လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်

လူငယ်တွေမှာ အိပ်မက်တွေရှိကြတယ်..ရူးသွပ်မှုတွေရှိကြတယ်.. စိတ်ကူးသမျှကို ဖန်တီးချင်ကြတယ်… ဘဝမှာ အသက်ရှင်တုန်း လူတော်လူကောင်းဖြစ်ရမယ်.. မရောက်ဘူးတဲ့ နေရာတွေသွားမယ်..ကိုယ်ဖြစ်ချင်တာတွေဖန်တီးမယ် အများအကျိုးပြုမယ်..” ငယ်ရွယ်တဲ့အချိန်မှာ ”ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ balance ညီဖို့ အရမ်းအရေးကြီးပါတယ်”. . ဖြစ်ချင်တာတွေ အရမ်းဦးစားပေးရင် ဘဝပျက်တတ်ပါတယ်.. ဖြစ်သင့်တာလေးကိုတွဲလုပ်ရပါမယ်..ကိုယ်တိုင်လည်း ဘောင်ထဲမှာ နေခဲ့ပြီး ထူးချွန်ထက်မြတ်လာတာမဟုတ်ပါဘူး ဆေးကျောင်းတတ်တယ်.. တစ်နှစ်တစ်တန်းမှန်အောင်ဖြေတယ်.. supplie လည်းမဖြေခဲ့ရဘူး… ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဘယ်လိုတွဲလုပ်လဲဆို… ကျောင်းရဲ့ အနောက်ဘက်မှာ အဲဒီခေတ်က Acid studio ရှိတော့ တစ်ချို့အချိန်တွေ ကျောင်းလစ်ပြီး သီချင်းသွားသွားသွင်းတယ်… သူငယ်ချင်းတစ်ချို့ပဲသိတယ် အိမ်ကမသိဘူး.. ကျောင်းပွဲတွေမှာ သီချင်းဆိုတယ် ကတယ်.. .စာတွေနဲ့ပဲ ပိနေခဲ့တာမဟုတ်ပါဘူး..ဖြစ်ချင်တာလေးတွေရအောင်လုပ်လေ့ရှိတယ်…ဒါပေမယ့် တစ်ဖက်က လေ့လာခြင်းကိုမရပ်ခဲ့ဘူး.. ဆေးကျောင်းစာအပြင် အဂ်လိပ် 4 skills တက်တယ် တရုတ်စာသင်တယ်.(၄တန်းထိတက်ပါတယ်).…

Read More

ရိုးသားတယ်ဆိုတာ

” လူတစ်ယောက်ရိုးသားတယ် ဆိုတာ ထုံအခြင်း ဘာမှ မသိခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး ”ရိုးသားတယ်ဆိုတာ ဘဝမှာ မလိမ်မညာတာ မှန်ကန်စွာ ရှင်သန်ရပ်တည်ခြင်းကို ဆိုလိုပါတယ်.. ငယ်စဥ်ကတည်းက သူငယ်ချင်းတွေ တူတူဆော့ကစားတဲ့အခါ ကြားဖူးကြမှာပါ.. ”သူက ညစ်ပတ်တယ် သူ့ကို မခေါ်နဲ့.. သူနဲ့ မကစားချင်ဘူး”… ညစ်ပတ်တဲ့သူ လိမ်တတ်တဲ့သူ ကလိန်ကကျစ်ကျတဲ့သူဆို ကလေးကတည်းတောင် တူတူမဆော့ချင်ကြပါဘူး… လူတိုင်းက ရိုးသားတာကို နှစ်သက်ကြပါတယ်… ကလေးတွေတောင်မှ ဆော့ကစားတိုင်းညစ်တဲ့သူဆို ကြီးလာတဲ့အခါတောင် အလုပ်တူတူမလုပ်ချင်ကြပါဘူး… သူ့မှာ ညစ်တတ်တဲ့ အကျင့်ရှိနေလို့ပါပဲ..လုပ်ငန်းခွင်မှာ လည်း လုပ်ဖော်ကိုင်ဘက်တွေ ချစ်ခင်တဲ့သူဟာ ‘ရိုးသားသူ’ပါပဲ.. မလိမ်ညာတတ်ဘူး အလုပ်အပေါ် ရိုးသားတယ်… အလုပ်ခွင်ထဲမှာ လုပ်ငန်းရှင်ရဲ့ ပစ္စည်းဥစ္စာတွေ ကိုယ်ကျိုးအတွက်မသုံးဘူး… လုပ်ဖော်ကိုင်ဘက်တွေချင်း ကိုယ့်တာဝန်ကိုကျေတယ်.. သူတစ်ပါးအပေါ် ချောက်မချတတ်ဘူး.. ဒါလည်း…

