Blogs
4 C in Business
စီးပွားရေးလုပ်ငန်းအတွက် မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် “C” ၄လုံး • Changes in business surroundings 4C 1. Circumstance (အခြေအနေ) ကမ္ဘာအနှံ့ထိုးထွက်လာသောစီးပွားရေးအခြေအနေများ၊ လူ့အဖွဲ့အစည်းအခွင့်အလမ်းများ၊ ပြောင်းလဲနေသော သတင်းအချက်အလက်များ၊ပတ်ဝန်းကျင်အခြေအနေ၊ ဈေးကွက်အခြေအနေ ကိုလေ့လာခြင်း သိရှိခြင်း တို့ဖြစ်တယ်။ အထက်ပါအချက်အလက်တွေဟာ ကိုယ့်လုပ်ငန်းကိုတိုက်ရိုက်ထိတွေ့မှုမရှိဘူးထင်ရပေမယ့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆက်စပ်မှုရှိပါတယ် ပြောင်းလဲမှုတွေထဲမှာ ရပ်တည်နိုင်ဖို့ ပြောင်းလဲမှုတွေထဲမှာ ရှင်သန်နိုင်ဖို့ အတွက် အခြေအနေတွေလေ့လာထားရမယ် ဥပမာ နည်းပညာတိုးတက်မှုတွေ ၊ သယံဇာတတွေနည်းပါးလာမှုတွေ စသဖြင့်ပေါ့ နည်းပညာတိုးတက်မှုမှာလည်း တိုးတက်လာတဲ့နည်းပညာကို ကိုယ့်လုပ်ငန်းမှာဘယ်လိုအသုံးချမယ် နောက်၅နှစ်နေရင်ရော ပြောင်းလဲမှုတွေကြားမှာ ကုမ္မဏီကိုမှန်ကန်စွာ ရပ်တည်နိုင်အောင်ဘယ်လိုပြင်ဆင်ထားရမယ် စသဖြင့် အခြေအနေတွေကိုလေ့လာပြီ ဆက်စပ်တွေးခေါ်ပြင်ဆင်ထားရမယ် ဈေးကွက်အတွင်းမှာလည်း ဈေးကွက်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့လိုတယ် ဘယ်လိုထုတ်ကုန်မျိုးကိုပြောင်းလဲထုတ်လုပ်ရမလဲ ပြိုက်ဘက်တွေက ဝယ်သူကိုဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲ စသဖြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြင်ဆင်ဖို့လိုတယ် 2.…
Read More၀ယ်သူ၏စိတ်မကျေနပ်မှုကိုဖြေရှင်းနည်း
မြန်မာနိုင်ငံသည် ပိုမိုတိုးတက်လာမည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်မှုများ၊ စိန်ခေါ်မှု များလည်း မြင့်မားလာမည်ဖြစ်သည်။ မိမိလုပ်ငန်း၏ ဈေးကွက်ဝေစု လျော့ကျမသွားစေရန်နှင့် ယခုထက်ပိုမိုဝေစုရရှိနိုင်ရန်မှာ လုပ်ငန်း တိုင်း၏မျော်မှန်းချက်ဖြစ်သည်။ မိမိလုပ်ငန်း၊ ကုန်ပစ္စည်း၏ဝယ်သူ များကိုစွဲဆောင်ထားနိုင်ရန်၊ ထိန်းထားနိုင်ရန်မှာလည်း အလွန် အရေးကြီးလှသည်။ အချို့အချို့သောကုမ္ပဏီများသည် ဝယ်သူ အသစ်ရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးကိုသာအထူးဂရုစိုက်ကြသည်။ လက်ရှိဝယ်သူအားဆက်လက်ထိန်းထားနိုင်ရန်မှာလည်း လွန်စွာ အရေးကြီးသည့်အချက်ပင်ဖြစ်သည်။ ဆက်လက်ထိန်းသိမ်းထားရန် အတွက် ဝယ်သူ၏စိတ်ကျေနပ်မှု (Customer’s Satisfaction) အပြည့်အဝရရှိမှုသည် အဓိကကျသည်။ ထို့အတူ ဝယ်သူ၏မကျေ နပ်မှု၊ တောင်းဆိုမှုများကို ကုမ္ပဏီတိုင်းလိုလိုကြုံတွေ့ရမှာ မလွဲ ဧကန်ဖြစ်ပါသည်။ ဝယ်သူအားအလေးထားသည့်အနေဖြင့် ယင်း ကဲ့သို့ စိတ်ကျေနပ်မှုမရရှိသောဝယ်သူများကို အထူးဂရုပြုအလေး အနက်ထားဖြေရှင်းပေးရန်မှာ လွန်စွာအရေးကြီးသည်။ စိတ်ကျေနပ်မှုမရှိသောဝယ်သူများ၏ ၃၅ ရာခိုင်နှုန်း သည် ¤င်းကုမ္ပဏီထံ နောက်ထပ်ဆက်လက်ဝယ်ယူခြင်းမရှိတော့ ဘဲ…
Read MoreMeeting’s Aim
ကုမ္မဏီတွေ ဘာကြောင့် Meeting လုပ်နေကြသလဲ ? လုပ်ငန်းတွင်းလည်ပတ်မှုများ ပိုမိုချောမွေ့စေရန် လုပ်ငန်း၏လုပ်ဆောင်ချက်များ ပိုမိုတိုးတက်စေရန် အလုပ်ခွင်၏လိုအပ်ချက်များ လုပ်ဆောင်ချက်များပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးလုပ်ကြတယ် 👩💼 အစည်းအဝေးတစ်ခုစမယ်ဆို ဆွေးနွေးမယ့်အကြောင်းအရာတစ်ခုကို ကြိုတင်အသိပေးထားရင်ပိုကောင်းပါတယ် အစည်းအဝေးဆိုတာ အထက်ကချမှတ်တဲ့ ဥပဒေကိုပဲ လိုက်နာဖို့မဟုတ်ပါဘူး ကုမ္မဏီကြီးတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းကလည်း တင်ပြခွင့်ရှိရပါတယ်🤝 အစည်းအဝေးတစ်ခုမှာ Decision Making က အရေးကြီးပါတယ်👑 တင်ပြချက်တွေထဲက ဘယ်ဟာတွေကို လုပ်ဆောင်မယ် ဘယ်အချက်တွေကို အတည်ပြုပြီး ဘယ်အချက်တွေကို ပယ်ဖျက်မယ် ပြင်ဆင်မယ် ဆိုတာမျိုးတွေကို အမှန်ကန်ဆုံး ဆုံးဖြတ်ရပါတယ် ရှေ့ဆက်လုပ်ဆောင်မယ့် အရာတိုင်းကိုလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့လည်းလိုအပ်ပါတယ် အစည်းအဝေးမှာတော့ပြောခိုင်းတယ် တကယ်လုပ်ပေးမယ်ပြောပြီး မလုပ်ပေးရင်လည်း “အချိန်ကုန် အလုပ်ပျက်” အစည်းအဝေးဖြစ်လာပြီး နောက်အခါကျ ဘယ်သူမှအကြံမပေးတော့တဲ့အပြင် ခေါင်းဆောင်အပေါ်လည်းယုံကြည်မှုနည်းလာပါတယ် Kathryn တို့ meeting လုပ်ရင်…
Read MoreProfessional ဆိုတာ
