အကျင့်တစ်ခုပြောင်းဖို့ အချိန် ၂ ပတ်ပဲလိုပါတယ်

ဒီနေ့ Kathryn သတိထားမိတာလေးတစ်ခုကို မျှဝေချင်ပါတယ် ❗️

လူတွေကပြောတယ် လုပ်နေကြဖြစ်သွားရင် ပြင်ရခက်တယ်တဲ့ ဒါငါ့အကျင့်ပဲ ဒါသူ့အကျင့်လေလို့ပြောကြတယ် အကျင့်ဆိုတာ အပင်ရေလောင်းသလိုပဲ ကြီးကြီးလာတယ် ကောင်းတဲ့အကျင့်ဖြစ်စေ မကောင်းတဲ့အကျင့်ဖြစ်စေ လူတွေက ကြိုက်လို့ကို မွေးထားကြတယ် အကျင့်ကို သတ်ဖြစ်ဖို့မကြိုးစားကြဘူး

“Nobody was born with habits” တဲ့ အကျင့်တွေနဲ့ အတူ ဘယ်သူမှ မွေးဖွားလာတာမဟုတ်ပါဘူး တကယ်တော့ အကျင့်ဆိုတာ ကိုယ်ကလုပ်ယူထားတာပါ လုပ်ပါများလာတော့ ယဉ်ပါးလာတာပါ🤕

🔹အိပ်ရာထနောက်ကျတဲ့အကျင့် / စောစောထတဲ့အကျင့်
🔹 အမြဲနောက်ကျတဲ့အကျင့် / အမြဲအချိန်တိကျတဲ့အကျင့်
🔹 ဆေးလိပ်သောက်တဲ့အကျင့်
🔹 ဖုန်းသုံးတဲ့အကျင့် / ဂိမ်းဆော့တဲ့အကျင့်
🔹 ညတိုင်းသွားတိုက်တဲ့အကျင့် အစရှိတဲ့ အကျင့်ကောင်းအကျင့်ဆိုးတွေက ကိုယ်ကိုယ်တိုင် မွေးမြူထားတာပါ

အကျင့်ဆိုး နဲ့ အကျင့်ကောင်းဆိုတာဘာကွာလဲ ⁉️
ကိုယ့်ကို အကျိုးရှိတာ ဖြစ်စေရင် အကျင့်ကောင်းဖြစ်ပြီး ကိုယ့်ကို အကျိုးယုတ်စေရင် အကျင့်ဆိုးပါပဲ

ဒီအကျင့်တွေကို မွေးမြူဖို့က (၂)ပတ်ပဲလိုအပ်ပါတယ်
Kathryn အရင်က အလုပ်လုပ်ပြီး ခဏနားနားရင် ဖေ့ဘုတ်သုံးလေ့ရှိတယ် ခုအလုပ်လုပ်ပြီး ဖေ့ဘုတ်သုံးမယ့်အစား တရားထိုင်တဲ့အကျင့်လေးရလာတယ်

ဒီနေ့ (၁)နာရီ ၂ကြိမ်တရားထိုင်ဖြစ်တယ် ဒီနေရာမှာ ဘာကိုသတိထားမိလာလည်းဆိုတော့ အကျင့်တစ်ခုပြောင်းဖို့ ၂ပတ်လိုတယ်ဆိုတာ တကယ်မှန်တယ် (၂)ပတ်ကျော်သွားရင် အကျင့်တစ်ခုမှအသားကျသွားတယ် တရားစခန်း(၁၅)ရက်မှာ ဖုန်းလည်းမသုံးရ တစ်ရက်ကို (၉)ကြိမ် တရားလုပ်ရတော့ အဲဒီအကျင့်လေးကပါလာတယ် အဲဒီအကျင့်ပျောက်မသွားအောင်ဆက်ထိန်းဖို့ပဲလိုတယ်

အရင်ကလည်း သတိထားမိတာ ဂျင်မဆော့တာကြာရင် ပြန်ဆော့ကာစမှာနာတယ် (၂)ပတ်ကျော်သွားရင် အသားကျလာတယ် အဲလိုပဲမကောင်းတဲ့အကျင့်တစ်ခုဆိုရင်လည်း အသားကျဖို့ (၂)ပတ်ပဲလိုတယ် ဒါပေမယ့် မကောင်းတဲ့အကျင့်က ပိုစွဲလွယ်တယ်

အိပ်ရာထနောက်ကျတတ်တာအကျင့်ဖြစ်နေရင် (၂)ပတ်လေးပဲစောစောထကြည့်ပါ (၂)ပတ်ကျော်တာနဲ့ အလိုလို အချိန်ကျရင် နိုးလာပါလိမ့်မယ်

ဒါကြောင့်မို့ အကျင့်တစ်ခုစဖို့ အရာရာက (၂)ပတ်ပဲ အဲဒီ (၂)ပတ်ကို ဇွဲရှိရှိကျော်နိုင်ရင် ရပြီ ပထမအစ (၂)ပတ်မှာတော့ နေ့စဉ်ရက်ဆက် ပြုလုပ်ဖို့လိုအပ်ပါတယ်

ဒီလိုပဲမကောင်းတဲ့အကျင့်တစ်ခုဖြတ်ဖို့လည်း (၂)ပတ်အနည်းဆုံးလိုပါတယ် (၂)ပတ်ဆို နေသားကျလာပြီး (၂)လဆို သေချာပေါက်လုပ်နိုင်ပြီလို့ သုတေသီတွေကဆိုထားပါတယ်

ပြောင်းလဲချင်တဲ့ အကျင့်တွေရှိလား စိတ်ဓါတ်မကျပါနဲ့ (၂)ပတ်ပဲလိုပါတယ် ပထမဆုံး (၂)ပတ်မှာတော့ မိမိစိတ်ကိုယ် မိမ်နိုင်ဖို့လိုပါတယ် (၂)ပတ်ကျော်ရင် သင်ကိုယ်တိုင်ပျော်ရွှင်လာပါလိမ့်မယ်

That 2 weeks can change your life ❗️Never give up ❗️

Leave a Comment