ရတဲ့အခွင့်ရေးတိုင်းကို အမိအရဖမ်းဆုပ်ပါ

တစ်ချို့လူတွေက ကိုယ်မှာ သူများနဲ့တူတဲ့အခွင့်အရေး မရဘူး လို့ထင်တတ်ကြတယ်တစ်ချို့ကြတော့လည်း ကမ္ဘာပေါ်မှာ ပေးထားတဲ့အခွင့်အရေးတွေအားလုံး သူများတွေပဲရတယ် ထင်ကြတယ်
တကယ်တော့ အခွင့်အရေး အခွင့်အလမ်းဆိုတာ နေရာတိုင်းမှာရှိတယ် ရသင့်ရထိုက်တဲ့သူနဲ့ မရသင့်မရထိုက်တဲ့သူဆိုပြီး ရယူခြင်းကွာခြားသွားတယ်⭐️
ရသင့်ရထိုက်တဲ့သူဆိုတာ ပေးထားတဲ့တာဝန်ကို အကောင်းဆုံးစွမ်းဆောင်တဲ့သူ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ အကာင်းဆုံးပုံဖော်တဲ့သူ
မရသင့်မရထိုက်တဲ့သူဆိုတာ ရှေ့မှာ အခွင့်အရေးပေးထားတောင် ကြိုးစားအားထုတ်မှုမပြုလုပ်ဘဲ အလကားလိုချင်တဲ့သူမျိုး
ငယ်ငယ်က အတန်းထဲမှာ ပန်းချီပြိုင်ပွဲ ဆိုကရေးတီးပြိုင်ပွဲတွေရှိခဲ့မယ် ပြိုင်ပွဲတွေကို လူတိုင်းပြိုင်နိုင်ဖို့ ခွင့်ပြုထားတယ် ဒါဟာလူတိုင်းအတွက်အခွင့်အရေး ဆုလိုချင်ရင် ကြိုးစားအားထုတ်ရမယ် ယှဉ်ပြိုင်ရတယ် ဒါအခွင့်အလမ်း
အလုပ်ခွင်ထဲမှာလည်း သူဌေးက မခိုင်းဘဲ လုပ်တတ်တဲ့သူ ခိုင်းလိုက်ရင်လည်း တိတိကျကျနဲ့ အကောင်းဆုံး ရလဒ်ပုံဖော်နိုင်တဲ့သူကိုပဲ သူဌေးက အခွင့်အရေးပေးမှာပဲ ပျင်းရိနေပြီး သူများနဲ့ တူတဲ့အခွင့်အရေးလိုချင်လို့မရဘူး
Scholarship တွေ နိုင်ငံတကာကပေးတယ် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့သူကိုပဲရွေးတယ် တကယ်ရယူချင်ရင် အရည်အချင်းပြည့်အောင်ကြိုးစားရမယ် မကြိုးစားဘဲ ရယူချင်လို့မရဘူး
ကမ္ဘာပေါ်မှာ ပေးထားတဲ့ အခွင့်အရေးတွေက အားလုံးအတွက် တန်းတူပါပဲ
ကိုယ်ကိုယ်တိုင် ရှေ့မှာရောက်လာတဲ့ အခွင့်လမ်းတိုင်းကို ဖမ်းဆုပ်နိုင်ဖို့ပဲ
တစ်ချို့က အခွင့်အရေးရတယ် ကြိုးစားအားထုတ်မှုမပြုချင်တော့ လက်လွတ်လိုက်ကြတယ် သူများရမှ ဪငါလုပ်ခဲ့ရမှာဆို နောင်တရကြတယ်
တကယ်တော့ ဘယ်လိုအခွင့်အလမ်းပဲရလာလာ သေသေချာချာပြင်ဆင် အကောင်းဆုံး ကြိုးစားခဲ့မယ်ဆို တစ်ကြိမ်မဟုတ်တစ်ကြိမ်မှာ အမိအရ ယူနိုင်မှာပါပဲ
အခွင့်အလမ်းတွေ့လာရင် ကြိုးစားပါ အားထုတ်ပါ အမိအရ ဖမ်းဆုပ်ပါ

1 Comments

  1. Saw Mya Nandar on 18/07/2021 at 10:20 PM

    Thanks a lots sayama !!

Leave a Comment