“စေ့စပ်တဲ့သူ”

ဒီနေ့ နေ့လည်စာထမင်းစားတော့ Tissue ထုတ်ပေါ် ရက်စွဲရေးထားတာတွေ့လို့မေးတော့.. အဖေရေးထားတာတဲ့.. Tissue တွေ ခဏခဏထုတ်လို့ ဘယ်နှရက်နေကုန်လဲ သိအောင်လို့တဲ့…😢 တစ်ခါတစ်ရံ Kathryn တို့ အများစုလွဲနေတာတွေရှိပါတယ်.. 🔸စေ့စပ်တာနဲ့ ကပ်စေးနည်းတာမတူပါဘူး.. စေ့စပ်တယ်ဆိုတာ သုံးသင့်တဲ့နေရာမှာပဲ သုံးတယ် မလိုရင်မသုံးစွဲဘူး ချွေတာခြင်းကို ဆိုလိုပါတယ် 🔸ကပ်စေးနည်းတယ်ဆိုတာ ပေးသင့်တာမပေးကမ်းဘူး ကျွေးမွေးသင့်တာတွန့်တိုတာကိုဆိုလိုပါတယ် Kathryn ရဲ့ ဖေဖေက အရမ်းစေ့စပ်သူပါ.. ခဏပြောသလိုပဲ Tissue ကို ပါးစပ်သုတ်ဖို့ပေးထားရင်.. စားပွဲပေါ် ပေကျံနေတာ Tissue နဲ့သုတ်တာသူမကြိုက်ပါဘူး စားပွဲသုတ်ဖို့ အဝတ်သီးသန့်ပေးထားပါတယ်..ပါးစပ်သုတ်ပြီးလို့ စားပွဲသုတ်တာမပြောပေမယ့် စားပွဲကို tissue အသစ်နဲ့ သုတ်ရင် မကြိုက်ပါဘူး… သူကိုယ်တိုင်လည်း ထမင်းစားပြီးရင် ဘေးနားပေကျံမနေအောင် ကိုယ်တိုင်သန့်ပြီးမှ စားပွဲကထပါတယ်.. အခု..အိမ်ကမှာထားသလို မလုပ်တော့ tissue တစ်ထုပ်…

Read More

English ကို နေ့စဉ် ဘယ်လိုလေ့လာကြမလဲ

Kathryn ကို အများစုမေးမြန်းလာတဲ့ အင်္ဂလိပ်စာဘယ်လိုလေ့လာသင်ယူမလဲ??? ☝🏻☝🏻☝🏻 Kathyrn လက်တွေ့ဘယ်လိုလေ့လာလဲဆိုတာကိုမ ျှဝေချင်ပါတယ် 👩🏼‍🏫 🙋🏻‍♀️ ငယ်ငယ်ကတည်း မြန်မာအစိုးရကျောင်းကနေ ဆယ်တန်းအောင်ခဲ့ပါတယ် အင်္ဂလိပ်ကျောင်းထွက်မဟုတ်ပါဘူး ၁၀တန်းပြီးတော့လည်း မန်းလေးဆေးကျောင်းမှာ ဆရာဝန်ဘွဲ့ကိုရယူခဲ့ပါတယ် MBA ကိုလည်း မန်းလေးမြို့မှာပဲ UTCC Thai Campus မှာသင်ယူခဲ့ပါတယ် နိုင်ငံခြားမှာလည်း အကြာကြီး ပညာမသင်ယူခဲ့ပါဘူး Scholarship Program တွေရယ် workshop ရက်တိုသင်တန်းလေးတွေပဲတက်ရောက်ခဲ့ပါတယ် အင်္ဂလိပ်စာ သင်တန်းလေးတွေတော့ ငယ်စဉ်က သင်ယူခဲ့ဖူးပါတယ် 👧🏻 ✍🏻 English ဆိုတာ Kathryn တို့ကို အမိဘာသာစကားမဟုတ်တဲ့သူတွေအတွက် ဒုတိယဘာသာစကားတစ်ခုပါ.. ငယ်ငယ်ကတည်းက ပတ်ဝန်ကျင်းကမြန်မာလိုပဲပြောတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အတွက် Native speaker တစ်ယောက်လိုတော့ အသံထွက် အသံနေအသံထားတွေ စာလုံးအသုံးအနှုန်းတွေအမြဲမှန်ချင်မှမှန်ပါလိမ့်မယ် ဒီနေရာမှာ…

