ရိုးသားတယ်ဆိုတာ

” လူတစ်ယောက်ရိုးသားတယ် ဆိုတာ ထုံအခြင်း ဘာမှ မသိခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး ”ရိုးသားတယ်ဆိုတာ ဘဝမှာ မလိမ်မညာတာ မှန်ကန်စွာ ရှင်သန်ရပ်တည်ခြင်းကို ဆိုလိုပါတယ်.. ငယ်စဥ်ကတည်းက သူငယ်ချင်းတွေ တူတူဆော့ကစားတဲ့အခါ ကြားဖူးကြမှာပါ.. ”သူက ညစ်ပတ်တယ် သူ့ကို မခေါ်နဲ့.. သူနဲ့ မကစားချင်ဘူး”… ညစ်ပတ်တဲ့သူ လိမ်တတ်တဲ့သူ ကလိန်ကကျစ်ကျတဲ့သူဆို ကလေးကတည်းတောင် တူတူမဆော့ချင်ကြပါဘူး… လူတိုင်းက ရိုးသားတာကို နှစ်သက်ကြပါတယ်… ကလေးတွေတောင်မှ ဆော့ကစားတိုင်းညစ်တဲ့သူဆို ကြီးလာတဲ့အခါတောင် အလုပ်တူတူမလုပ်ချင်ကြပါဘူး… သူ့မှာ ညစ်တတ်တဲ့ အကျင့်ရှိနေလို့ပါပဲ..လုပ်ငန်းခွင်မှာ လည်း လုပ်ဖော်ကိုင်ဘက်တွေ ချစ်ခင်တဲ့သူဟာ ‘ရိုးသားသူ’ပါပဲ.. မလိမ်ညာတတ်ဘူး အလုပ်အပေါ် ရိုးသားတယ်… အလုပ်ခွင်ထဲမှာ လုပ်ငန်းရှင်ရဲ့ ပစ္စည်းဥစ္စာတွေ ကိုယ်ကျိုးအတွက်မသုံးဘူး… လုပ်ဖော်ကိုင်ဘက်တွေချင်း ကိုယ့်တာဝန်ကိုကျေတယ်.. သူတစ်ပါးအပေါ် ချောက်မချတတ်ဘူး.. ဒါလည်း…

Read More