
ရိုးသားတယ်ဆိုတာ
” လူတစ်ယောက်ရိုးသားတယ် ဆိုတာ ထုံအခြင်း ဘာမှ မသိခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး ”ရိုးသားတယ်ဆိုတာ ဘဝမှာ မလိမ်မညာတာ မှန်ကန်စွာ ရှင်သန်ရပ်တည်ခြင်းကို ဆိုလိုပါတယ်..
ငယ်စဥ်ကတည်းက သူငယ်ချင်းတွေ တူတူဆော့ကစားတဲ့အခါ ကြားဖူးကြမှာပါ.. ”သူက ညစ်ပတ်တယ် သူ့ကို မခေါ်နဲ့.. သူနဲ့ မကစားချင်ဘူး”…
ညစ်ပတ်တဲ့သူ လိမ်တတ်တဲ့သူ ကလိန်ကကျစ်ကျတဲ့သူဆို ကလေးကတည်းတောင် တူတူမဆော့ချင်ကြပါဘူး… လူတိုင်းက ရိုးသားတာကို နှစ်သက်ကြပါတယ်…
ကလေးတွေတောင်မှ ဆော့ကစားတိုင်းညစ်တဲ့သူဆို ကြီးလာတဲ့အခါတောင် အလုပ်တူတူမလုပ်ချင်ကြပါဘူး… သူ့မှာ ညစ်တတ်တဲ့ အကျင့်ရှိနေလို့ပါပဲ..လုပ်ငန်းခွင်မှာ လည်း လုပ်ဖော်ကိုင်ဘက်တွေ ချစ်ခင်တဲ့သူဟာ ‘ရိုးသားသူ’ပါပဲ..
မလိမ်ညာတတ်ဘူး အလုပ်အပေါ် ရိုးသားတယ်… အလုပ်ခွင်ထဲမှာ လုပ်ငန်းရှင်ရဲ့ ပစ္စည်းဥစ္စာတွေ ကိုယ်ကျိုးအတွက်မသုံးဘူး… လုပ်ဖော်ကိုင်ဘက်တွေချင်း ကိုယ့်တာဝန်ကိုကျေတယ်.. သူတစ်ပါးအပေါ် ချောက်မချတတ်ဘူး.. ဒါလည်း ‘ရိုးသားခြင်းပါပဲ
‘Relationship မှာလည်းအဲလိုပဲ ရိုးသားမှ တည်မြဲတယ်… မကြာခဏ ဖုံးကွယ်နေတယ် လိမ်ညာနေတယ်ဆို မတည်မြဲတော့ဘူး… အလုပ်ရှင်နဲ့ ဝန်ထမ်းကြား..နောက်မိသားစုထဲမှာတောင် မရိုးသားသူဆို မယုံကြည်ကြပါဘူး….နေရာတိုင်းမှာလည်း ‘ ရိုးသားမှု ‘ က တန်ဖိုးရှိတယ်..
အလုပ်ရှင်ဖြစ်လာရင်ပဲ ဖြစ်ဖြစ် အကြီးကဲ ဖြစ်လာရင်ပဲ ဖြစ်ဖြစ် ရိုးသားတဲ့သူကိုပဲ လူတွေချစ်ခင်လေးစားကြပါတယ်…လူတစ်ယောက်ဘယ်ကိုသွားသွား နာမည်ကောင်း အမည်ကောင်းရှိတာ ‘ရိုးသားမှု’ ဂုဏ်ကြောင့်ပဲ…
ရိုးသားမှုကို တန်ဖိုးထားပါ… ရိုးသားတယ်ဆိုတာ တကယ်တော့ ‘အမှန်တရားဘက်ကလိုက်ခြင်းအပေါ်မှာ ဖြူစင်မှု ထပ်ထည့်လိုက်တာပါပဲ’
“ရိုးသားစွာနေထိုင်ခြင်းသည် ဘဝမှာ ဘယ်အချိန်ဖြစ်ဖြစ် လိပ်ပြာလုံသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်းပေးစွမ်းပါတယ်” ရိုးသားစွာဘဝကို ရှင်သန်ရပ်တည်နိုင်ခြင်းဖြင့် မိမိကိုယ်ကို တန်ဖိုးမြင့်တင့်ပါ
ချစ်ခြင်းဖြင့်
Dr.Kathryn
minglapar
ကျေးဇူပါ..ချယ်။
ကျေးဇူးပါ တီချယ်
Social media star
ပညာဒါန တတ်ချင်ပါတယ်
သင်တန်းတက်ချင်ပါတယ်ရှင့်