Read More

ရတဲ့အခွင့်ရေးတိုင်းကို အမိအရဖမ်းဆုပ်ပါ

တစ်ချို့လူတွေက ကိုယ်မှာ သူများနဲ့တူတဲ့အခွင့်အရေး မရဘူး လို့ထင်တတ်ကြတယ်တစ်ချို့ကြတော့လည်း ကမ္ဘာပေါ်မှာ ပေးထားတဲ့အခွင့်အရေးတွေအားလုံး သူများတွေပဲရတယ် ထင်ကြတယ်တကယ်တော့ အခွင့်အရေး အခွင့်အလမ်းဆိုတာ နေရာတိုင်းမှာရှိတယ် ရသင့်ရထိုက်တဲ့သူနဲ့ မရသင့်မရထိုက်တဲ့သူဆိုပြီး ရယူခြင်းကွာခြားသွားတယ်⭐️ရသင့်ရထိုက်တဲ့သူဆိုတာ ပေးထားတဲ့တာဝန်ကို အကောင်းဆုံးစွမ်းဆောင်တဲ့သူ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ အကာင်းဆုံးပုံဖော်တဲ့သူမရသင့်မရထိုက်တဲ့သူဆိုတာ ရှေ့မှာ အခွင့်အရေးပေးထားတောင် ကြိုးစားအားထုတ်မှုမပြုလုပ်ဘဲ အလကားလိုချင်တဲ့သူမျိုးငယ်ငယ်က အတန်းထဲမှာ ပန်းချီပြိုင်ပွဲ ဆိုကရေးတီးပြိုင်ပွဲတွေရှိခဲ့မယ် ပြိုင်ပွဲတွေကို လူတိုင်းပြိုင်နိုင်ဖို့ ခွင့်ပြုထားတယ် ဒါဟာလူတိုင်းအတွက်အခွင့်အရေး ဆုလိုချင်ရင် ကြိုးစားအားထုတ်ရမယ် ယှဉ်ပြိုင်ရတယ် ဒါအခွင့်အလမ်းအလုပ်ခွင်ထဲမှာလည်း သူဌေးက မခိုင်းဘဲ လုပ်တတ်တဲ့သူ ခိုင်းလိုက်ရင်လည်း တိတိကျကျနဲ့ အကောင်းဆုံး ရလဒ်ပုံဖော်နိုင်တဲ့သူကိုပဲ သူဌေးက အခွင့်အရေးပေးမှာပဲ ပျင်းရိနေပြီး သူများနဲ့ တူတဲ့အခွင့်အရေးလိုချင်လို့မရဘူးScholarship တွေ နိုင်ငံတကာကပေးတယ် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့သူကိုပဲရွေးတယ် တကယ်ရယူချင်ရင် အရည်အချင်းပြည့်အောင်ကြိုးစားရမယ် မကြိုးစားဘဲ ရယူချင်လို့မရဘူးကမ္ဘာပေါ်မှာ…

