Professional ဆိုတာ
လမ်းထိပ်က ဘောလုံးပွဲမှာ နည်းပြ
လုပ်တာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ နည်းပြ လုပ်တဲ့သူရဲ့ အရည်အသွေးကွာခြားပါတယ်..
ခေါင်းစဥ်အရတော့ ဘောလုံးပွဲနည်းပြပါပဲ Professional ဖြစ်တာမဖြစ်တာကွာခြားပါတယ်…
ကမ္ဘာ့ဖလားနည်းပြကိုခေါ်ချင်ရင် သူ့ရဲ့ တန်ရာတန်ကြေးရှိပါတယ်.. သူကလည်း လမ်းထိပ်က ဘောလုံးပွဲမှာလာသင်ပေးမှာလည်းမဟုတ်ပါဘူး..
ကမ္ဘာ့ဖလားထိနေရာရလာဖို့ သူပေးဆပ်ခဲ့တဲ့ အချိန်တွေ လေ့လာခဲ့တဲ့ပညာရပ်တွေ ဆိုတာ အများကြီးရင်းခဲ့ရတာပါ..
တစ်ချို့အရာတွေက ခုနပြောသလို ခေါင်းစဥ်အောက်မှာ တန်ဖိုးတူသတ်မှတ်လို့မရပါဘူး… လမ်းထိပ်က ဘောလုံးပွဲနည်းပြကို တိုင်းအဆင့်နည်းပြလုပ်ဖို့ အခမဲ့ အကူညီတောင်းရင်ရနိုင်ပေမယ့်…ကမ္ဘာ့ဖလားနည်းပြကိုတော့ သူ့တန်ရာတန်ကြေးပေးရပါမယ်. တန်ဖိုးလည်းမတူပါဘူး…ဒါသူ့ Profession ပါ..Profession တိုင်းအခမဲ့မရပါဘူး စျေးပေါပေါနဲ့လည်းမရပါဘူး… ပရဟိတအနေနဲ့ သူစေတနာပါရင် မိဘမဲ့ဂေဟာမှာ အားလပ်ချိန်ကလေးတွေကို အပျော်သဘော နည်းပြလုပ်ချင်လုပ်မယ်.. Business လောကမှာတော့ သူ့ profession မို့ တန်ဖိုးထားလို့ စျေးပေါ မှာမဟုတ်သလို အလကားလုပ်ပေးမှာမဟုတ်ပါဘူး..🚫
ဘယ်ပညာရပ်မဆို သင်ကြားရေး လောကမှာလည်း ဒီလိုပါပဲ သရုပ်ဆောင်လောကမှာလည်း ဒီလိုပါပဲ အနုပညာလောကမှာလည်းဒီလိုပဲ စီးပွားရေးလောက မှာလည်းဒီလိုပါပဲ မိတ်ကပ်ပညာရှင် ဒီဇိုင်နာပညာရှင် အစရှိသဖြင့် အကုန်လုံးကို တူတူသတ်မှတ်လို့မရပါဘူး.. ❗
ဥပမာ အခုမှတတ်သစ်စ တတ်ခါစ မိတ်ကပ်ဆရာကို ၃သောင်းပေးရပေမယ့်
ထိပ်တန်းဆရာကို နှစ်သိန်းကစ အနည်းဆုံးပေးချင်ပေးရပါမယ်..
အခုမှ တတ်ခါစ ဒီဇိုင်နာကို တစ်စုံ ၅သောင်းပေးရပေမယ့် ထိပ်တန်းဆရာကို သိန်းချည်ပေးရမှာပါပဲ…
ဒါကို မတန်ဘူး…များတယ် တန်ဖိုးဖြတ်လို့မရဘူး..it’s called ‘the profession’.🌸
လူတစ်ယောက်ရဲ့ profession ကို အလကားလိုချင်လို့မရပါဘူး..
ချမ်းသာကြွယ်ဝချင်ရင် လုပ်လို့ရတာနှစ်မျိုးရှိပါတယ်..👇
တစ်မျိုးက Business owner/Investor
နောက်တစ်မျိုးက Profession ပါ.. ပညာရပ်တစ်ခုမှာ ထိပ်တန်းရောက်အောင်ကြိုးစားခြင်းဖြစ်ပါတယ်
“If you are excellent at something, you shouldn’t give it free, people won’t appreciate your value”.
“တစ်စုံတစ်ခုမှာ အရမ်းကျွမ်းကျင်လာရင် အခမဲ့ မပေးသင့်ပါဘူး, လူတွေကမင်းရဲ့တန်ဖိုးကို အသိမှတ်မပြုဘဲနေပါလိမ့်မယ်”
With Love,
Dr.Kathryn
ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ။စာတွေ အများကြီး ဖြန်.ဝေပေးလိုပါ။
ဆရာမရေးသားတဲ.စာအုပ်နှစ်အုပ်ဖတ်ဖူးပါတယ်။ တတိယစာအုပ်တော.မှာမရလို စာအုပ်ကုန်သွားလို. မဖတ်ရသေးပါ။
ပိုအောငိမြင်ပါစေ ဆရာမ။