လူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်
” .. လူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်… လူကြီးပြောရင် လက်မခံချင်ဘူး… အချက်လက်နဲ့ သက်သေပြနိုင်မှယုံကြည်ကြတယ်.. ”![]()
Kathryn ကိုယ်တိုင်လည်း အဲလိုလူတစ်ယောက်ပါပဲ.. ငယ်ငယ်တည်းက သာမန်ရိုးကျ ဘဝကို ဖြတ်သန်းချင်သူတစ်ယောက်မဟုတ်ဘူး… စူးစမ်းချင်တယ်.. သူများပြောတိုင်းလက်မခံချင်ဘူး.. ”ဟုတ်လို့လား ဟုတ်ရဲ့လား”.. တွေးတယ်… မသေချာဘဲ အချက်ကျကျရှင်းမပြဘဲ…ထင်ယောင်ထင်မှား ပြောတာဆို လက်မခံချင်ဘူး… ကိုယ့်ရဲ့စိတ်က ‘ဟုတ်တယ်’လို့ မပြောမချင်း လက်မခံတတ်ဘူး.. ကိုယ်တိုင်ရှာဖွေတယ် ဟုတ်လား.. မဟုတ်ဘူးလားဆိုတာကို..အဲလိုစိတ်မျိုးရှိရင် ဒီစာကိုဖတ်စေချင်ပါတယ်..![]()
ပထမဆုံး အမျိုးစားခွဲပြချင်ပါတယ်..တစ်ချို့လူတွေက သူများပြောသမျှ ယုံလွယ်တယ်.. အကြောင်းအရာတစ်ခုကိုပဲ ဒီလူက ဒီလိုပြောရင် အဲလိုတွေးတတ်တယ်..နောက်တစ်ယောက်က တစ်မျိုးပြောရင် အဲဒီလိုလိုက်တွေးလိုက်ပြန်တယ်.. ဒါက ဆင်ခြင်တုံတရား တွေးခေါ်မှုနည်းတဲ့သူမှာ အများဆုံးတွေးရတယ်.![]()
နောက်တစ်မျိုးက သူများသူများပြောသမျှ ဘာမှလက်မခံဘူး.. ငြင်းတယ်.. အကျပ်ရိုက်အောင်မေးတယ်… ဘယ်သူဘာပြောပြောလက်မခံချင်ဘူး..ဒါက လောကကြီးကို မိမိအမြင်တစ်ခုတည်းနဲ့ တစ်ဖက်ပိတ်ထားတာမျိုးဖြစ်တယ်..
“အဲဒီလို အမျိုးအစား၂ခုထဲ ကိုယ်ပါနေရင် ဘဝတိုးတက်ဖို့ခက်တယ်.. နောက် လူမှုပေါင်းသင်းရေးအဆင်မပြေနိုင်ဘူး…”
လူတိုင်းမှာ ဘဝအတွေအကြုံတွေမတူကြလို့ ကိစ္စ ရပ်တိုင်းမှာ သူတို့အမြင် ရှုထောင့်တွေမတူကြဘူး… လူတိုင်းရဲ့ ဘဝအတွေးအခေါ်တွေကို လေ့လာတတ်မယ်ဆို ကိုယ့်အတွက် ကိုယ်တိုင်ကြုံတွေစရာမလိုဘဲ ဗဟုသုတ အသိမြင်တွေရမယ်..
ဥပမာ.. ရှေ့မှာချောက်ကြီးရှိတယ်လို့ ပြောထားရင် ‘မရှိပါဘူးကွာ’ ဆိုဇွတ်တိုးရင် ကိုယ်ကဒုက္ခရောက်မယ်… ချောက်ရှိတယ်လို့ပြောကြတယ် ဟုတ်လားမသိဘူးဆို ပထမ ‘စူးစမ်းရမယ်’ ရှိတယ်ဆိုရင် ဘယ်လိုဖြတ်ကျော်ရမလဲစဥ်းစားပြီး နည်းလမ်းရှာရမယ်.. ဒါဆိုကိုယ်ကျော်ဖြတ်နိုင်မယ်.. ဆိုလိုချင်တာက.. ”သူများပြောရင် နားထောင်တတ်ရမယ်..ဒါပေမယ့် ကိုယ်တိုင်စူးစမ်းရှာဖွေ ချင့်ချိန်ယုံရမယ်”.
ဒါမှဘဝမှာတိုးတက်နိုင်မယ်![]()
နောက်…လူငယ်တွေက အရမ်းသတ္တိရှိတယ် ကိုယ်လုပ်ပြနိုင်တယ် မကြောက်ဘူးဆိုတာ အရမ်းပြချင်ကြတယ် ”မကောင်းတဲ့အရာမှာ သတ္တိရှိမယ်ဆို လူမိုက်ခေါင်းဆောင်ပဲ ဖြစ်လာမှာပါ” ဘဝတောင်ပျက်နိုင်ပါတယ်..
ရှေးက ဆရာသမားတွေက ဆေးလိပ်က အရက်က မူးယစ်ဆေးက ဘယ်လိုဘဝကိုထိခိုက်နိုင်တယ်ဆိုရင် ဒီနေရာမှာ သတ္တိရှိစရာမလိုဘူး.. တကယ်အဲဒီအရာတွေ ထိခိုက်မှုရှိမရှိ မျက်စိနဲ့သိချင်ရင် ဆေးရုံကြီးမှာ လူနာတွေအများကြီးပါ.. စိတ္တဇဆေးရုံမှာလည်းရှိပါတယ်… ဒီနေရာမှာ သတ္တိရှိမယ်ဆို အသိညာဏ်နည်းတာပါ…
ဉာဏ်နည်းလို့ မိမိဘဝကို ထိခိုက်မယ့်အရာကိုပြုလုပ်တာပါ…မှားမှန်းသိရင်ပြင်ပါ.. နောက်ကျတယ်မရှိပါဘူး..စိတ်ဓာတ်တစ်ခုပါပဲ..တကယ်သတ္တိရှိချင်ရင် မိမိဘဝကိုယ် မိမိရပ်တည်နိုင်အောင် လက်မထောင်နိုင်အောင်ကြိုးစားပြပါ.. မိသားစု. တိုင်းပြည်က ဂုဏ်ယူရတဲ့ လူငယ်တစ်ယောက်ဖြစ်အောင်ကြိုးစားပြပါ..
..
“တစ်ခဏပျော်ရွှင်မှုအတွက် တစ်ဘဝလုံးလူညံ့အဖြစ်မခံပါနဲ့” ![]()
ယနေ့ခေတ် မှာ အသိပညာတွေ internet မှာ အကုန်ရှိပါတယ် မသိရင် ရှာဖွေပါ စူးစမ်းပါ အမှန်တရားကို သိအောင်လုပ်ပါအရာရာကို စဥ်းစားတွေးခေါ်ချင့်ချိန်ဆင်ခြင်တတ်မှ လူတော်ဖြစ်မှာပါ..
မေတ္တာဖြင့်
Dr.Kathryn![]()
Youth Develolment
Right
That’s right