Read More

စင်ပေါ်ကလူဘယ်သူလဲ

ဟိုးတစ်ခါက ရပ်ကွက်ထဲမှာ လူတစ်ယောက်ရှိတယ် အဲဒီလူကနေ့စဉ်ဝင်ငွေ ရဖို့ ရိုးရိုးသားသား ရသလိုငွေရှာတယ် အိမ်သာကျင်းတူးတယ် သစ်ပင်ခုတ်ပေးတယ် ပန်းကန်ဆေးပေးတယ် မကြာဘူး အိမ်ထောင်ကျတယ် အမျိုးသမီးကားတိုက်ဆုံးသွားတယ်တစ်ရက်တော့ သူအလုပ်နားရေချိုးရင်း သီချင်းဆိုကနေတာကို တောရွာဘက်ပြန်လာတဲ့ ဇာတ်သဇင်ဆရာကကြားသွားပြီး ဇာတ်ထဲခေါ်ယူ အလုပ်ခိုင်းစေတယ် ဇာတ်သဘင်နဲ့နီးစပ် ဝါသနာလေးကမကင်းတော့ ဇာတ်ဆရာကလူလိုရင် ဇာတ်ပို့လုပ်ခိုင်းရင်း ဇာတ်မင်းသားဖြစ်လာတယ် နာမည်ကျော်ဇာတ်သဘင်မင်းသားဖြစ်လာတဲ့အခါ “ဟယ်မင်းသားလေးချောလိုက်တာ အားကျလိုက်တာ””တို့မင်းသားလေး အဆိုကကောင်းအကကောင်း” ဆိုကျော်ကြားလာတော့ လူတစ်ချို့ကတော့”ဒီကောင်အလကားကောင်ပါကွာ ငါ့အိမ်မှာ အိမ်သာကျင်းတူးခဲ့တဲ့အကောင်””ကျုပ်တို့အိမ်မှာ ပန်ကန်းဆေးတာပါကွာ””မုဆိုးဖိုပါကွာ” ဆိုပြောဆိုကြတယ် သူရိုးရိုးသားသားကြိုးစားခဲ့တာ အပင်ပန်းခံခဲ့တာတွေကို အသိအမှတ်မပြုကြဘူး ဘယ်လိုပဲပြောဆိုနေကြပါစေ လက်ရှိမှာ ဇာတ်သဘင်မင်းသားပါပဲ ဒါကြောင့် လက်ရှိအချိန်ကပိုတန်ဖိုးရှိပါတယ် အတိတ်သည် အနာဂတ်ကိုမသက်ရောက်ပါ လူဆိုတာဒီလိုပါပဲ ဘယ်လောက်အောင်မြင်နေပါစေ ချီးကျူးတဲ့သူရှိသလို အပုတ်ချချင်တဲ့သူရှိတယ် ပုဂ္ဂိုလ်ရေးအကြောင်းသိထားတဲ့သူတွေက အောင်မြင်လာလေ သူတို့သိတာကို လူတကာလှည့်ပြောချင်လေပါပဲ လူတစ်ယောက်အောင်မြင်ကျော်ကြားစင်ပေါ်ရောက်လေ ထောက်ပြစရာ ဒေါက်ဖြုတ်ဖို့…

Read More

အကျင့်တစ်ခုပြောင်းဖို့ အချိန် ၂ ပတ်ပဲလိုပါတယ်

ဒီနေ့ Kathryn သတိထားမိတာလေးတစ်ခုကို မျှဝေချင်ပါတယ် ❗️ လူတွေကပြောတယ် လုပ်နေကြဖြစ်သွားရင် ပြင်ရခက်တယ်တဲ့ ဒါငါ့အကျင့်ပဲ ဒါသူ့အကျင့်လေလို့ပြောကြတယ် အကျင့်ဆိုတာ အပင်ရေလောင်းသလိုပဲ ကြီးကြီးလာတယ် ကောင်းတဲ့အကျင့်ဖြစ်စေ မကောင်းတဲ့အကျင့်ဖြစ်စေ လူတွေက ကြိုက်လို့ကို မွေးထားကြတယ် အကျင့်ကို သတ်ဖြစ်ဖို့မကြိုးစားကြဘူး “Nobody was born with habits” တဲ့ အကျင့်တွေနဲ့ အတူ ဘယ်သူမှ မွေးဖွားလာတာမဟုတ်ပါဘူး တကယ်တော့ အကျင့်ဆိုတာ ကိုယ်ကလုပ်ယူထားတာပါ လုပ်ပါများလာတော့ ယဉ်ပါးလာတာပါ🤕 🔹အိပ်ရာထနောက်ကျတဲ့အကျင့် / စောစောထတဲ့အကျင့်🔹 အမြဲနောက်ကျတဲ့အကျင့် / အမြဲအချိန်တိကျတဲ့အကျင့်🔹 ဆေးလိပ်သောက်တဲ့အကျင့်🔹 ဖုန်းသုံးတဲ့အကျင့် / ဂိမ်းဆော့တဲ့အကျင့်🔹 ညတိုင်းသွားတိုက်တဲ့အကျင့် အစရှိတဲ့ အကျင့်ကောင်းအကျင့်ဆိုးတွေက ကိုယ်ကိုယ်တိုင် မွေးမြူထားတာပါ အကျင့်ဆိုး နဲ့ အကျင့်ကောင်းဆိုတာဘာကွာလဲ ⁉️ကိုယ့်ကို အကျိုးရှိတာ…

