 
		စင်ပေါ်ကလူဘယ်သူလဲ
ဟိုးတစ်ခါက ရပ်ကွက်ထဲမှာ လူတစ်ယောက်ရှိတယ် အဲဒီလူကနေ့စဉ်ဝင်ငွေ ရဖို့ ရိုးရိုးသားသား ရသလိုငွေရှာတယ် အိမ်သာကျင်းတူးတယ် သစ်ပင်ခုတ်ပေးတယ် ပန်းကန်ဆေးပေးတယ် မကြာဘူး အိမ်ထောင်ကျတယ် အမျိုးသမီးကားတိုက်ဆုံးသွားတယ်
တစ်ရက်တော့ သူအလုပ်နားရေချိုးရင်း သီချင်းဆိုကနေတာကို တောရွာဘက်ပြန်လာတဲ့ ဇာတ်သဇင်ဆရာကကြားသွားပြီး ဇာတ်ထဲခေါ်ယူ အလုပ်ခိုင်းစေတယ် ဇာတ်သဘင်နဲ့နီးစပ် ဝါသနာလေးကမကင်းတော့ ဇာတ်ဆရာကလူလိုရင် ဇာတ်ပို့လုပ်ခိုင်းရင်း ဇာတ်မင်းသားဖြစ်လာတယ်
နာမည်ကျော်ဇာတ်သဘင်မင်းသားဖြစ်လာတဲ့အခါ “ဟယ်မင်းသားလေးချောလိုက်တာ အားကျလိုက်တာ””တို့မင်းသားလေး အဆိုကကောင်းအကကောင်း” ဆိုကျော်ကြားလာတော့ လူတစ်ချို့ကတော့”ဒီကောင်အလကားကောင်ပါကွာ ငါ့အိမ်မှာ အိမ်သာကျင်းတူးခဲ့တဲ့အကောင်””ကျုပ်တို့အိမ်မှာ ပန်ကန်းဆေးတာပါကွာ””မုဆိုးဖိုပါကွာ” ဆိုပြောဆိုကြတယ် သူရိုးရိုးသားသားကြိုးစားခဲ့တာ အပင်ပန်းခံခဲ့တာတွေကို အသိအမှတ်မပြုကြဘူး ဘယ်လိုပဲပြောဆိုနေကြပါစေ လက်ရှိမှာ ဇာတ်သဘင်မင်းသားပါပဲ ဒါကြောင့် လက်ရှိအချိန်ကပိုတန်ဖိုးရှိပါတယ် အတိတ်သည် အနာဂတ်ကိုမသက်ရောက်ပါ
လူဆိုတာဒီလိုပါပဲ ဘယ်လောက်အောင်မြင်နေပါစေ ချီးကျူးတဲ့သူရှိသလို အပုတ်ချချင်တဲ့သူရှိတယ် ပုဂ္ဂိုလ်ရေးအကြောင်းသိထားတဲ့သူတွေက အောင်မြင်လာလေ သူတို့သိတာကို လူတကာလှည့်ပြောချင်လေပါပဲ လူတစ်ယောက်အောင်မြင်ကျော်ကြားစင်ပေါ်ရောက်လေ ထောက်ပြစရာ ဒေါက်ဖြုတ်ဖို့ အကြောင်းအရာရှာကြတာပါပဲ
အဲလိုလာပြောတဲ့သူတွေကို မင်းသားလေးကဘာပြောလဲဆို
“ဟုတ်တာပါပဲ အမှန်တွေပါပဲ ဒါပေမယ့် ခုကျုပ်ဇာတ်သဘင်မင်းသားဖြစ်နေပြီလေ ကျုပ်ဘဝကျုပ်ကျေနပ်တယ်” တဲ့
ဇာတ်မင်းသားကတော့ ကျရာနေရာအကောင်းဆုံးကနေမှာပဲ ဘယ်လိုပဲလူတွေပြောနေနေ ကိုယ်ကစင်ပေါ်ကလူပဲမဟုတ်လား လူဆိုတာလည်း စင်အောက်ငုံ့ကြည့်မပြောကြဘူးလေ စင်ပေါ်ကလူကိုပဲမော်ကြည့်ပြောကြတာသဘာဝပါပဲ
ကျရာနေရာအကောင်းစုံပုံဖော်ရင်း အနာဂတ်ကိုကြိုးစားကြစို့
 
				