Read More

လူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်

” .. လူငယ်တွေဆိုတာ အရမ်းစူးစမ်းတယ်… လူကြီးပြောရင် လက်မခံချင်ဘူး… အချက်လက်နဲ့ သက်သေပြနိုင်မှယုံကြည်ကြတယ်.. ” Kathryn ကိုယ်တိုင်လည်း အဲလိုလူတစ်ယောက်ပါပဲ.. ငယ်ငယ်တည်းက သာမန်ရိုးကျ ဘဝကို ဖြတ်သန်းချင်သူတစ်ယောက်မဟုတ်ဘူး… စူးစမ်းချင်တယ်.. သူများပြောတိုင်းလက်မခံချင်ဘူး.. ”ဟုတ်လို့လား ဟုတ်ရဲ့လား”.. တွေးတယ်… မသေချာဘဲ အချက်ကျကျရှင်းမပြဘဲ…ထင်ယောင်ထင်မှား ပြောတာဆို လက်မခံချင်ဘူး… ကိုယ့်ရဲ့စိတ်က ‘ဟုတ်တယ်’လို့ မပြောမချင်း လက်မခံတတ်ဘူး.. ကိုယ်တိုင်ရှာဖွေတယ် ဟုတ်လား.. မဟုတ်ဘူးလားဆိုတာကို..အဲလိုစိတ်မျိုးရှိရင် ဒီစာကိုဖတ်စေချင်ပါတယ်.. ပထမဆုံး အမျိုးစားခွဲပြချင်ပါတယ်..တစ်ချို့လူတွေက သူများပြောသမျှ ယုံလွယ်တယ်.. အကြောင်းအရာတစ်ခုကိုပဲ ဒီလူက ဒီလိုပြောရင် အဲလိုတွေးတတ်တယ်..နောက်တစ်ယောက်က တစ်မျိုးပြောရင် အဲဒီလိုလိုက်တွေးလိုက်ပြန်တယ်.. ဒါက ဆင်ခြင်တုံတရား တွေးခေါ်မှုနည်းတဲ့သူမှာ အများဆုံးတွေးရတယ်. နောက်တစ်မျိုးက သူများသူများပြောသမျှ ဘာမှလက်မခံဘူး.. ငြင်းတယ်.. အကျပ်ရိုက်အောင်မေးတယ်… ဘယ်သူဘာပြောပြောလက်မခံချင်ဘူး..ဒါက လောကကြီးကို မိမိအမြင်တစ်ခုတည်းနဲ့…

Read More

မိန်းကလေးတိုင်းလှလှလေးနေချင်ကြတယ်

မိန်းကလေးတိုင်း အမျိုးသမီးတိုင်းကတော့ “အောင်မြင်ချင်ကြတယ်.. ကြွယ်ဝချမ်းသာချင်ကြတယ်… လှလှလေးနေချင်ကြတယ်” ဒီ (၃)ချက်က တကယ်တော့ အချက်တစ်ခုတည်းနဲ့ ကိုက်ညီတယ်.. ကြွယ်ဝချမ်းသာလာရင် အောင်မြင်လာမယ် အောင်မြင်လာရင် လှပစွာ နေလို့ရတယ်..မအောင်မြင်ခင်မှာ မပြည့်စုံခင်မှာတော့ ကြိုးစားအားထုတ်ရမယ်..အဲဒီအချိန်မှာတော့ လှပမှုကို အချိန်ပေးချင်မှပေးနိုင်လိမ့်မယ်…ကိုယ်တိုင်အစအဆုံးအလုပ်တွေ လုပ်နေတဲ့အချိန်မို့ပါ… အောင်မြင်လာတဲ့အချိန်မှာတော့ ကိုယ့်အစား သူများလာလုပ်ပေးပါလိမ့်မယ် ဒါကြောင့် ငယ်ရွယ်ချိန်မှာ ကြိုးစားပါ ” ငယ်ရွယ်ချိန်မှာ မကြိုးစားခဲ့ရင် ကျန်တဲ့ဘဝတစ်လျှောက်မှာ အောင်မြင်တဲ့ သူတွေအတွက် အလုပ်လုပ်ပေးရလိမ့်မယ်” အောင်မြင်ပျော်ရွှင် ကြွယ်ဝချမ်းသာ လှပဖို့ဆို ငယ်ရွယ်စဥ်မှာ ဘယ်လိုစုဆောင်းကြမလဲ.. (1) အသိပညာစုဆောင်းပါ.. လေ့လာပါ သင်ယူပါ အပျင်းမထူပါနဲ့..သေချာမသိတာမှန်သမျှ ‘ဟုတ်မှာပါ’လို့ မထားပါနဲ့ သေချာသိတဲ့ထိလေ့လာသင်ယူပါ.. (2) အတွေ့အကြုံကိုရှာဖွေပါ..လုပ်ငန်းခွင်တစ်ခုခုမှာ စီမံခန့်ခွဲမှုတွေ လည်ပတ်မှုတွေ သိရအောင် ဝင်ရောင်လုပ်ကိုင်ပါ… မိမိရနေတဲ့ အလုပ်ကိုတန်ဖိုးထားပါ.. တာဝန်ကျေအောင်လုပ်ပါ…