လမ်းထိပ်က ဘောလုံးပွဲမှာ နည်းပြလုပ်တာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ နည်းပြ လုပ်တဲ့သူရဲ့ အရည်အသွေးကွာခြားပါတယ်.. ခေါင်းစဥ်အရတော့ ဘောလုံးပွဲနည်းပြပါပဲ Professional ဖြစ်တာမဖြစ်တာကွာခြားပါတယ်… ကမ္ဘာ့ဖလားနည်းပြကိုခေါ်ချင်ရင် သူ့ရဲ့ တန်ရာတန်ကြေးရှိပါတယ်.. သူကလည်း လမ်းထိပ်က ဘောလုံးပွဲမှာလာသင်ပေးမှာလည်းမဟုတ်ပါဘူး.. ကမ္ဘာ့ဖလားထိနေရာရလာဖို့ သူပေးဆပ်ခဲ့တဲ့ အချိန်တွေ လေ့လာခဲ့တဲ့ပညာရပ်တွေ ဆိုတာ အများကြီးရင်းခဲ့ရတာပါ.. တစ်ချို့အရာတွေက ခုနပြောသလို ခေါင်းစဥ်အောက်မှာ တန်ဖိုးတူသတ်မှတ်လို့မရပါဘူး… လမ်းထိပ်က ဘောလုံးပွဲနည်းပြကို တိုင်းအဆင့်နည်းပြလုပ်ဖို့ အခမဲ့ အကူညီတောင်းရင်ရနိုင်ပေမယ့်…ကမ္ဘာ့ဖလားနည်းပြကိုတော့ သူ့တန်ရာတန်ကြေးပေးရပါမယ်. တန်ဖိုးလည်းမတူပါဘူး…ဒါသူ့ Profession ပါ..Profession တိုင်းအခမဲ့မရပါဘူး စျေးပေါပေါနဲ့လည်းမရပါဘူး… ပရဟိတအနေနဲ့ သူစေတနာပါရင် မိဘမဲ့ဂေဟာမှာ အားလပ်ချိန်ကလေးတွေကို အပျော်သဘော နည်းပြလုပ်ချင်လုပ်မယ်.. Business လောကမှာတော့ သူ့ profession မို့ တန်ဖိုးထားလို့ စျေးပေါ မှာမဟုတ်သလို အလကားလုပ်ပေးမှာမဟုတ်ပါဘူး..🚫 ဘယ်ပညာရပ်မဆို သင်ကြားရေး လောကမှာလည်း…
Read Moreအရင်းအမြစ်မှန်ဖို့လိုပါတယ်
အောင်မြင်မှုလိုချင်ရင် ဇွဲရှိရတယ်တဲ့ဇွဲတစ်ခုတည်းနဲ့မလုံလောက်ပါဘူး Resource ဆိုတဲ့ အရင်းအမြစ်လည်း မှန်ကန်စွာရှိဖို့လိုအပ်ပါတယ် 🚗💰 ဥပမာ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကိုကူးချင်ရင် ကိုယ့်မှာ အနည်းဆုံး ခြေလက်အင်္ဂါရှိဖို့လိုတယ်ခြေလက်အင်္ဂါ ရှိပြီးရင် ရေကူးတတ်ဖို့ skill လည်းလိုပါတယ်.. နောက်ထပ် ပိုမြန်မြန်ရောက်ချင်ရင် သင်္ဘော မော်တော်ဘုတ်လိုအပ်ပါတယ်.. ဥပမာ စစ်ပွဲတစ်ပွဲမှာ လက်ဗလာနဲ့သွားလို့မဖြစ်ဘူး လိုအပ်တဲ့ စစ်သည် ဆင်မြင်းလက်နက်လိုအပ်တယ် ကိုယ် လိုချင်တဲ့နေရာ ရောက်အောင်ပို့ပေးနိုင်တာ အရင်းအမြစ် resource ပါဒါကြောင့်ကြိုးစားတာချင်းတူတူ ရလဒ်မတူတာ အရင်းအမြစ်ရှိတာခြင်းမတူလို့ပါ တစ်ချို့က အောင်မြင်ချင်ရင် ငွေရှိရမယ်လို့ဆိုကြတယ် ငွေက အထောက်အပံ့အရင်းအမြစ်ပါ ငွေရှိတဲ့သူကတော့ မြန်မြန်ခရီးရောက်နိုင်ပါတယ် 🧩ဒါပေမယ့် ငွေရှိပြီး အရည်အချင်းမရှိရင်လည်း မရပြန်ဘူး ဒါကြောင့် အရည်အချင်း ကပို အရေးကြီးတယ် အောင်မြင်မှုတစ်ခုက ဇွဲရှိရုံနဲ့မရဘူး ရောက်အောင်ပံ့ပိုးပေးနိုင်မယ့် Resource ကလိုအပ်သလို ရှိထားတဲ့ resource…
