“စေ့စပ်တဲ့သူ”

ဒီနေ့ နေ့လည်စာထမင်းစားတော့ Tissue ထုတ်ပေါ် ရက်စွဲရေးထားတာတွေ့လို့မေးတော့.. အဖေရေးထားတာတဲ့.. Tissue တွေ ခဏခဏထုတ်လို့ ဘယ်နှရက်နေကုန်လဲ သိအောင်လို့တဲ့…😢

တစ်ခါတစ်ရံ Kathryn တို့ အများစုလွဲနေတာတွေရှိပါတယ်..

🔸စေ့စပ်တာနဲ့ ကပ်စေးနည်းတာမတူပါဘူး.. စေ့စပ်တယ်ဆိုတာ သုံးသင့်တဲ့နေရာမှာပဲ သုံးတယ် မလိုရင်မသုံးစွဲဘူး ချွေတာခြင်းကို ဆိုလိုပါတယ်

🔸ကပ်စေးနည်းတယ်ဆိုတာ ပေးသင့်တာမပေးကမ်းဘူး ကျွေးမွေးသင့်တာတွန့်တိုတာကိုဆိုလိုပါတယ်

Kathryn ရဲ့ ဖေဖေက အရမ်းစေ့စပ်သူပါ.. ခဏပြောသလိုပဲ Tissue ကို ပါးစပ်သုတ်ဖို့ပေးထားရင်.. စားပွဲပေါ် ပေကျံနေတာ Tissue နဲ့သုတ်တာသူမကြိုက်ပါဘူး စားပွဲသုတ်ဖို့ အဝတ်သီးသန့်ပေးထားပါတယ်..
ပါးစပ်သုတ်ပြီးလို့ စားပွဲသုတ်တာမပြောပေမယ့် စားပွဲကို tissue အသစ်နဲ့ သုတ်ရင် မကြိုက်ပါဘူး… သူကိုယ်တိုင်လည်း ထမင်းစားပြီးရင် ဘေးနားပေကျံမနေအောင် ကိုယ်တိုင်သန့်ပြီးမှ စားပွဲကထပါတယ်.. အခု..အိမ်ကမှာထားသလို မလုပ်တော့ tissue တစ်ထုပ် ဘယ်နရက်ကြာလဲ သိရအောင် အသစ်ထုတ်တဲ့ရက် ရက်စွဲရေးထားတာတဲ့..❗

အိမ်မှာလည်း မီးဆိုဖွင့်ပြီးပြန်ပိတ်ရတယ် မပိတ်ဘဲထားခဲ့ရင် ဆူခံရပါတယ် အခန်းထဲ လူမရှိဘဲ Aircon ဖွင့်ထားရင်ဆူခံရတယ်
သူ့အိတ်ထဲမှာ ပိုက်ဆံလေးတွေဆို ကြီးစဥ်ငယ်လိုက်စီထည့်ပါတယ်.. Kathryn တို့ထည့်ထားတာ ပွစီလန်နေရင်ဆူခံရပါတယ်… စာအုပ်တစ်အုပ်ကိုသုံးရင် ကုန်တဲ့ထိသူသုံးတယ် ဟောင်းနေလို့ဆိုအသစ်မလဲဘူး.. အဲလောက်ထိစေ့စပ်ပါတယ်

အဖေငယ်တည်းက ဆုံးမတာရှိတယ်

“လိုလို့ဝယ်ရင်သုံးတာ မလိုဘဲဝယ်ရင်ဖြုန်းတာ အသုံးနဲ့အဖြုန်းကို ခွဲခြားသိပါတဲ့”

အဲနေ့ကတည်းက Kathryn မလိုဘဲ မဝယ်မိအောင်ကြိုးစားနေထိုင်ခဲ့တယ်

ဒီနေရာမှာ ဘာကိုဆိုလိုချင်လဲဆို စေ့စပ်တဲ့သူတွေက ဘဝမှာ စုမိဆောင်းမိပြီး ချမ်းသာလာကြတာပါပဲ… အောက်ခြေကစပြီးအောင်မြင်လာသူတွေကိုကြည့်မယ်ဆို စေ့စပ်သူတွေချည်းပါပဲ..

တစ်ချို့သူတွေ ငွေရှာနိုင်ပေမယ့် ရှာသလောက်ကုန်ကြတာ မချွေတာလို့ပါပဲ မစေ့စပ်လို့ပါပဲ

ဒါကြောင့်မို့ စေ့စပ်တာနဲ့ ကပ်စေးနည်းတာ ခွဲခြားသိပါစေ.. သုံးတာနှင့်ဖြုန်းတာခွဲခြားသိပါစေ..

With Love,

Dr.Kathryn 💖
www.kathryntalks.com

Leave a Comment