ကင်ချီအရသာဘယ်လိုလဲ

ကင်ချီမစားဘူးသေးရင် ကင်ချီရဲ့အရသာကိုမသိသလို

လက်ဖက်မစားဘူးသေးရင် လက်ဖက်ရဲ့အရသာကို မသိသလိုပဲ

အောင်မြင်မှုဆိုတဲ့အရာကလည်း တစ်ကြိမ်တစ်ခါမှ ရယူမထားဘူး​သေးရင် အောင်မြင်မှုရဲ့အရသာကို မသိကြဘူး…

တစ်ချို့အရာတွေက ကောင်းပါတယ်ပြောနေပေမယ့် မကြုံဘူးသေးရင် ကောင်းမှန်းမသိသလို ရယူရမှန်းလည်းမသိကြဘူး

အောင်မြင်ပြီးတဲ့သူတွေ ထပ်ခါထပ်ခါအောင်မြင်နေကြတယ်ဆိုတာ အောင်မြင်မှုရဲ့အရသာကို သိပြီး နှစ်သက်လို့ အဖန်ဖန်ကြိုးစားနေကြတာဖြစ်တယ်..

တစ်ကြိမ်ပဲ အောင်မြင်ဖို့ကြိုးစားကြည့်ပါ နောက်ထပ် အောင်မြင်မှုတွေလိုက်လာပါလိမ့်မယ်👑👑👑

ငယ်ငယ်က Kathryn ကိုယ်တိုင်စာမကြိုးစားဘူး စာကိုပုံမှန်ပဲမှတ်တယ်

(၁၀)တန်းကျမှ mid term မှာ ဂုဏ်ထူးပါတော့ အတန်းထဲမှာ ဂုဏ်ထူးမှတ်ရတဲ့သူတွေ မတ်တပ်ရပ်ပါဆိုတော့ လူ ၁၀၀ မှာ ၃ယောက်လောက်ထဲ ကိုယ်ပါနေခဲ့တယ်လေ.. အဲဒီတုန်းက ရခဲ့တဲ့ အောင်မြင်မှုအရသာလေးကို နှစ်ခြိုက်ရင်းကြိုးစားခဲ့တာ ဒီနေ့ထိပဲ..😇

တစ်ခါတစ်ရံ တစ်ချို့သူတွေ အောင်မြင်မှုဆိုတာ ဘာမှန်းမသိဘူး… ရယူရမှန်းလည်းမသိကြဘူး.. ဘာလို့ဆို တစ်ခါမှမကြုံဖူးခဲ့လို့ပဲ.. တစ်ကြိမ်တစ်ခါပဲ ​ကြိုးစားပေးပါ နောက်အလိုလိုရလာပါလိမ့်မယ်

With Love,

Kathryn💓

Leave a Comment