English ကို နေ့စဉ် ဘယ်လိုလေ့လာကြမလဲ

Kathryn ကို အများစုမေးမြန်းလာတဲ့ အင်္ဂလိပ်စာဘယ်လိုလေ့လာသင်ယူမလဲ??? ☝🏻☝🏻☝🏻

Kathyrn လက်တွေ့ဘယ်လိုလေ့လာလဲဆိုတာကိုမ ျှဝေချင်ပါတယ် 👩🏼‍🏫

🙋🏻‍♀️ ငယ်ငယ်ကတည်း မြန်မာအစိုးရကျောင်းကနေ ဆယ်တန်းအောင်ခဲ့ပါတယ် အင်္ဂလိပ်ကျောင်းထွက်မဟုတ်ပါဘူး ၁၀တန်းပြီးတော့လည်း မန်းလေးဆေးကျောင်းမှာ ဆရာဝန်ဘွဲ့ကိုရယူခဲ့ပါတယ် MBA ကိုလည်း မန်းလေးမြို့မှာပဲ UTCC Thai Campus မှာသင်ယူခဲ့ပါတယ် နိုင်ငံခြားမှာလည်း အကြာကြီး ပညာမသင်ယူခဲ့ပါဘူး Scholarship Program တွေရယ် workshop ရက်တိုသင်တန်းလေးတွေပဲတက်ရောက်ခဲ့ပါတယ် အင်္ဂလိပ်စာ သင်တန်းလေးတွေတော့ ငယ်စဉ်က သင်ယူခဲ့ဖူးပါတယ် 👧🏻

✍🏻 English ဆိုတာ Kathryn တို့ကို အမိဘာသာစကားမဟုတ်တဲ့သူတွေအတွက် ဒုတိယဘာသာစကားတစ်ခုပါ..

ငယ်ငယ်ကတည်းက ပတ်ဝန်ကျင်းကမြန်မာလိုပဲပြောတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အတွက် Native speaker တစ်ယောက်လိုတော့ အသံထွက် အသံနေအသံထားတွေ စာလုံးအသုံးအနှုန်းတွေအမြဲမှန်ချင်မှမှန်ပါလိမ့်မယ်

ဒီနေရာမှာ အင်္ဂလိပ်စကားမပြောရဲတဲ့သူတွေ

သမီးကသားက နားတော့လည်တယ် ပြန်မပြောရဲဘူးဆိုတဲ့သူတွေကို Kathryn ပြောချင်ပါတယ် ☝🏻ကိုယ်ကသူတို့လိုပြောနိုင်မှ ပြောထွက်မှာလား သူတို့လို မကျွမ်းရင်ရောရှက်ရမှာလား လုံးဝမဟုတ်ပါဘူး..❌

Language ဆိုတာဘာသာစကား ဘာသာစကားဆိုတာ

တကယ်တော့ Communication (ဆက်သွယ်ခြင်း)ပါ ကိုယ်ပြောတာကို သူသဘောပေါက်တယ် ကိုယ်နဲ့သူနဲ့ဆက်သွယ်လို့ရရင် အလုပ်ဖြစ်ပါတယ် နောက်ပြီး ဘာသာစကားဆိုတာလေ့လာသင်ယူလို့ရပါတယ် 😍

အဲဒီအတွက် ပထမဆုံး ဘာသာစကားအသစ်တစ်ခုကို လေ့လာမယ်ဆို 4 skills ဖြစ်တဲ့ Reading, speaking, writing , listening မှာ listening က အရင်တက်လေ့ရှိပါတယ် ဒါကြောင့်မို့နည်းလည်တယ် မပြောတတ်ဘူးဆိုတာရှိလာကြတာပါ listening ပြီးရင် speaking ကို တက်ကြပါတယ်

listening & speaking တက်ရင်ကို စပြီးဆက်သွယ်လို့ရပါတယ် နောက်မှ writing & reading ကိုကျင့်ပါ နောက်မှ Grammer ကို ကျင့်ပါ အရှေ့တောင်အာရှမှာ ထိုင်း ၊ ကန်ဘောဒီးယား ၊ လာအို၊ ဗီယက်နမ် အစရှိတဲ့ထဲမှာ မြန်မာက အသံထွက်အကောင်းဆုံးပါ ဒါကြောင့်ကြိုးစားကြည့်ပါ 🥰

