေခဲ့ရဘူး… ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဘယ်လိုတွဲလုပ်လဲဆို… ကျောင်းရဲ့ အနောက်ဘက်မှာ အဲဒီခေတ်က Acid studio ရှိတော့ တစ်ချို့အချိန်တွေ ကျောင်းလစ်ပြီး သီချင်းသွားသွားသွင်းတယ်… သူငယ်ချင်းတစ်ချို့ပဲသိတယ် အိမ်ကမသိဘူး.. ကျောင်းပွဲတွေမှာ သီချင်းဆိုတယ် ကတယ်.. .စာတွေနဲ့ပဲ ပိနေခဲ့တာမဟုတ်ပါဘူး..ဖြစ်ချင်တာလေးတွေရအောင်လုပ်လေ့ရှိတယ်…ဒါပေမယ့် တစ်ဖက်က လေ့လာခြင်းကိုမရပ်ခဲ့ဘူး.. ဆေးကျောင်းစာအပြင် အဂ်လိပ် 4 skills တက်တယ် တရုတ်စာသင်တယ်.(၄တန်းထိတက်ပါတယ်).…
Read Moreလူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်
” .. လူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်… လူကြီးပြောရင် လက်မခံချင်ဘူး… အချက်လက်နဲ့ သက်သေပြနိုင်မှယုံကြည်ကြတယ်.. ” Kathryn ကိုယ်တိုင်လည်း အဲလိုလူတစ်ယောက်ပါပဲ.. ငယ်ငယ်တည်းက သာမန်ရိုးကျ ဘဝကို ဖြတ်သန်းချင်သူတစ်ယောက်မဟုတ်ဘူး… စူးစမ်းချင်တယ်.. သူများပြောတိုင်းလက်မခံချင်ဘူး.. ”ဟုတ်လို့လား ဟုတ်ရဲ့လား”.. တွေးတယ်… မသေချာဘဲ အချက်ကျကျရှင်းမပြဘဲ…ထင်ယောင်ထင်မှား ပြောတာဆို လက်မခံချင်ဘူး… ကိုယ့်ရဲ့စိတ်က ‘ဟုတ်တယ်’လို့ မပြောမချင်း လက်မခံတတ်ဘူး.. ကိုယ်တိုင်ရှာဖွေတယ် ဟုတ်လား.. မဟုတ်ဘူးလားဆိုတာကို..အဲလိုစိတ်မျိုးရှိရင် ဒီစာကိုဖတ်စေချင်ပါတယ်.. ပထမဆုံး အမျိုးစားခွဲပြချင်ပါတယ်..တစ်ချို့လူတွေက သူများပြောသမျှ ယုံလွယ်တယ်.. အကြောင်းအရာတစ်ခုကိုပဲ ဒီလူက ဒီလိုပြောရင် အဲလိုတွေးတတ်တယ်..နောက်တစ်ယောက်က တစ်မျိုးပြောရင် အဲဒီလိုလိုက်တွေးလိုက်ပြန်တယ်.. ဒါက ဆင်ခြင်တုံတရား တွေးခေါ်မှုနည်းတဲ့သူမှာ အများဆုံးတွေးရတယ်. နောက်တစ်မျိုးက သူများသူများပြောသမျှ ဘာမှလက်မခံဘူး.. ငြင်းတယ်.. အကျပ်ရိုက်အောင်မေးတယ်… ဘယ်သူဘာပြောပြောလက်မခံချင်ဘူး..ဒါက လောကကြီးကို မိမိအမြင်တစ်ခုတည်းနဲ့…
Read More