
“ယုံကြည်မှုမရှိဘူး”
“ယုံကြည်မှုမရှိဘူး”တဲ့…
လူအများစုပြောကြတယ်… ယုံကြည်မှုပျောက်ဆုံးတယ်.. မိမိကိုယ်ကို ယုံကြည်မှု မရှိဘူးတဲ့ …ကိုယ့်ကိုယ်ပြန်တွေးကြည့်ဘူးလား…
ဘယ်နေရာတွေမှာ Confidence လို့ခေါ်တဲ့ ယုံကြည်မှု မရှိတာလဲ… ဘယ်နေရာတွေမှာရော ယုံကြည်မှုတွေအားကြီးနေလဲဆိုတာ…ဒါကြောင့်မို့ လူတွေကို မိမိကိုယ်ကို စဥ်းစားသုံးသပ်ချိန်ပေးသင့်တယ် မိမိကိုယ်ကို ပြန်စမ်းစစ်ဖို့ အချိန်ယူရကြရတယ်…တနေ့က ကိုယ့်ကိုယ်ကို စမ်းစစ်ရင်း တွေးမိတယ်.. လူတိုင်းက နေရာတိုင်းမှာ မတော်နိုင်ဘူး… ကိုယ်မသိမတတ်တဲ့နေရာ လူတိုင်းမှာရှိတယ်… လူတွေအများစုပြောကြတဲ့ ယုံကြည်မှုဆိုတာရော… လူတစ်ယောက်က နေရာတိုင်းမှာ ယုံကြည်မှုအပြည့်မရှိနိုင်ဘူး.. ‘ကျွမ်းကျင်ရာလိမ္မာ’ ဆိုတဲ့အတိုင်း ကိုယ်ကျွမ်းကျင်တဲ့နေရာတွေမှာ ယုံကြည်မှုအပြည့်ရှိနေကြပြီး ကိုယ်မသိမတတ်တဲ့နေရာမှာ ယုံကြည်မှုအားနည်းကြတယ်…
လက်တွေ့ဘဝမှာလည်း အဲဒီလိုပဲ ကိုယ်လုပ်နေကျကိစ္စရပ်တွေ ကျွမ်းကျင်နေတဲ့ ကိစ္စတွေမှာ သတိမထားမိအောင်ယုံကြည်မှုရှိနေတတ်ကြတယ်….
“ဒီဟာဖြစ်ချင်တယ် ဟိုဟာလည်းဖြစ်ချင်တယ်” ”ယုံကြည်မှုကမရှိဘူး ဘယ်လိုလုပ်ရမလဲ” ဆို ရင် အဲဒီကိစ္စရပ်မှာ
တတ်မြောက်အောင်သင်ယူရမယ်
အကျွမ်းဝင်လာအောင်လေ့ကျင့်ရမယ်
ကျွမ်းကျင်တဲ့အထိ သင်ယူမှတ်သားရမယ်Vlog တွေ လုပ်ချင်တယ် စီးပွားရေးလုပ်ချင်တယ် Speaker လုပ်ချင်တယ်..အောင်မြင်ချင်တယ်.. ရှိသမျှ မိမိဖြစ်ချင်တဲ့ ကိစ္စရပ်တိုင်းမှာ ဘယ်လောက်ခက်ခဲနေပါစေ…တတ်မြောက်သည်အထိကြိုးစားလေ့လာသင်ယူမယ်ဆို အဲဒီအရာမှာ ကျွမ်းကျင်လာမယ်..
ကျွမ်းကျင်မှုနဲ့အတူ ယုံကြည်လာမယ်..အများစုက ကိုယ်လိုချင်တဲ့ အိပ်မက်တွေ အရာတွေကို တတ်မြောက်သည်ထိမသင်ယူကြတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုတွေ လျော့လာကြတယ်..အရာရာကို ကျွမ်းကျင်တတ်မြောက်သည်ထိသင်ယူပါ
“ယုံကြည်မှုမရှိခြင်းက သေချာ မတတ်မြောက်ခြင်း က အစပြုတယ်”…

Hello
Admin team , I ‘m already to login but I can’t access that. please, would you like to access me and thanks.
wish you all the best
Yoon Pan Chi