အခွင့်အရေးဆိုတာ

“လူတိုင်းက ဘဝမှာ အနည်းဆုံး အခွင့်အရေးတစ်ကြိမ်တော့ ရခဲ့ကြဖူးတဲ့သူတွေချည်းပါပဲ…” ☝🏻

“သတိမမူဂူမမြင်”ဆိုသလို ရှေ့တည့်တည့်မှာရောက်လာတဲ့ အခွင့်အရေးတွေကို မမြင်ခဲ့တာရယ် ပြင်ဆင်မှုအားနည်းခဲ့တော့ ရယူဖို့ မကြိုးစားခဲ့တာတွေရယ်ကြောင့်သာ မရရှိခဲ့ကြတာဖြစ်တယ်

အခွင့်ရေးတိုင်းက တန်းတူမညီမျှဘူးပြောကြတယ်..
ဟုတ်ပါတယ်.. လူတွေရဲ့ မြစ်ဖျားခံရာ ဇာတိမတူကြသလို ဆုပ်ပိုင်ခွင့်ရတဲ့ ရှိနေတဲ့ အရင်းမြစ်တွေမတူကြဘူးလေ.. ဒါပေမယ့် ဒီအချက်ဟာ လူတစ်ယောက် မအောင်မြင်ရခြင်းရဲ့ အကြောင်းပြချက်မျှသာဖြစ်တယ်…
“ကြိုးစားရင် အောင်မြင်သူချည်းပါပဲ” ✅

အခွင့်အရေးဆိုတာ ဘယ်အချိန်လာမယ်မသိရပါဘူး..

လက်ဆုပ်လက်ကိုင်ပြုမိအောင် အမြဲမိမိကိုယ်ကိုအဖက်ဖက်က ပြည့်စုံအောင်ဖြည့်စည်းထားဖို့လိုတယ်

ဥပမာ ကျွန်မတို့ ရေကူးအတော်ဆုံးကျောင်းသားတွေကို ပညာတောင်သင်လွှတ်မယ်ဆိုကြပါစို့
သူများထက် ရေကူးကျွမ်းဖို့လိုတယ်.. ဒီလိုအခွင့်အရေးကိုမြင်လို့ ရေကူးသင်ခဲ့တာမဟုတ်ပေမယ့် ကြိုးစားအားထုတ်ထားခဲ့လို့ အခွင့်အရေးရတာဖြစ်ပါတယ် 💯

“ဆင်ခြေတွေနဲ့ပိတ်မိနေရင် မိမိဘဝကိုမကျေနပ် ကိုယ်တိုင်လည်းမကြိုးစားတဲ့ ၉၀% သောသူတွေထဲပါနေပါလိမ့်မယ်”
“ဆင်ခြေမပေးပါနဲ့ ကြိုးစားပါ နည်းလမ်းရှာပါ အခွင့်အရေးကိူ ဖမ်းဆုပ်ပါ” 🌟

With Love,

✍🏻Dr.Kathryn
www.kathryntalks.com

1 Comments

  1. Saw Mya Nandar on 18/07/2021 at 8:14 PM

    Thanks a lots !!

Leave a Comment