၀ယ်သူ၏စိတ်မကျေနပ်မှုကိုဖြေရှင်းနည်း
မြန်မာနိုင်ငံသည် ပိုမိုတိုးတက်လာမည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်မှုများ၊ စိန်ခေါ်မှု များလည်း မြင့်မားလာမည်ဖြစ်သည်။ မိမိလုပ်ငန်း၏ ဈေးကွက်ဝေစု လျော့ကျမသွားစေရန်နှင့် ယခုထက်ပိုမိုဝေစုရရှိနိုင်ရန်မှာ လုပ်ငန်း တိုင်း၏မျော်မှန်းချက်ဖြစ်သည်။ မိမိလုပ်ငန်း၊ ကုန်ပစ္စည်း၏ဝယ်သူ များကိုစွဲဆောင်ထားနိုင်ရန်၊ ထိန်းထားနိုင်ရန်မှာလည်း အလွန် အရေးကြီးလှသည်။ အချို့အချို့သောကုမ္ပဏီများသည် ဝယ်သူ အသစ်ရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးကိုသာအထူးဂရုစိုက်ကြသည်။ လက်ရှိဝယ်သူအားဆက်လက်ထိန်းထားနိုင်ရန်မှာလည်း လွန်စွာ အရေးကြီးသည့်အချက်ပင်ဖြစ်သည်။ ဆက်လက်ထိန်းသိမ်းထားရန် အတွက် ဝယ်သူ၏စိတ်ကျေနပ်မှု (Customer’s Satisfaction) အပြည့်အဝရရှိမှုသည် အဓိကကျသည်။ ထို့အတူ ဝယ်သူ၏မကျေ နပ်မှု၊ တောင်းဆိုမှုများကို ကုမ္ပဏီတိုင်းလိုလိုကြုံတွေ့ရမှာ မလွဲ ဧကန်ဖြစ်ပါသည်။ ဝယ်သူအားအလေးထားသည့်အနေဖြင့် ယင်း ကဲ့သို့ စိတ်ကျေနပ်မှုမရရှိသောဝယ်သူများကို အထူးဂရုပြုအလေး အနက်ထားဖြေရှင်းပေးရန်မှာ လွန်စွာအရေးကြီးသည်။
စိတ်ကျေနပ်မှုမရှိသောဝယ်သူများ၏ ၃၅ ရာခိုင်နှုန်း သည် ¤င်းကုမ္ပဏီထံ နောက်ထပ်ဆက်လက်ဝယ်ယူခြင်းမရှိတော့ ဘဲ ၅၂ ရာခိုင်နှုန်းသည် အသိမိတ်ဆွေသူငယ်ချင်းများအား ၎င်း ကုမ္ပဏီ၏ဝန်ဆောင်မှုညံ့ဖျင်းခြင်းကို နှုတ်ဖြင့်လိုက်လံဖြန့်ချိလေ့ရှိ ကြသည်။ ဝယ်သူများ၏ ၆၀ ရာခိုင်နှုန်းသည် အခြားဝယ်သူများ၏ထောက်ခံမှုအားပေးမှုကို လက်ခံယုံကြည်ကြသည်။
ထို့အတွက် ဝယ်သူစိတ်ကျေနပ်မှုသည် လုပ်ငန်းတိုင်း အတွက် အရေးကြီးသောအချက်ဖြစ်သည်။ ဝယ်သူနှင့်တိုက်ရိုက်ထိ တွေ့ရသောဝန်ထမ်းများကိုလည်း ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သင်တန်းများပို့ချခြင်း၊ စိတ်ကျေနပ်မှုမရှိသောဝယ်သူများကိုဖြေ ရှင်းနည်းများကို သင်ကြားပို့ချရန်လည်းလိုအပ်သည်။ ထို့အတွက် စိတ်မကျေနပ်မှုများ၊ အလိုမကျမှုများကိုပြောကြားတိုင်တန်းလာ သည့်ဝယ်သူများနှင့်ကြုံတွေ့သည့်အခါ အဆင့်ဆင့်ဖြေရှင်းနိုင်ပုံကို တင်ပြလိုက်ပါသည်။

၁။ သေချာစွာနားထောင်ပေးပါ
+++++++++++++++++++
စိတ်ကျေနပ်မှုမရှိသည့်ဝယ်သူများသည် ဒေါသနှင့်တုံ့ပြန် လာသည်ဖြစ်စေ ဂရုစိုက်နားထောင်ပေးပါ။ ဝယ်သူမှပြောနေစဉ် စကားကိုဖြတ်မပြောပါနဲ့။ မိမိဘက်မှဂရုစိုက်နားထောင်ပေးခြင်း အားဖြင့် ၄၀ ရာခိုင်နှုန်းသောဒေါသကို လျော့ချနိုင်ပါသည်။
၂။ ကျေးဇူးတင်ကြောင်းပြောပေးပါ
+++++++++++++++++++++
ရွေးချယ်စရာများနေသောဈေးကွက်အတွင်းတွင် ဝယ်သူ အများစုသည် စိတ်မကျေနပ်ချက်ရှိပါက မကျေနပ်ချက်များကို တိုင်တန်းမနေဘဲ နောက်တစ်ကြိမ်ထပ်မံမဝယ်ယူရန်ဆုံးဖြစ်တတ် ကြသည်။ စိတ်မကျေနပ်ချက်များကို တိုင်တန်းပြောဆိုနေသော ဝယ်သူများသည် နောက်တစ်ကြိမ်ဝယ်ယူလိုသည့်အတွက်နှင့် အရောင်းဆိုင်မှတုံ့ပြန်မှုကိုမျော်လင့်ကြသည့်အတွက်သာ တိုင်တန်း ခြင်းဖြစ်သည်ကို နားလည်ထားရမည်။ ထို့အတွက် မကျေနပ်ချက် များကိုတိုင်တန်းလာသောဝယ်သူအား ”ယခုလိုပြောကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်” စသဖြင့် ကျေးဇူးတင်ကြောင်းပြောပေးပါ။
