
အရင်းအမြစ်မှန်ဖို့လိုပါတယ်
အောင်မြင်မှုလိုချင်ရင် ဇွဲရှိရတယ်တဲ့
ဇွဲတစ်ခုတည်းနဲ့မလုံလောက်ပါဘူး Resource ဆိုတဲ့ အရင်းအမြစ်လည်း မှန်ကန်စွာရှိဖို့လိုအပ်ပါတယ် 🚗💰
ဥပမာ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကိုကူးချင်ရင် ကိုယ့်မှာ အနည်းဆုံး ခြေလက်အင်္ဂါရှိဖို့လိုတယ်
ခြေလက်အင်္ဂါ ရှိပြီးရင် ရေကူးတတ်ဖို့ skill လည်းလိုပါတယ်.. နောက်ထပ် ပိုမြန်မြန်ရောက်ချင်ရင် သင်္ဘော မော်တော်ဘုတ်လိုအပ်ပါတယ်..
ဥပမာ စစ်ပွဲတစ်ပွဲမှာ လက်ဗလာနဲ့သွားလို့မဖြစ်ဘူး လိုအပ်တဲ့ စစ်သည် ဆင်မြင်းလက်နက်လိုအပ်တယ် ကိုယ် လိုချင်တဲ့နေရာ ရောက်အောင်ပို့ပေးနိုင်တာ အရင်းအမြစ် resource ပါ
ဒါကြောင့်ကြိုးစားတာချင်းတူတူ ရလဒ်မတူတာ အရင်းအမြစ်ရှိတာခြင်းမတူလို့ပါ တစ်ချို့က အောင်မြင်ချင်ရင် ငွေရှိရမယ်လို့ဆိုကြတယ် ငွေက အထောက်အပံ့အရင်းအမြစ်ပါ ငွေရှိတဲ့သူကတော့ မြန်မြန်ခရီးရောက်နိုင်ပါတယ် 🧩
ဒါပေမယ့် ငွေရှိပြီး အရည်အချင်းမရှိရင်လည်း မရ
ပြန်ဘူး ဒါကြောင့် အရည်အချင်း ကပို အရေးကြီးတယ်
အောင်မြင်မှုတစ်ခုက ဇွဲရှိရုံနဲ့မရဘူး ရောက်အောင်ပံ့ပိုးပေးနိုင်မယ့် Resource ကလိုအပ်သလို ရှိထားတဲ့ resource တွေကလည်း မှန်ကန်ဖို့လိုအပ်ပါတယ် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ရဖို့ တတ်နိုင်သမျှ ကြိုးစားပြီး အရင်းအမြစ်များစုဆောင်းရှာဖွေပါ
ဒါဆို ပန်းတိုင်နဲ့အမြန်နီးစပ်လာပါတယ်🎯
With Love
Dr.Kathryn ❤️
Thanks
ကျေးဇူးတင်ပါတယ် ဆရာမ။
မသိသေးတဲ.သူတွေအတွက် တော.ဆရာမရဲ.စကားလုံးတိုင်တွေ ခွန်းအားဖြစ်စေပါတယ်။
စာတွေအများကြီး sharing လုပ်နိုင်ပါစေ ဆရာမ။
အများကြီး အောင်မြင်ပါစေ။