မျက်နှာများ နဲ့လူ
Kathryn တို့ လူတိုင်းက အမြဲတမ်း လူတစ်ဦးချင်းစီရဲ့ အကြောင်းအရာ အခြေအနေ အတွင်းစိတ်နေသဘောထားကို သေချာမသိဘဲ ပြင်ပသွင်ပြင်လက္ခဏာတွေနဲ့ပဲ မှတ်ချက်ချလေ့ရှိကြတယ်… 👀

ဥပမာ👇 ပထမပုံလေးလို (လက်ဝဲဘက်) နေပုံထိုင်ပုံမျိုးကို လူတစ်ဦးကတွေ့ခဲ့ရင် အကောင်းမြင်စိတ်ဘက်ကနေ
”မကတ်သရင်းက သဘောကောင်းတယ် ပျော်ပျော်နေတတ်တယ် ” လို့တွေးပြီး အဆိုးမြင်စိတ်ဘက်ကနေဆို ” မကတ်သရင်း အထင်ကြီးထားတာ သူ့ကြည့်ရတာ ပေါတောတောနဲ့ တော်မယ်လို့မထင်ရဘူး ဟာသပဲ” လို့လည်းတွေးတဲ့သူရှိလိမ့်မယ်
ဒုတိယပုံလေးလို👇 (လက်ယာဘက်) နေပုံထိုင်ပုံမျိုးကို လူတစ်ဦးက တွေ့ခဲ့ရင် အကောင်းမြင်စိတ်နဲ့တွေးရင် ” မကတ်သရင်းက တည်ကြည်တယ် smart ကျတယ်” တွေးတဲ့သူလည်း ရှိနိုင်သလို အဆိုးမြင်ဘက်ကကြည့်မယ်ဆို ”သူက သဘောလည်းမကောင်းဘူး စကားပြန်မပြောဘူး မဖော်ရွေးဘူး” လို့တွေးတဲ့သူတွေလည်းရှိမယ်..
အရမ်းဖော်ရွေတော့လည်း လူတွေက ငပေါလို့ ပြောကြတယ် ခပ်တည်တည်နေတော့လည်း မာနကြီးတယ်တဲ့
Kathryn တို့ လူဘယ်နှစ်ယောက်ကို အပေါ်ယံတွေကြည့်ပြီးဆုံးဖြတ်ခဲ့ပြီးပြီလဲ⁉
လူရဲ့စိတ်ခံစားချက် သွားလာရတဲ့နေရာ အခင်းကျင်း အဝတ်အစားလိုက် တချို့နေရာတွေမှာ သင့်တော်သလို နေထိုင်ပြောဆိုရတာမျိုးတွေရှိတယ်.. တစ်ခါပဲတွေ့ဖူး ဆုံးဖူးပြီး မရင်းနှီးသေချာမသိဘဲ လူတွေကို မှတ်ချက်ပေးမယ်ဆို မှားယွင်းတဲ့မှတ်ချက်တွေချည်းပါပဲ💯
လူဘယ်နှစ်ယောက်အကြောင်းကိုသေချာသိလဲ ကိုယ့်မိသားစုတွင်း မောင်နှမတွေ တစ်အိမ်တည်းနေတာတောင် ကိုယ်မသိသေးတဲ့အချက်တွေအများကြီးပဲ
ကိုယ်ကိုယ်တိုင်တောင်သေချာမသိဘဲ အပေါ်ယံမှတ်ချက်တွေရယ် အများသူငါရဲ့ အထင်တွေကို အမှန်တွေ လို့ ဘယ်တော့မှ တထစ်ချမတွေးလိုက်ပါနဲ့..❗
သေချာတာ ဘယ်သူ့အကြောင်းကိုမှ ကာယကံရှင်လောက် ကျွန်မတို့အားလုံးသေချာမသိကြပါဘူး….⤵
အပေါ်ယံမှတ်ချက်တွေကိုလည်း အချိန်ကုန်ခံ မတွေးတာပဲ ပိုအဆင်ပြေပါလိမ့်မယ်
လူတိုင်းရဲ့အကြိုက်ကိုလိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်လို့ လူတွေအကြိုက်နောက်မလိုက်ပါနဲ့ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တဲ့ မိမိရည်ရွယ်ချက်ကိုပဲ တစိုက်မတ်မတ်ကြိုးစားပါ 👑
With Love
Dr.Kathryn 💓
www.kathryntalks.com