၃။ တောင်းပန်ပေးပါ
++++++++++++++
အချို့ချို့သောကိစ္စများတွင် အရောင်းဝန်ထမ်းနှင့်ဝယ်သူ ငြင်းခုံနေကြသည်ကိုတွေ့ရတတ်သည်။ ဘယ်သူမှားသည်၊ မှန်သည် ကိုငြင်းနေရမည့်အချိန်မဟုတ်သည့်အတွက် ပြန်လည်ခုခံပြောဆို ခြင်းမျိုးရှောင်ကြဉ်ရမည်။ ဝယ်သူသည် အကြောင်းပြချက်များ၊ ဆင် ခြေများကိုနားထောင်ချင်၍မဟုတ်ဆိုသည်ကို နားလည်ထားရမည်။
၀ယ်သူအား ”အခုလိုစိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အတွက်တောင်းပန်ပါတယ်၊ ပြေလည်အောင်ဖြေရှင်းပေးပါ့မယ်” ဆိုတာမျိုးပြောဆိုပေးရမည်။
၄။ အကောင်းဆုံးအဖြေကိုရှာပါ
+++++++++++++++++++
ပြဿနာအား မိမိဘက်မှတာဝန်ယူဖြေရှင်းပေးနိုင်သည့် အကောင်းဆုံးအဖြေကို အချိန်တိုတိုအတွင်းရှာယူရမည်။ ပြဿနာ အားဖြေရှင်းနိုင်သည့်နည်းလမ်းများ တစ်ခုထက်ပို၍ရှိပါက ဝယ် သူအားရွေးချယ်စေရမည်။ မိမိမဖြေရှင်းနိုင်သည့်ကိစ္စများကို မိမိ ထက်တတ်ကျွမ်းသူ၊ သို့မဟုတ် အထက်လူကြီးထံတင်ပြပြီးဖြေရှင်း ချက်တောင်းခံရမည်။
၅။ သဘောတူညီမှုရယူပါ
+++++++++++++++++
မိမိဖြေရှင်းပေးနိုင်သည့်အဖြေအား ဝယ်သူသဘောတူ ညီမှုရမှသာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ တစ်ခါတစ်ရံ မိမိဖြေရှင်း ပေးသည့်အဖြေနှင့် ဝယ်သူမှမျော်လင့်ချက်မတူညီသည့်အခါဖြေ ရှင်းမဆုံးဖြစ်တတ်သည်။ ထို့အတွက် စိတ်ကျေနပ်မှုမရှိသည့် ဝယ် သူနှင့်သဘောတူညီမှုရရှိရန် အထူးလိုအပ်သည်။
၆။ အမြန်ဆုံးလုပ်ဆောင်ပါ
++++++++++++++++++
အကောင်းဆုံးအဖြေကို အချိန်တိုတိုနှင့် မြန်မြန်ဆန်ဆန် တန်ပြန်ဖြေရှင်းပေးလိုက်ပါ။ ဝယ်သူများသည် ¤င်းတို့၏ပြဿနာ များကိုဖြေရှင်းပေးခြင်းထက် ၎င်းတို့အား အလေးပေးဆောင်ရွက် မှုကိုပိုလိုချင်ကြသည်။ တစ်ခါတစ်ရံတွင် အထက်လူကြီးကို အဆင့် ဆင့်တင်ပြနေရသည့်အတွက် နှောင့်နှေးကြန့်ကြာခြင်းများရှိတတ် သည်။ ထိုအခါတွင်လည်း ဝယ်သူအားမိမိတို့သည် ၎င်းကိစ္စကို ဆောင်ရွက်နေကြောင်းအသိပေးထားရန်လိုအပ်သည်။
၇။ ပြန်လည်မေးမြန်းပါ
++++++++++++++++
ဖြေရှင်းပေးပြီးသည့်အခါ အဆင်ပြေမှုရှိမရှိမေးမြန်းရ မည်။ ဝယ်သူထံသို့ပေးအပ်ပြီးဖြေရှင်းပြီးသည်နှင့် မိမိတာဝန်ပြီး သည်မဟုတ်၊ ဝယ်သူစိတ်ကျေနပ်မှုရှိရန် အရေးကြီးသည်ကို မှတ်သားထားရမည်။ နောက်တစ်ခါထပ်မံအားပေးရန်နှင့် အထူူး ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားရန်လိုအပ်သည်။ ယခု ကဲ့သို့ အဆင့်ဆင့်အဆင်ပြေစွာဖြေရှင်းပြီးသည့်အခါတွင် ဝယ်သူ၏စိတ်မကျေနပ်ချက်များလျော့ကျသွားမည်ဖြစ်ပြီး ဝယ်သူတစ် ယောက်ဆုံးရှုံးခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများအားလုံး တိုးတက်ကောင်းမွန်ပြီး အခက်အခဲမရှိ ရှေ့သို့ဆက်လက်ချီတက်နိုင်ပါစေ။
Kathryn
Thank you so much Dr.Kt
ဗဟုသုတတွေအများကြီးဖြန်.ဝေပေးတဲ.အတွက် ကျေးဇူးအများကြီးတင်ပါတယိ ဆရာမ။