နာကျင်မှုဆိုတာ

လူတိုင်းမှာ ကိုယ်စီ နာကျင်မှုဒဏ်ရာတွေ ရှိတတ်ကြတယ်။ သေးတာကြီးတာ ကွာခြားမယ် နာကျင်မှုအပေါ် ခံယူချက်ကွာခြားမယ် ဒါပေမဲ့ သေချာတာက အောင်မြင်သွားတဲ့သူတိုင်းက ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေကို အောင်မြင်မှုအတွက် လှေကားထစ်တွေလို အသုံးချခဲ့ကြသူများဖြစ်တယ်။ 💹


အမှားတစ်ခု ဒဏ်ရာတစ်ခုနဲ့ကြုံခဲ့တိုင်း အပြစ်တင်ခံစားနေမယ့်အစား ပိုကောင်းတဲ့နေရာတစ်ခုရောက်အောင် ကြိုးစားခဲ့ကြသူတွေဖြစ်တယ်။💪

ဒါကြောင့် ခံစားရတာများလေလေ ကိုယ့်ကိုယ်ကို အပြစ်တင်နောင်တရနေမဲ့အစား ပိုကောင်းအောင် ပိုအောင်မြင်အောင် ကြိုးစားဖို့လိုအပ်တယ်။

🔸လူအများစုမှာ စိုးရိမ်မှုတွေရှိကြတယ်။
🔸ကျရှုံးမှာ ကြောက်တယ်၊
🔸မအောင်မြင်မှာ ကြောက်တယ်၊
🔸စွန့်လွတ်ရမှာ ကြောက်တယ်၊
🔸ကဲ့ရဲ့ခံရမှာ ကြောက်တယ်၊
🔸ဝေဖန်ခံရမှာ ကြောက်တယ်၊

အဲဒီကြောက်ရွံ့မှုတွေရှိနေသ၍ သေချာတယ်၊ အောင်မြင်မှုနဲ့ဝေးနေဦးမှာပါ။ စိုးရိမ်မှုတွေကို မကျော်လွှားနိူင်သ၍ ဘဝမှာ အောင်မြင်မှုကို မြင်ရသေးမှာ မဟုတ်ပါဘူး။

တစ်လှမ်းလေးပါ ခြေတစ်လှမ်းလေးပါပဲ အဲဒီကြောက်ရွံမှုကို လှမ်းကျော်ခဲ့ပါ အောက်မြင်မှုနဲ့ နီးစပ်လာမှာပါ။ ကြောက်ရွံ့မှု စိုးရိမ်မှုက အောင်မြင်မှုအတွက် တာထွက်စမှတ်ဖြစ်ပါတယ်။

“ဘဝကိုပြောင်းလဲစေမည့် အတွေးအခေါ်များ” စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်

Dr.Kathryn ရေးသားသော အရောင်းရဆုံးစာအုပ်များကို မှာယူနိုင်ပါတယ်

With Love,

Dr.Kathryn

နာကျင်မှုဆိုတာအောင်မြင်မှုအတွက် လှေကားထစ်တွေဖြစ်တယ်

1 Comments

  1. Saw Mya Nandar on 18/07/2021 at 8:43 PM

    စာတွေအများကြီး sharing လုပ်ပေးတဲ.အတွက် ကျေးဇူးအများတင်ပါတယိ ဆရာမ။

Leave a Comment