Read Moreကင်ချီအရသာဘယ်လိုလဲ
ကင်ချီမစားဘူးသေးရင် ကင်ချီရဲ့အရသာကိုမသိသလို လက်ဖက်မစားဘူးသေးရင် လက်ဖက်ရဲ့အရသာကို မသိသလိုပဲ အောင်မြင်မှုဆိုတဲ့အရာကလည်း တစ်ကြိမ်တစ်ခါမှ ရယူမထားဘူးသေးရင် အောင်မြင်မှုရဲ့အရသာကို မသိကြဘူး… တစ်ချို့အရာတွေက ကောင်းပါတယ်ပြောနေပေမယ့် မကြုံဘူးသေးရင် ကောင်းမှန်းမသိသလို ရယူရမှန်းလည်းမသိကြဘူး အောင်မြင်ပြီးတဲ့သူတွေ ထပ်ခါထပ်ခါအောင်မြင်နေကြတယ်ဆိုတာ အောင်မြင်မှုရဲ့အရသာကို သိပြီး နှစ်သက်လို့ အဖန်ဖန်ကြိုးစားနေကြတာဖြစ်တယ်.. တစ်ကြိမ်ပဲ အောင်မြင်ဖို့ကြိုးစားကြည့်ပါ နောက်ထပ် အောင်မြင်မှုတွေလိုက်လာပါလိမ့်မယ်👑👑👑 ငယ်ငယ်က Kathryn ကိုယ်တိုင်စာမကြိုးစားဘူး စာကိုပုံမှန်ပဲမှတ်တယ် (၁၀)တန်းကျမှ mid term မှာ ဂုဏ်ထူးပါတော့ အတန်းထဲမှာ ဂုဏ်ထူးမှတ်ရတဲ့သူတွေ မတ်တပ်ရပ်ပါဆိုတော့ လူ ၁၀၀ မှာ ၃ယောက်လောက်ထဲ ကိုယ်ပါနေခဲ့တယ်လေ.. အဲဒီတုန်းက ရခဲ့တဲ့ အောင်မြင်မှုအရသာလေးကို နှစ်ခြိုက်ရင်းကြိုးစားခဲ့တာ ဒီနေ့ထိပဲ..😇 တစ်ခါတစ်ရံ တစ်ချို့သူတွေ အောင်မြင်မှုဆိုတာ ဘာမှန်းမသိဘူး… ရယူရမှန်းလည်းမသိကြဘူး.. ဘာလို့ဆို တစ်ခါမှမကြုံဖူးခဲ့လို့ပဲ.. တစ်ကြိမ်တစ်ခါပဲ ကြိုးစားပေးပါ နောက်အလိုလိုရလာပါလိမ့်မယ်…
Read Moreအခွင့်အရေးဆိုတာ
“လူတိုင်းက ဘဝမှာ အနည်းဆုံး အခွင့်အရေးတစ်ကြိမ်တော့ ရခဲ့ကြဖူးတဲ့သူတွေချည်းပါပဲ…” ☝🏻 “သတိမမူဂူမမြင်”ဆိုသလို ရှေ့တည့်တည့်မှာရောက်လာတဲ့ အခွင့်အရေးတွေကို မမြင်ခဲ့တာရယ် ပြင်ဆင်မှုအားနည်းခဲ့တော့ ရယူဖို့ မကြိုးစားခဲ့တာတွေရယ်ကြောင့်သာ မရရှိခဲ့ကြတာဖြစ်တယ် အခွင့်ရေးတိုင်းက တန်းတူမညီမျှဘူးပြောကြတယ်..ဟုတ်ပါတယ်.. လူတွေရဲ့ မြစ်ဖျားခံရာ ဇာတိမတူကြသလို ဆုပ်ပိုင်ခွင့်ရတဲ့ ရှိနေတဲ့ အရင်းမြစ်တွေမတူကြဘူးလေ.. ဒါပေမယ့် ဒီအချက်ဟာ လူတစ်ယောက် မအောင်မြင်ရခြင်းရဲ့ အကြောင်းပြချက်မျှသာဖြစ်တယ်…“ကြိုးစားရင် အောင်မြင်သူချည်းပါပဲ” ✅ အခွင့်အရေးဆိုတာ ဘယ်အချိန်လာမယ်မသိရပါဘူး.. လက်ဆုပ်လက်ကိုင်ပြုမိအောင် အမြဲမိမိကိုယ်ကိုအဖက်ဖက်က ပြည့်စုံအောင်ဖြည့်စည်းထားဖို့လိုတယ် ဥပမာ ကျွန်မတို့ ရေကူးအတော်ဆုံးကျောင်းသားတွေကို ပညာတောင်သင်လွှတ်မယ်ဆိုကြပါစို့သူများထက် ရေကူးကျွမ်းဖို့လိုတယ်.. ဒီလိုအခွင့်အရေးကိုမြင်လို့ ရေကူးသင်ခဲ့တာမဟုတ်ပေမယ့် ကြိုးစားအားထုတ်ထားခဲ့လို့ အခွင့်အရေးရတာဖြစ်ပါတယ် 💯 “ဆင်ခြေတွေနဲ့ပိတ်မိနေရင် မိမိဘဝကိုမကျေနပ် ကိုယ်တိုင်လည်းမကြိုးစားတဲ့ ၉၀% သောသူတွေထဲပါနေပါလိမ့်မယ်”“ဆင်ခြေမပေးပါနဲ့ ကြိုးစားပါ နည်းလမ်းရှာပါ အခွင့်အရေးကိူ ဖမ်းဆုပ်ပါ” 🌟 With Love, ✍🏻Dr.Kathrynwww.kathryntalks.com
Read Moreမျက်နှာများ နဲ့လူ
Kathryn တို့ လူတိုင်းက အမြဲတမ်း လူတစ်ဦးချင်းစီရဲ့ အကြောင်းအရာ အခြေအနေ အတွင်းစိတ်နေသဘောထားကို သေချာမသိဘဲ ပြင်ပသွင်ပြင်လက္ခဏာတွေနဲ့ပဲ မှတ်ချက်ချလေ့ရှိကြတယ်… 👀 ဥပမာ👇 ပထမပုံလေးလို (လက်ဝဲဘက်) နေပုံထိုင်ပုံမျိုးကို လူတစ်ဦးကတွေ့ခဲ့ရင် အကောင်းမြင်စိတ်ဘက်ကနေ”မကတ်သရင်းက သဘောကောင်းတယ် ပျော်ပျော်နေတတ်တယ် ” လို့တွေးပြီး အဆိုးမြင်စိတ်ဘက်ကနေဆို ” မကတ်သရင်း အထင်ကြီးထားတာ သူ့ကြည့်ရတာ ပေါတောတောနဲ့ တော်မယ်လို့မထင်ရဘူး ဟာသပဲ” လို့လည်းတွေးတဲ့သူရှိလိမ့်မယ် ဒုတိယပုံလေးလို👇 (လက်ယာဘက်) နေပုံထိုင်ပုံမျိုးကို လူတစ်ဦးက တွေ့ခဲ့ရင် အကောင်းမြင်စိတ်နဲ့တွေးရင် ” မကတ်သရင်းက တည်ကြည်တယ် smart ကျတယ်” တွေးတဲ့သူလည်း ရှိနိုင်သလို အဆိုးမြင်ဘက်ကကြည့်မယ်ဆို ”သူက သဘောလည်းမကောင်းဘူး စကားပြန်မပြောဘူး မဖော်ရွေးဘူး” လို့တွေးတဲ့သူတွေလည်းရှိမယ်.. အရမ်းဖော်ရွေတော့လည်း လူတွေက ငပေါလို့ ပြောကြတယ် ခပ်တည်တည်နေတော့လည်း မာနကြီးတယ်တဲ့ Kathryn တို့…
Read Moreနာကျင်မှုဆိုတာ
လူတိုင်းမှာ ကိုယ်စီ နာကျင်မှုဒဏ်ရာတွေ ရှိတတ်ကြတယ်။ သေးတာကြီးတာ ကွာခြားမယ် နာကျင်မှုအပေါ် ခံယူချက်ကွာခြားမယ် ဒါပေမဲ့ သေချာတာက အောင်မြင်သွားတဲ့သူတိုင်းက ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေကို အောင်မြင်မှုအတွက် လှေကားထစ်တွေလို အသုံးချခဲ့ကြသူများဖြစ်တယ်။ 💹 အမှားတစ်ခု ဒဏ်ရာတစ်ခုနဲ့ကြုံခဲ့တိုင်း အပြစ်တင်ခံစားနေမယ့်အစား ပိုကောင်းတဲ့နေရာတစ်ခုရောက်အောင် ကြိုးစားခဲ့ကြသူတွေဖြစ်တယ်။💪 ဒါကြောင့် ခံစားရတာများလေလေ ကိုယ့်ကိုယ်ကို အပြစ်တင်နောင်တရနေမဲ့အစား