ဝါသနာပါရာလုပ်ဖို့ စိတ်ကူးတွေ ဖြစ်လာဖို့ အတွက်

“တစ်ချို့ကပြောတယ် အချိန်မလောက်ဘူးတဲ့”

“တစ်ချို့ကပြောတယ် အရင်းမြစ်လိုအပ်ချက်တွေမပြည့်စုံဘူးတဲ့”

“တစ်ချို့ကကျ တကယ်အကောင်ထည်ဖော်ဖို့အချိန်မကျ​ရောက်သေးဘူးတဲ့”

အသစ်တစ်ခုကိုစမယ်ဆို မစခင်မှာ လူတိုင်းမှာ အဲဒီလိုအတွေးပေါင်းများစွာခေါင်းထဲမှာပြည့်နှက်နေပါတယ်..👀

ဒီအချက်တွေကို မစဥ်းစားရဘူးလို့ မဆိုလိုပါဘူး ထည့်သွင်းစဥ်းစားရမယ်.. ဒါပေမယ့်

“အချိန်မရှိဘူးသိနေရင် အချိန်ရှိအောင်လုပ်ပေးရမယ်”
“အရင်းအမြစ် မလုံလောက်တာသိနေရင် လုံလောက်လာအောင်စုဆောင်းရမယ်”
“အချိန်မကျသေးဘူးဆိုတာသိနေရင် အချိန်ကျလာရင် လုပ်ဆောင်နိုင်ဖို့ပြင်ဆင်ထားရမယ်”

အောင်မြင်သွားတဲ့သူတိုင်းက မိုက်ရူးရဲဆန်တဇွတ်ထိုးလုပ်ခဲ့ကြတာမဟုတ်ဘူး.. ကြိုတင်ပြင်ဆင်လေ့လာရင်း နေ့စဥ်အားထုတ်ခဲ့ကြတာပါ..👣

ကိုယ့်မှာ တားဆီးနေတဲ့အချက်တွေရှိရင် အဖြေရှာပါ ပြသနာကိုအရင်ရှင်းပါ..
ပြသနာကိုကျော်လွှားနိုင်ရင် အိပ်မက်နဲ့နီးလာပါပြီ အောင်မြင်မှုကြီးကြီးရဖို့က အဲဒီပြသနာသေးသေးလေးတွေကို ဖြေရှင်းခဲ့ကြရတာပါ..

အတားအဆီးတွေကို သိနေရက်နဲ့ ဆင်ခြေတွေနဲ့ပဲထားလိုက်မယ်ဆို ဘယ်တော့မှ ပျော်ရွှင်တဲ့ဘဝကိုရရှိမှာမဟုတ်ပါဘူး..

ဘယ်နေရာအားနည်းချက်ရှိတယ်.. ဘယ်လိုအရာတွေလိုအပ်နေတယ် ဆိုတာသိနေရင် ဖြည့်စည်းဖို့ကြိုးစားရမှာ မိမိတာဝန်ပါပဲ.

ကြိုးစားပါ.. ကျော်လွှားပါ.တစ်နေ့တော့နီးမှာပါ.🤝

With Love,

Kathryn

Leave a Comment