Read More

စာဖတ်ခြင်းရဲ့ကောင်းကျိုးများ

article 1

လက်ရှိဘယ်လိုစာအုပ်လက်ရှိ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်နေလဲ❓ နောက်ဆုံး စာဖတ်ခဲ့တာရော ဘယ်တုန်းကလဲ❓ မိမိလက်ရှိဖတ်နေတဲ့/ ဖတ်ခဲ့ဘူးတဲ့စာပေထဲက ဗဟုသုတရစရာ သိမှတ်ဖွယ်ရာတစ်ချို့နှင့် စာအုပ်အမည်ကို အများအကျိုးရှိအောင် comment ပေးပေးပါနော်။ 🔹အောင်မြင်နေတဲ့သူတိုင်းကမ္ဘာကျော်millionaire တွေတိုင်းမေးလိုက်ရင်စာဖတ်ကြပါတယ်ဖတ်နေတဲ့စာအုပ်အမျိုးအစားတွေသာကွာခြားသွားမယ်စာမဖတ်သူမရှိပါဘူး ဒါကြောင့်အောင်မြင်ချင်ရင်စာဖတ်ရပါတယ်🔹ဘဝမှာပျော်ရွှင်နေတဲ့သူတွေအခက်အခဲဘာတွေပဲရှိရှိ အမြဲပြုံးနေတဲ့သူတွေကိုမေးလိုက်ရင်လည်းစာဖတ်ကြပါတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့စိတ်ဓါတ်ခွန်အားရရှိစေမယ့်စာပေမျိုးတွေဖတ်သင့်ပါတယ်စာဖတ်ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုဖော်ပြလိုက်ပါတယ် 1️⃣အာရုံစူးစိုက်မှုကောင်းခြင်းစာပေထဲမှာစိတ်ဝင်တစားဖတ်ရှုဖန်များလာတဲ့အခါအာရုံစူးစိုက်မှု ပိုတိုးမြင့်လာတဲ့အတွက်ကျောင်းသင်ခန်းစာမှာပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပိုမိုဖြစ်ထွန်းပါတယ် 2️⃣အသိပညာကြွယ်ဝခြင်းစာအုပ်စာပေလူ့မိတ်ဆွေတဲ့စာပေကောင်းတွေဖတ်ခြင်းအားဖြင့်နဂိုရှိတဲ့ထက်အသိပညာကြွယ်ဝလာမယ်အချိန်ကုန်တာနဲ့အမျှပိုမိုသိမြင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်3️⃣စကားပြောကြွယ်ဝခြင်းစာဖတ်ခြင်းအားဖြင့်အသိပညာရရှိတဲ့အတွက်စကားပြောတဲ့အခါမှာလူစိတ်ဝင်စားအောင်ပြောဆိုနိုင်ခြင်းဗဟုသုတရစေမယ့်အရာတွေပြန်လည်မျှဝေနိုင်ခြင်းကြောင့်စာများများဖတ်သူများဟာစကားပြောကောင်းပါတယ် 4️⃣မှတ်ဉာဏ်မြင့်မားလာခြင်းစာပေများစွာဖတ်ခြင်းဟာဦးနှောက်ရဲ့မှတ်နိုင်စွမ်းရည်memory ကိုတိုးမြင့်စေပါတယ်မေ့တတ်ခြင်းခဏခဏသတိမေ့ခြင်းကိုလျော့နည်းစေပါတယ် 5️⃣စိတ်ဖိစီးမှုလျော့နေစေခြင်းစိတ်ညစ်နေတယ်စိတ်ဓါတ်ကျနေတယ်ဆိုရင်စာဖတ်လိုက်တာနဲ့ချက်ချင်းစိတ်တည်ငြိမ်လာပြီးစိတ်ဖိစီးမှုကိုလျော့စေပါတယ်စာဖတ်ခြင်းကြောင့်များစွားသောအကျိုးကျေးဇူးများကိုရရှိစေလို့မိတ်ဆွေများစာဖတ်ကြပါတစ်ရင်ကိုတယ်လီဖုန်းသုံးမယ့်အစားမိနစ်(၃၀)ဖြစ်ဖြစ်(၁)နာရီဖြစ်ဖြစ်စာဖတ်စေချင်ပါတယ်

Read More