ပိုကောင်းအောင် ပိုအောင်မြင်အောင် ကြိုးစားဖို့လိုအပ်တယ်။ 🔸လူအများစုမှာ စိုးရိမ်မှုတွေရှိကြတယ်။🔸ကျရှုံးမှာ ကြောက်တယ်၊🔸မအောင်မြင်မှာ ကြောက်တယ်၊🔸စွန့်လွတ်ရမှာ ကြောက်တယ်၊🔸ကဲ့ရဲ့ခံရမှာ ကြောက်တယ်၊🔸ဝေဖန်ခံရမှာ ကြောက်တယ်၊ အဲဒီကြောက်ရွံ့မှုတွေရှိနေသ၍ သေချာတယ်၊ အောင်မြင်မှုနဲ့ဝေးနေဦးမှာပါ။ စိုးရိမ်မှုတွေကို မကျော်လွှားနိူင်သ၍ ဘဝမှာ အောင်မြင်မှုကို မြင်ရသေးမှာ မဟုတ်ပါဘူး။ တစ်လှမ်းလေးပါ ခြေတစ်လှမ်းလေးပါပဲ အဲဒီကြောက်ရွံမှုကို လှမ်းကျော်ခဲ့ပါ အောက်မြင်မှုနဲ့ နီးစပ်လာမှာပါ။ ကြောက်ရွံ့မှု စိုးရိမ်မှုက အောင်မြင်မှုအတွက် တာထွက်စမှတ်ဖြစ်ပါတယ်။ “ဘဝကိုပြောင်းလဲစေမည့် အတွေးအခေါ်များ”…
Read Moreဝါသနာပါရာလုပ်ဖို့ စိတ်ကူးတွေ ဖြစ်လာဖို့ အတွက်
“တစ်ချို့ကပြောတယ် အချိန်မလောက်ဘူးတဲ့” “တစ်ချို့ကပြောတယ် အရင်းမြစ်လိုအပ်ချက်တွေမပြည့်စုံဘူးတဲ့” “တစ်ချို့ကကျ တကယ်အကောင်ထည်ဖော်ဖို့အချိန်မကျရောက်သေးဘူးတဲ့” အသစ်တစ်ခုကိုစမယ်ဆို မစခင်မှာ လူတိုင်းမှာ အဲဒီလိုအတွေးပေါင်းများစွာခေါင်းထဲမှာပြည့်နှက်နေပါတယ်..👀 ဒီအချက်တွေကို မစဥ်းစားရဘူးလို့ မဆိုလိုပါဘူး ထည့်သွင်းစဥ်းစားရမယ်.. ဒါပေမယ့် “အချိန်မရှိဘူးသိနေရင် အချိန်ရှိအောင်လုပ်ပေးရမယ်”“အရင်းအမြစ် မလုံလောက်တာသိနေရင် လုံလောက်လာအောင်စုဆောင်းရမယ်”“အချိန်မကျသေးဘူးဆိုတာသိနေရင် အချိန်ကျလာရင် လုပ်ဆောင်နိုင်ဖို့ပြင်ဆင်ထားရမယ်” အောင်မြင်သွားတဲ့သူတိုင်းက မိုက်ရူးရဲဆန်တဇွတ်ထိုးလုပ်ခဲ့ကြတာမဟုတ်ဘူး.. ကြိုတင်ပြင်ဆင်လေ့လာရင်း နေ့စဥ်အားထုတ်ခဲ့ကြတာပါ..👣 ကိုယ့်မှာ တားဆီးနေတဲ့အချက်တွေရှိရင် အဖြေရှာပါ ပြသနာကိုအရင်ရှင်းပါ..ပြသနာကိုကျော်လွှားနိုင်ရင် အိပ်မက်နဲ့နီးလာပါပြီ အောင်မြင်မှုကြီးကြီးရဖို့က အဲဒီပြသနာသေးသေးလေးတွေကို ဖြေရှင်းခဲ့ကြရတာပါ.. အတားအဆီးတွေကို သိနေရက်နဲ့ ဆင်ခြေတွေနဲ့ပဲထားလိုက်မယ်ဆို ဘယ်တော့မှ ပျော်ရွှင်တဲ့ဘဝကိုရရှိမှာမဟုတ်ပါဘူး.. ဘယ်နေရာအားနည်းချက်ရှိတယ်.. ဘယ်လိုအရာတွေလိုအပ်နေတယ် ဆိုတာသိနေရင် ဖြည့်စည်းဖို့ကြိုးစားရမှာ မိမိတာဝန်ပါပဲ. ကြိုးစားပါ.. ကျော်လွှားပါ.တစ်နေ့တော့နီးမှာပါ.🤝 With Love, Kathryn
Read More