Read More

အလုပ်ဆိုတာ အချိန်ပြည့်လုပ်ဖို့လိုလား

“အလုပ်ဆိုတာ အချိန်ပြည့်လုပ်ဖို့လိုလား” တစ်ချို့ Kathryn အမြဲရေးတဲ့ post တွေဖတ်တော့ အမြဲအလုပ်လုပ်နေရမှာလား ၂၄နာရီ မနားရတော့ဘူးလား တွေးမိပါလိမ့်မယ်..အလုပ်ဘယ်လိုလုပ်သင့်လဲ … လွန်ခဲ့တဲ့ ၉နှစ်က စီးပွားရေးသင်တန်းတစ်ခုမှာ ဆရာမ မေးတယ် ” ယခုလက်ရှိ ဝင်ငွေရဖို့ တစ်ရက်ကို အလုပ်ဘယ်နှစ်နာရီလုပ်လဲ တဲ့ ” ကျောင်းသား/သူ တွေ ဖြေ ကြတယ်..တစ်ချို့က ၁၀ နာရီ တစ်ချို့ ၈နာရီ ၆နာရီ ၄နာရီ .. ဆရာမ က ဘာပြောလဲဆိုတော့ ” ဝင်ငွေရတာချင်းတူတူ အချိန်နည်းနည်းပဲ အလုပ်လုပ်ရရင် တကယ့် Boss ပဲ”တဲ့.. ဥပမာဆိုကြပါစို့.. ၁သိန်းရဖို့ ၁နာရီပဲ လုပ်ရတဲ့ သူနဲ့ ၁သိန်းရဖို့ ၁လ လုပ်ရတဲ့သူ အသိညာဏ်အရည်ချင်းတော့ကွာမယ် စီမံခန့်ခွဲမှုကွာခြားမယ်..…

Read More

“ယုံကြည်မှုမရှိဘူး”

“ယုံကြည်မှုမရှိဘူး”တဲ့… လူအများစုပြောကြတယ်… ယုံကြည်မှုပျောက်ဆုံးတယ်.. မိမိကိုယ်ကို ယုံကြည်မှု မရှိဘူးတဲ့ …ကိုယ့်ကိုယ်ပြန်တွေးကြည့်ဘူးလား… ဘယ်နေရာတွေမှာ Confidence လို့ခေါ်တဲ့ ယုံကြည်မှု မရှိတာလဲ… ဘယ်နေရာတွေမှာရော ယုံကြည်မှုတွေအားကြီးနေလဲဆိုတာ…ဒါကြောင့်မို့ လူတွေကို မိမိကိုယ်ကို စဥ်းစားသုံးသပ်ချိန်ပေးသင့်တယ် မိမိကိုယ်ကို ပြန်စမ်းစစ်ဖို့ အချိန်ယူရကြရတယ်…တနေ့က ကိုယ့်ကိုယ်ကို စမ်းစစ်ရင်း တွေးမိတယ်.. လူတိုင်းက နေရာတိုင်းမှာ မတော်နိုင်ဘူး… ကိုယ်မသိမတတ်တဲ့နေရာ လူတိုင်းမှာရှိတယ်… လူတွေအများစုပြောကြတဲ့ ယုံကြည်မှုဆိုတာရော… လူတစ်ယောက်က နေရာတိုင်းမှာ ယုံကြည်မှုအပြည့်မရှိနိုင်ဘူး.. ‘ကျွမ်းကျင်ရာလိမ္မာ’ ဆိုတဲ့အတိုင်း ကိုယ်ကျွမ်းကျင်တဲ့နေရာတွေမှာ ယုံကြည်မှုအပြည့်ရှိနေကြပြီး ကိုယ်မသိမတတ်တဲ့နေရာမှာ ယုံကြည်မှုအားနည်းကြတယ်… လက်တွေ့ဘဝမှာလည်း အဲဒီလိုပဲ ကိုယ်လုပ်နေကျကိစ္စရပ်တွေ ကျွမ်းကျင်နေတဲ့ ကိစ္စတွေမှာ သတိမထားမိအောင်ယုံကြည်မှုရှိနေတတ်ကြတယ်…. “ဒီဟာဖြစ်ချင်တယ် ဟိုဟာလည်းဖြစ်ချင်တယ်” ”ယုံကြည်မှုကမရှိဘူး ဘယ်လိုလုပ်ရမလဲ” ဆို ရင် အဲဒီကိစ္စရပ်မှာ တတ်မြောက်အောင်သင်ယူရမယ် အကျွမ်းဝင်လာအောင်လေ့ကျင့်ရမယ် ကျွမ်းကျင်တဲ့အထိ…

