
Meeting’s Aim
ကုမ္မဏီတွေ ဘာကြောင့် Meeting လုပ်နေကြသလဲ ?
လုပ်ငန်းတွင်းလည်ပတ်မှုများ ပိုမိုချောမွေ့စေရန် လုပ်ငန်း၏လုပ်ဆောင်ချက်များ ပိုမိုတိုးတက်စေရန် အလုပ်ခွင်၏လိုအပ်ချက်များ လုပ်ဆောင်ချက်များပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးလုပ်ကြတယ် 👩💼
အစည်းအဝေးတစ်ခုစမယ်ဆို ဆွေးနွေးမယ့်အကြောင်းအရာတစ်ခုကို ကြိုတင်အသိပေးထားရင်ပိုကောင်းပါတယ်
အစည်းအဝေးဆိုတာ အထက်ကချမှတ်တဲ့ ဥပဒေကိုပဲ လိုက်နာဖို့မဟုတ်ပါဘူး ကုမ္မဏီကြီးတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းကလည်း တင်ပြခွင့်ရှိရပါတယ်🤝
အစည်းအဝေးတစ်ခုမှာ Decision Making က အရေးကြီးပါတယ်👑
တင်ပြချက်တွေထဲက ဘယ်ဟာတွေကို လုပ်ဆောင်မယ် ဘယ်အချက်တွေကို အတည်ပြုပြီး ဘယ်အချက်တွေကို ပယ်ဖျက်မယ် ပြင်ဆင်မယ် ဆိုတာမျိုးတွေကို အမှန်ကန်ဆုံး ဆုံးဖြတ်ရပါတယ်
ရှေ့ဆက်လုပ်ဆောင်မယ့် အရာတိုင်းကိုလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့လည်းလိုအပ်ပါတယ်
အစည်းအဝေးမှာတော့ပြောခိုင်းတယ် တကယ်လုပ်ပေးမယ်ပြောပြီး မလုပ်ပေးရင်လည်း “အချိန်ကုန် အလုပ်ပျက်” အစည်းအဝေးဖြစ်လာပြီး နောက်အခါကျ ဘယ်သူမှအကြံမပေးတော့တဲ့အပြင် ခေါင်းဆောင်အပေါ်လည်းယုံကြည်မှုနည်းလာပါတယ်
Kathryn တို့ meeting လုပ်ရင် ဒီရည်ရွယ်ချက်တွေနဲ့အစည်းအဝေးလုပ်ပါတယ်🔼
၁. ကုမ္မဏီတိုးတက်ဖို့
၂. ဝယ်သူစိတ်ချမ်းမြေ့ဖို့
၃. အဖွဲ့အစည်းစည်းလုံးပျော်ရွှင်ဖို့
ပြီးသွားတဲ့ အစည်းအဝေးကိုလည်း meeting minutes ရေးမှတ်ပြီး သက်ဆိုင်ရာ ဌာန ဆိုင်ခွဲတွေကို ပြန်လည်မျှဝေရပါတယ် လုပ်စရာရှိတာတွေကို Schedule Plan ချမှတ်ပြီး လုပ်ဆောင်စေရပါတယ် နောက်တစ်ကြိမ် အစည်းအဝေးကျ ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေ ဆွေးနွေးတင်ပြပြီး ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေ ပြင်ဆင်ရပါတယ်
Meeting မှာနောက်ကျလို့မရပါဘူး Meeting နောက်ကျတာ ကုမ္မဏီကို အလေးမထားတာနဲ့တူပါတယ် နောက်ကျဖို့ အရေးတကြီးရှိလာခဲ့ရင် ကြိုတင်အသိပေးရပါမယ်
ကုမ္မဏီမှာ အချင်းချင်းယုံကြည်မှုခေါ်တဲ့ mutual respect and trust ကို အလေးထားပါတယ်
ခေါင်းဆောင်က team ကို ယုံကြည်မှု team member တွေက ခေါင်းဆောင်အပေါ်ယုံကြည်မှု..🤝
ဒီလိုမှသာ ကုမ္မဏီက လည်ပတ်နေရုံမကဘဲ ရှေ့ကို တစ်လှမ်းခြင်းလှမ်းရင်း တိုးတက်လာမှာပါ↗️
I am here for you 💓
Kathryn