အလုပ်ဆိုတာ အချိန်ပြည့်လုပ်ဖို့လိုလား

“အလုပ်ဆိုတာ အချိန်ပြည့်လုပ်ဖို့လိုလား” ‼

တစ်ချို့ Kathryn အမြဲရေးတဲ့ post တွေဖတ်တော့ အမြဲအလုပ်လုပ်နေရမှာလား ၂၄နာရီ မနားရတော့ဘူးလား တွေးမိပါလိမ့်မယ်..အလုပ်ဘယ်လိုလုပ်သင့်လဲ ⁉

လွန်ခဲ့တဲ့ ၉နှစ်က စီးပွားရေးသင်တန်းတစ်ခုမှာ ဆရာမ မေးတယ် ” ယခုလက်ရှိ ဝင်ငွေရဖို့ တစ်ရက်ကို အလုပ်ဘယ်နှစ်နာရီလုပ်လဲ တဲ့ ” ⏱ကျောင်းသား/သူ တွေ ဖြေ ကြတယ်..တစ်ချို့က ၁၀ နာရီ တစ်ချို့ ၈နာရီ ၆နာရီ ၄နာရီ .. ဆရာမ က ဘာပြောလဲဆိုတော့ ” ဝင်ငွေရတာချင်းတူတူ အချိန်နည်းနည်းပဲ အလုပ်လုပ်ရရင် တကယ့် Boss ပဲ”တဲ့..⏰

ဥပမာဆိုကြပါစို့.. ၁သိန်းရဖို့ ၁နာရီပဲ လုပ်ရတဲ့ သူနဲ့ ၁သိန်းရဖို့ ၁လ လုပ်ရတဲ့သူ အသိညာဏ်အရည်ချင်းတော့ကွာမယ် စီမံခန့်ခွဲမှုကွာခြားမယ်.. လူတွေကြွယ်ဝချင်ကြတယ် ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ အများစုကနည်းလမ်းမသိကြဘူး.. လုပ်တော့လုပ်နေတယ်ဖြစ်မလာဘူး.. ကိုယ့်ကိုယ်မအားဘူး အလုပ်ရှုပ်နေတယ်ထင်တယ် ဒါပေမယ့် ကိုယ်ရှာခဲ့တဲ့ ၁လ စာ ကို တစ်ချို့က ၁နာရီနဲ့ရှာနေကြပြီ.. ဘာကွာသွားတာလဲ ⁉

အလုပ်ကိုပဲ အသည်းအသန်လုပ်နေပြီး ပြန်မသုံးသပ်လို့ပါဘဲ.. ”ငါဒီလမ်းလျှောက်နေတာ ဒီလိုဖြစ်လာမှာဟုတ်ရဲ့လား ” လို့ စဥ်းစားသူနည်းခဲ့တယ်.. အများစုက တွေးတောစဥ်းစားချိန်နည်းတယ် စာဖတ်အားနည်းတယ် နည်းလမ်းမရှာကြဘူး… လုပ်မြဲအတိုင်းလုပ်နေတယ်..😓

လူတစ်ယောက်က အိပ်ရာထမှာ Phone charging သွင်းထားလို့ ပြည့်လာသလိုပဲ မနက်ခင်းထခါစ ၃နာရီက ဦးနှောက်က အလန်းဆန်းဆုံးပါ 😇 ဒါကြောင့် မနက်စာကို များများစားပါပြောကြတယ်.. နေ့တိုင်း မနက်ပိုင်းမှာ စဥ်းစားရမယ့်အရာတွေ မလုပ်မဖြစ်တဲ့အရာတွေ.. တွေးခေါ်ရမယ့်အရာတွေလုပ်ပါ… နေ့ခင်းပိုင်းကျ energy ကျပါတယ် အဲဒီအချိန်ကျ စဥ်းစားစရာအရမ်းမလိုတဲ့ နေ့ဓတူဝအလုပ်ကိုလုပ်ပါ.. ညနေပိုင်းကျ ရေချိုး အနားယူပါ စာဖတ်ပါ တရားထိုင်ပါ အသစ်တွေလေ့လာပါ.. ညမှာတစ်ခါ နောက်ရက်လုပ်ရမယ့်အရာပြန်စဥ်းစားပါ….အားလပ်ရက်မှာ အနားယူပါ.. ပြန်အားမွေးပါ.. အသစ်သစ်သော ရလဒ်တွေရဖို့ နေရာသစ်တွေသွားပါ..✔

တစ်ချို့လူတွေ အလုပ်ကြိုးစားပါလို့ပြောရင် ကာယအလုပ်ကိုပဲ မြင်ကြတယ် သူဌေးဖြစ်ချင်ရင် ညာဏ အလုပ်ကိုလုပ်ရမယ်.. ဦးနှောက်ကိုသုံးရမယ် တွေးတတ်အောင်ကျင့်ရမယ်.. ခန္ဓာ ကိုယ်က အနားယူလို့ရတယ် ဦးနှောက်ကတော့ လုပ်နေရမယ်..တွေးနေရမယ်..💭

ကိုယ်အလုပ်တစ်ခုမှာ 24/7 လိုနေပြီဆို ပြန်စဥ်းစားရမယ်… ကိုယ်မပါဘဲ ဖြစ်လာမယ့် အနေထားကိုရောက်ဖို့ဆိုတာ ESBI ရဲ့ B အဆင့်ကိုတော့ အနည်းဆုံးရောက်မှရပါမယ်..

“Work smart ဖြစ်လာဖို့ ကာယအားထက် ညာဏအားပိုလိုပါတယ်”

“Work hard တော့ ဖြစ်ပြီး Work smart ဖြစ်မလာရင် ဘဝက ပင်ပန်းနေမှာပါ…”‼

မေတ္တာဖြင့်

Kathryn♥

1 Comments

  1. pyonemon on 19/07/2021 at 11:24 PM

    Thanks a lot.

Leave a Comment