
မိန်းကလေးတိုင်းလှလှလေးနေချင်ကြတယ်
မိန်းကလေးတိုင်း အမျိုးသမီးတိုင်းကတော့ “အောင်မြင်ချင်ကြတယ်.. ကြွယ်ဝချမ်းသာချင်ကြတယ်… လှလှလေးနေချင်ကြတယ်”
ဒီ (၃)ချက်က တကယ်တော့ အချက်တစ်ခုတည်းနဲ့ ကိုက်ညီတယ်..
ကြွယ်ဝချမ်းသာလာရင် အောင်မြင်လာမယ် အောင်မြင်လာရင် လှပစွာ နေလို့ရတယ်..မအောင်မြင်ခင်မှာ မပြည့်စုံခင်မှာတော့ ကြိုးစားအားထုတ်ရမယ်..အဲဒီအချိန်မှာတော့ လှပမှုကို အချိန်ပေးချင်မှပေးနိုင်လိမ့်မယ်…ကိုယ်တိုင်အစအဆုံးအလုပ်တွေ လုပ်နေတဲ့အချိန်မို့ပါ… အောင်မြင်လာတဲ့အချိန်မှာတော့ ကိုယ့်အစား သူများလာလုပ်ပေးပါလိမ့်မယ် ဒါကြောင့် ငယ်ရွယ်ချိန်မှာ ကြိုးစားပါ ” ငယ်ရွယ်ချိန်မှာ မကြိုးစားခဲ့ရင် ကျန်တဲ့ဘဝတစ်လျှောက်မှာ အောင်မြင်တဲ့ သူတွေအတွက် အလုပ်လုပ်ပေးရလိမ့်မယ်”
အောင်မြင်ပျော်ရွှင် ကြွယ်ဝချမ်းသာ လှပဖို့ဆို ငယ်ရွယ်စဥ်မှာ ဘယ်လိုစုဆောင်းကြမလဲ..
(1) အသိပညာစုဆောင်းပါ.. လေ့လာပါ သင်ယူပါ အပျင်းမထူပါနဲ့..သေချာမသိတာမှန်သမျှ ‘ဟုတ်မှာပါ’လို့ မထားပါနဲ့ သေချာသိတဲ့ထိလေ့လာသင်ယူပါ..
(2) အတွေ့အကြုံကိုရှာဖွေပါ..လုပ်ငန်းခွင်တစ်ခုခုမှာ စီမံခန့်ခွဲမှုတွေ လည်ပတ်မှုတွေ သိရအောင် ဝင်ရောင်လုပ်ကိုင်ပါ… မိမိရနေတဲ့ အလုပ်ကိုတန်ဖိုးထားပါ.. တာဝန်ကျေအောင်လုပ်ပါ
(3) ငွေရှာတတ်အောင် သင်ပါအရင်းနှီးများစရာမလိုပါဘူး.. ၅ကျပ်ကနေ ၁၀ ရအောင် ဘယ်လိုလုပ်မလဲ ၁၀ကနေ ၂၀.. တဖြည်းဖြည်း တစ်ဆင့်ချင်းတက်ရှာနိုင်အောင်သင်ယူပါ
(4) စာပေ ဗဟုသုတများစွာဖတ်ပါစာပေထဲမှာ သင့်ဘဝမှာ မရနိုင်တဲ့ အရာတွေရှိပါတယ်..
(5) အောင်မြင်နေတဲ့သူတွေကို အတုယူပါတကယ်လက်တွေ့အောင်မြင်နေတဲ့သူတွေရဲ့ ကြိုးစားခဲ့မှု ဘဝသင်ခန်းစာတွေနားထောင်ပါ မှတ်သားပါ လိုက်လုပ်ပါ”
အချိန်နဲ့အမျှ ဦးနှောက်ထဲမှာ အောင်မြင်မှုကိုပဲ တွေးနေရင် ဦးနှောက်က အလိုလို နည်းလမ်းရှာပေးပါလိမ့်မယ်..နေ့စဥ်မပြတ် လုပ်ဆောင်နေတာနဲ့ တစ်နေ့ကိုယ်လိုချင်တဲ့ ဘဝကိုရရှိပါလိမ့်မယ်… အချိန်ဖြုန်းဖို့ပဲ စဥ်းစားနေတဲ့ သူတစ်ယောက်ကိုလည်း အချိန်ဖြုန်းရမယ့်နည်းလမ်းတွေပဲ ဦးနှောက်ကပေးမှာပါ…”
ချစ်ခြင်းများဖြင့်
Dr.Kathryn
Thanks
Thank you more တီချယ်
I’m interested.
I want to be successful and beautiful
ဆရာမက ကျွန်မလေးစားရတဲ့သူတွေထဲကတစ်ယောက်ပါ
ဆရာမရဲ့ကောင်းမွန်တဲ့ကြိုးစားအားထုတ်နိုင်စွမ်းတွေကို
လေးစားအတုယူရင်း ကြိုးစားလျှက်
Thin mar htay
ဆရာမရဲ့ သင်ကြားမှု့ကို
နားထောင်ခွင့် သင်ယူခွင့်ရရှိခဲ့လို့
အတိုင်းမသိဝမ်းသာရပါတယ်ဆရာမ
ကျေးဇူးအများကြီး တင်ပါတယ် ရှင့်
နယ်ကဆိုကြသင်တန်းတွေတက်ဖို့အတွက်မသေးစိတ် ရှင်းလင်းအောင်နည်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ချယ်။ အမျိုးသမီးေတွအေနနဲ့ ကြိုးစားချင်စိတ်ရှိအောင် ထူးချွန်ထက်မြက်အောင် လုပ်ရဲ့ကိုင်ရဲ နည်းမှန် လမ်းမှန် ခွန်အားတွေ ပေးတဲ့အတွက် တီချယ်ရှိသင်တန်းတက်ရကျိုးနှပ်ပါတယ်ချယ်။
Thanks တီချယ်
ကျေးဇူးတင်ပါတယ် ဆရာမ။
ဆရာမသင်ုကြားပေးတဲ.စကားလုံးတိုင်း သိရှိခွင့်,နားထောင်ခွင့် သင်ယူခွင့်ရရှိခဲ့လို့ဝမ်းသာပါတယ်ဆရာမ
ကျေးဇူလည်းအများကြီး တင်ပါတယ် လူငယ်တွေ လူကြီးတွေပါ အများကြီး sharing လုပ်နိုင်ပါစေ။
ဆရာမ အများကြီးအောင်မြင်ပါစေ။
Thz a lot teacher
Thank you teacher