Read More

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် Idea သစ်တွေရစေဖို့ နည်းလမ်းများ

စီးပွားရေးလုပ်ငန်းတစ်ခုမှာ လုပ်ငန်းသစ်ပဲဖြစ်နေပါစေ.. လည်ပတ်နေတဲ့ သက်တမ်းကြာနေပြီဖြစ်တဲ့ လုပ်ငန်းမျိုးပဲဖြစ်ပါစေ.. ရှေ့ဆက်ရပ်တည်နိုင်ဖို့ Idea သစ်တွေဆိုတာ အမြဲလိုအပ်ပါတယ်..‼ 🔸တစ်ချို့လုပ်ငန်တွေမှာ လည်ပတ်နေရင်းပဲ အသစ်တွေလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်. ခဏမှာမသိသာပေမယ့် ဆန်းသစ်မှုမလုပ်တဲ့အခါမှာ ရေရှည်ရပ်တည်ဖို့ခက်ခဲလာပါတယ်.. အခုလို ပြောင်းလဲအရွေ့မြန်တဲ့လုပ်ငန်းတွေမှာ ခေတ်နဲ့အညီဆန်းသစ်နိုင်ဖို့လိုအပ်ပါတယ်.. 🔸မိမိလက်ရှိလုပ်ငန်းကို ယခင်နဲ့မတူဘဲ ထူးခြားမှုပြောင်းလဲမှု လုပ်ချင်ရင်ဖြစ်စေ၊ လုပ်ငန်းချဲ့ထွင်ချင်ရင်ဖြစ်စေ Idea ကပဲ စပါတယ် မိမိလုပ်ငန်းမှာ ဆန်းသစ်မှု ထူးခြားမှုတစ်ခုခုပြုလုပ်ချင်တဲ့အခါမှာ Kathryn ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တဲ့ idea သစ်ရစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်🤝 🔹၁. မိမိလုပ်ငန်းကို လုပ်ငန်းရှင်အနေဖြင့် ပြန်မကြည့်ဘဲ. ဝယ်သူနေဖြင့် ပြန်ကြည့်ပါ.. (ဒီလိုဆို လုပ်ငန်းရဲ့ လိုအပ်ချက်တွေများစွာပြင်ရမယ့် အချက်များစွာမြင်လာပါမယ်)မိမိဆိုင်ကို စဝင်လာကတည်းက လုပ်ငန်းရှင်တစ်ယောက်အနေထက် ဝယ်သူတစ်ယောက်အနေဖြင့် ဆိုင်အပြင်အဆင်ကအစ အထားအသို ၊ ဝန်ထမ်းတွေ၏ ဆက်ဆံမှုများကို လေ့လာပါ။…

Read More

Motivation Words

No one can go back and change a bad beginning. But, anyone can start now and create a successful ending. မည်သူမှ ဆိုးရွားသောစတင်မှုနှင့်အတိတ်ဆီကို ပြန်မစတင်နိုင်ပါဘူး၊ သို့သောလူတိုင်းလက်ရှိအနေအထားမှ တဆင့် အောင်မြင်တဲ့အဆုံးသတ်မှုတွေကိုတော့ ပြုလုပ်နိုင်ပါတယ်။ • Every successful person has a painful story. Every painful story has a successful ending (Accept the pain and get ready for Success) အောင်မြင်သော လူတိုင်းမှာ နာကျင်စရာကောင်းသော ပုံပြင်တွေရှိတက်စမြဲပါပဲ။ နာကျင်စရာ…