ဒီနေရာမှာ အင်္ဂလိပ်ဘာသာစကားကို လေ့လာနေမှန်းသတိမထားမိအောင်ကို ပုံမှန်အေးအေးဆေးဆေး Kathryn နေ့စဉ် လေ့လာပုံကိုလိုက်လုပ်ကြည့်ပါ✍🏻✍🏻✍🏻

1️⃣ အင်္ဂလိပ်သီချင်းတွေနားထောင်ပါ

သီချင်းနားမထောင်ခင်မှာ အရင်ဆုံး စာသားကို Google ကနေရှာပြီး ဖတ်ပါ ဆိုလိုရင်းနာလည်းအောင်လုပ်ပါ မသိတဲ့စကားလုံးကို Dictionary ကနေချက်ချင်းရှာပါ သီချင်းဆိုလိုရင်းကိုနားလည်ပြီဆိုရင် သေချာနားထောင်ပါ ဆိုလိုရင်းနားလည်တဲ့အတွက် ပိုပြီးခံစားလို့လည်းကောင်းပါတယ် ပြီးရင် လိုက်ဆိုကြည့်ပါ အသံနေအသံထား အသံထွက် အနိမ့်အမြင့်မှန်လာပါလိမ့်မယ်

2️⃣ ဇာတ်ကားတွေကြည့်ရင် အင်္ဂလိပ်ကားကြည့်ပါ မကြည့်ဖြစ်ရင် အင်္ဂလိပ်စာတန်းထိုးဖြင့်ကြည့်ပါ

Kathryn ဇာတ်ကားကြည့်ရင် အမြဲ အင်္ဂလိပ်ကားပဲကြည့်ပါတယ် တတ်နိုင်ရင် အင်္ဂလိပ်ကားကိုပဲ အင်္ဂလိပ်စာတန်းထိုးကြည့်ပါတယ် ဒါဆို listening & reading နှစ်ခုလုံးပါသွားပါတယ် ဇာတ်ကားဖြစ်တဲ့အတွက် ကိုယ်နေကိုယ်ဟန်ထား အသွားအလာပါတဲ့အတွက် ဦးနှောက်က မသိတဲ့စကားလုံးရှိရင်တောင် စာကြောင်းကိုဖတ်ပြီးဘာသာပြန်တဲ့အတွက်နားလည်ပါတယ် ဇာတ်ကားကို ခက်ခဲ့တဲ့ နားလည်ရခက်တဲ့ကားတွေထက် Comedy လိုမျိုးကားတွေ Daily life ကို ရိုက်ထားတဲ့ကားတွေဆို conversation တွေကပိုနီးစပ်ပါတယ်

3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ

3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ3️⃣ Youtube ကနေ English lessons တွေ တစ်ရက်ကို ၁၅မိနစ်အနည်းဆုံးကြည့်ပြီး ပြန်ဖတ်ပါ ပြန်ပြောပါ

4️⃣ Grammer အတွက်ကတော့ မြန်မာလိုထုတ်ဝေထားတဲ့ စာအုပ်တွေဖတ်ပါ အသုံးပြုပုံတွေရှင်းပြထားတဲ့ အဖြေနှင့်တကွ exercise ပါတဲ့စာအုပ်တွေကို နေ့စဉ်လေ့ကျင့်ခန်းတစ်ခန်းပြီးအောင်လုပ်ပါ

ဒီလိုနည်းနဲ့ပဲ Kathryn နေ့စဉ်နားယဉ်အောင်လေ့ကျင့်ပေးပါတယ် ဒီလိုလေ့ကျင့်ရင်းနဲ့ပဲ မြန်မာကိုယ်စားပြု ASEAN conference တွေအပြင် Vietnam နိုင်ငံထိပါ International Speaker အဖြစ်သွားရောက်ခဲ့ပြီးပါပြီ 👑👑👑

အဓိကကတော့ ဘာသာစကားတစ်ခုက နေ့စဉ်ကြားနေတယ် လေ့လာနေတယ်ဆို အချိန်ကြာလာရင် ကျွမ်းကျင်လာတာပါပဲမရှက်ပါနဲ့ လေ့လာပါသင်ယူပါ ကျင့်ပါ ရဲရင့်စွာပြောဆိုနိုင်လာပါလိမ့်မယ်

Leave a Comment