Read More

အလုပ်စလုပ်တိုင်းမြတ်လား

စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ မှာ အမြတ်ဆိုတာ နောက်ဆုံးမှ စဉ်းစားရမယ့်အရာဖြစ်တယ် ဒီနေရာမှာ အမြတ်က အရေးမပါဘူးလားလို့မေးစရာဖြစ်လာတယ် အလုပ်တစ်ခုကို စတင်လုပ်ကြမယ်ဆိုပါစို့ အရေးကြီးဆုံးစဉ်းစားရမှာက ကိုယ့်လုပ်ငန်း ကိုယ့်ပစ္စည်းကို သုံးစွဲသူတွေ ယုံကြည်လက်ခံလာဖို့က ပထမ နောက်ပြီး တစ်ခါဝယ်ဖူးသွားတဲ့သူတွေ ထပ်မံရောက်လာဖို့ ဝန်ဆောင်မှုကလည်းလိုသေးတယ် ဝယ်သူတွေရှိလာပြီဆိုရင် ငွေဝင်လာမယ် အဲဒီငွေနဲ့လုပ်ငန်းကိုပထမဆုံးလည်ပတ်ဖို့လိုလာတယ် ကုန်ပစ္စည်းပေါ်မှာ အသားတင်အမြတ် (ဝယ်ဈေး-ရောင်းဈေး)ကတော့ မြတ်နေမယ် လုပ်ငန်းအတွက် ရင်းထားတဲ့ ဆိုင်ခန်းခတွေ ပြင်ဆင်စရိတ်တွေ ဝန်ထမ်းလစာတွေ ကြော်ငြာစရိတ်တွေ အခြားအထွေထွေအသုံးစရိတ်တွေကို ထည့်တွက်လိုက်တဲ့အခါမှာ အလုပ်သစ်တစ်ခုက အရှုံးပြဖို့များပါတယ် လုပ်ငန်းတစ်ခုတိုင်းမှာ ကနဦးအဆင့် (early stage) မှာ အရမ်းအခက်အခဲဖြစ်တယ် ဒီအဆင့်ကနေကျော်နိုင်သွားတဲ့အခါမှာ စတင်လည်ပတ်လို့ချောမွေ့လာတယ် ဈေးကွက်ထဲမှာလည်း ဆိုင်အသစ်တော်တော်များများက early stage မှာပဲ ပြန်ပိတ်သွားကြတယ် အစပိုင်းမှာ ကုမ္မဏီထူထောင်ရတာ သူများအတွက်ပိုက်ဆံရှာပေးရသလိုပါပဲ…

Read More

Relationship in HR Management

၀န်ထမ်းတွေ ထွက်တယ် ဝန်ထမ်းတွေမမြဲဘူး ဆို ကုမ္မဏီတွေ ခဏခဏပြောကြတယ်. Kathryn တို့ ကုမ္မဏီမှာလည်း အခြေကျမယ်ရှိသေး ဟိုလူကထွက် ဒီလူကထွက်နဲ့ ထွက်တဲ့လူပြန်ဖြည့်လိုက်နဲ့ HR ဌာနကဘယ်တော့မှ မတည်ငြိမ်ဘူး.. Kathryn တို့ကုမ္မဏီမှာ ငယ်ငယ်လေးကတည်းက လုပ်ကိုင်ကြတဲ့ သက်တမ်း နှစ် ၂၀ ရှိတဲ့သူ ၁၀နှစ်ရှိတဲ့သူနဲ့ ၅နှစ်ပြည့်တဲ့သူတွေလည်းရှိသလို ဝင်လိုက်ထွက်လိုက်နဲ့ ၁လသား ၂လသား ၆လသားလေးတွေလည်းရှိတယ် သက်တမ်းကြာတဲ့သူတွေကျလည်း ကိုယ့်ကိုချစ်လို့ကိုယ်နဲ့ပဲလုပ်ချင်ပါတယ်ဆိုမြဲနေတတ်ကြတယ်.. ဒီကြားထဲပြသနာက လသားလေးတွေပဲ… ၀န်ထမ်းလိုလို့ Interview တွေခေါ်တယ် အလုပ်ကနားထားတဲ့သူတွေလာလျှောက်ကြသလို အလုပ်ရှိရက်နဲ့လာရောက်ကြတဲ့သူတွေလည်းရှိတယ်.. လုပ်ငန်းရှင်အချင်းချင်းလည်း တွေတဲ့အခါ ဝန်ထမ်းတွေမမြဲဘူးဆို ငြီးတွားကြတယ်..တစ်ခါတစ်လေ ကိုယ်က အရည်အချင်လေးရှိလို့ ပျိုးထောင်ပေးမယ်တွေးထားရင် ထွက်ကြပြန်ပြီ.. မိသားစုလိုထားလည်းမရ ကုမ္မဏီလိုတင်းကျပ်လည်းမရ ကြာလာတော့ HR Manager လည်း စိတ်ညစ်လာ Training…

Read More